ယူနိုက်တက် ကစားသမားဟောင်း ဘာဘာတော့ဗ်က မကြာခင်မှာ ယူနိုက်တက်ကနေ ကွင်းလယ်လူ ဗန်ဒါဘိခ် ထွက်ခွာသွားမယ်ဆိုရင် အံ့သြသင့်စရာ မဟုတ်မယ့်အကြောင်း ထုတ်ပြောလာပါတယ်။
နယ်သာလန်ပရိသတ်တွေရဲ့ အချစ်တော် ကွင်းလယ်လူဟာ ယူနိုက်တက်မှာတော့ ပွဲကစားခွင့်တွေ မရသလို အရန်ခုံမှာပဲ အချိန်ဖြုန်းနေရတာပါ။ ဒီရာသီကုန်ရင် ယူရိုပြိုင်ပွဲ ကစားရဖို့ ရှိနေတာကြောင့် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်အတွက် ကွင်းလယ်လူဟာ ဇန်နဝါရီမှာတင် အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ဘာဘာတော့ဗ်က မြင်ပါတယ်။
ဘာဘာတော့ဗ်က “ ဗန်ဒါဘိခ်နဲ့ ပတ်သက်ပြီး ဘာတွေဖြစ်နေလဲ ကျွန်တော်မသိဘူး။ ကစားသမားတစ်ယောက်အနေနဲ့ သူ့ကို ကြိုက်သလို သူက အေဂျက်နဲ့ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး လုပ်ပေးခဲ့ပေမယ့် အခု သူက ယူနိုက်တက်မှာ ပွဲထွက်ခွင့်တောင် မရတော့ဘူး။
ကွင်းထဲမှာ သူရတဲ့ ကစားချိန် အနည်းငယ်နဲ့ သူ့ကို ဝေဖန်သုံးသပ်ဖို့ မလုံလောက်ပါဘူး။ သူ့ကို ယုံကြည်မှုပေးဖို့ ကစားချိန်တွေ ပေးဖို့ လိုတယ်။ အခုချိန်မှာ သူ့ရဲ့ ယုံကြည်မှုက မြင့်မားမနေသလို ပွဲကစားခွင့်တွေ မရတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီးတော့ မေးခွန်းထုတ်တတ်လာတယ်။
သူ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စဉ်းစားမယ်ဆိုရင် ကျွန်တော် အံ့ဩမှာမဟုတ်ဘူး။ ဘယ်သူမှ သူ့ကို အပြစ်တင်မှာ မဟုတ်ပါဘူး။ သူရနေတဲ့ ကစားချိန်က သူ့အတွက် လိဂ်အသစ်မှာ အသားကျဖို့၊ ယုံကြည်မှု တည်ဆောက်ဖို့ မလုံလောက်ဘူး။
သူက နည်းပြရဲ့ တံခါးကို သွားခေါက်ပြီး ‘ဘာတွေဖြစ်နေတာလဲ’လို့ သွားမေးသင့်တယ်။ ဘာလို့ သူမကစားရတာလဲ၊ အခြေအနေတိုးတက်ဖို့ သူဘာလုပ်နိုင်လဲဆိုတာ မေးရမယ်။ သူရလာတဲ့ အဖြေပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်ပြီးတော့ လိုအပ်တာကို လုပ်ရပါမယ်။
သူက ၂၃ နှစ် ပဲရှိသေးတာကြောင့် အများကြီး လုပ်ပြနိုင်သေးတယ်။ သူလည်း အချိန်ဖြုန်းချင်မှာ မဟုတ်ဘူး။ ဒါက ကစားသမားအတွက် စိတ်ကျေနပ်စရာ မကောင်းတဲ့ အခြေအနေတစ်ခုဖြစ်ပြီး မကြာခင် ဒါကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုသွားပါတယ်။

ZAWGYI – ယူႏုိက္တက္ ကစားသမားေဟာင္း ဘာဘာေတာ့ဗ္က မၾကာခင္မွာ ယူႏုိက္တက္ကေန ကြင္းလယ္လူ ဗန္ဒါဘိခ္ ထြက္ခြာသြားမယ္ဆိုရင္ အံ့ၾသသင့္စရာ မဟုတ္မယ့္အေၾကာင္း ထုတ္ေျပာလာပါတယ္။
နယ္သာလန္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကြင္းလယ္လူဟာ ယူႏုိက္တက္မွာေတာ့ ပြဲကစားခြင့္ေတြ မရသလို အရန္ခံုမွာပဲ အခ်ိန္ျဖဳန္းေနရတာပါ။ ဒီရာသီကုန္ရင္ ယူရိုျပိဳင္ပြဲ ကစားရဖို႔ ရွိေနတာေၾကာင့္ လက္ေရြးစင္အသင္းမွာ ပါဝင္ခြင့္အတြက္ ကြင္းလယ္လူဟာ ဇန္နဝါရီမွာတင္ အသင္းကေန ထြက္ခြာသြားႏုိင္တယ္လို႔ ဘာဘာေတာ့ဗ္က ျမင္ပါတယ္။
ဘာဘာေတာ့ဗ္က “ ဗန္ဒါဘိခ္နဲ႔ ပတ္သက္ၿပီး ဘာေတြျဖစ္ေနလဲ ကြၽန္ေတာ္မသိဘူး။ ကစားသမားတစ္ေယာက္အေနနဲ႔ သူ႔ကို ႀကိဳက္သလို သူက ေအဂ်က္နဲ႔ လက္ေရြးစင္အသင္းအတြက္ အေကာင္းဆံုး လုပ္ေပးခဲ့ေပမယ့္ အခု သူက ယူႏိုက္တက္မွာ ပြဲထြက္ခြင့္ေတာင္ မရေတာ့ဘူး။
ကြင္းထဲမွာ သူရတဲ့ ကစားခ်ိန္ အနည္းငယ္နဲ႔ သူ႔ကို ေဝဖန္သုံးသပ္ဖို႔ မလုံေလာက္ပါဘူး။ သူ႔ကို ယုံၾကည္မႈေပးဖို႔ ကစားခ်ိန္ေတြ ေပးဖို႔ လိုတယ္။ အခုခ်ိန္မွာ သူ႔ရဲ႕ ယုံၾကည္မႈက ျမင့္မားမေနသလို ပြဲကစားခြင့္ေတြ မရတဲ့အခါ ကိုယ့္ကိုယ္ကို အျပစ္တင္ၿပီးေတာ့ ေမးခြန္းထုတ္တတ္လာတယ္။
သူ ယူႏုိက္တက္ကေန ထြက္ခြာဖို႔ စဥ္းစားမယ္ဆိုရင္ ကြၽန္ေတာ္ အံ့ဩမွာမဟုတ္ဘူး။ ဘယ္သူမွ သူ႔ကို အျပစ္တင္မွာ မဟုတ္ပါဘူး။ သူရေနတဲ့ ကစားခ်ိန္က သူ႔အတြက္ လိဂ္အသစ္မွာ အသားက်ဖို႔၊ ယုံၾကည္မႈ တည္ေဆာက္ဖို႔ မလုံေလာက္ဘူး။
သူက နည္းျပရဲ႕ တံခါးကို သြားေခါက္ၿပီး ‘ဘာေတြျဖစ္ေနတာလဲ’လို႔ သြားေမးသင့္တယ္။ ဘာလို႔ သူမကစားရတာလဲ၊ အေျခအေနတိုးတက္ဖို႔ သူဘာလုပ္ႏိုင္လဲဆိုတာ ေမးရမယ္။ သူရလာတဲ့ အေျဖေပၚ မူတည္ၿပီး စဥ္းစားဆုံးျဖတ္ၿပီးေတာ့ လိုအပ္တာကို လုပ္ရပါမယ္။
သူက ၂၃ ႏွစ္ ပဲရွိေသးတာေၾကာင့္ အမ်ားႀကီး လုပ္ျပႏိုင္ေသးတယ္။ သူလည္း အခ်ိန္ျဖဳန္းခ်င္မွာ မဟုတ္ဘူး။ ဒါက ကစားသမားအတြက္ စိတ္ေက်နပ္စရာ မေကာင္းတဲ့ အေျခအေနတစ္ခုျဖစ္ၿပီး မၾကာခင္ ဒါကို ေျဖရွင္းႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာဆိုသြားပါတယ္။
