ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (09/01/21)

တင်မိုသီ ဖိုဆူမန်ဆာရဲ့ စာချုပ်ဟာ ရာသီကုန်မှာ သက်တမ်းကုန်မှာဖြစ်သလို ၎င်းအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် ဇန်နဝါရီမှာ သူ့ကို အပြီးသတ် ထွက်ခွာခွင့် ပေးမှာဖြစ်ကြောင်း နည်းပြဆိုးရှားက အတည်ပြုပြောကြားခဲ့ပါတယ်။

မနှစ်က ကလပ်ရဲ့ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ မာရှယ်ဟာ ဒီနှစ်မှာ အလားတူ အစွမ်းပြဖို့ ကျရှုံးခဲ့ပြီး ၁၉ ပွဲမှာ ၅ ဂိုးသာ သွင်းယူ ထားနိုင်ခဲ့တဲ့နောက် ဆိုးရှားဟာ အားကိုးရတဲ့ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူပြီး သူ့နေရာမှာအစားထိုးဖို့ အလိုရှိနေပါတယ်။

ဗန်ဒီဘိခ်ကို ကစားခွင့်မပေးတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် ဆိုးရှားကတော့ ကစားသမားသစ်ဟာ အထိုင်ကျဖို့ အနည်းငယ် အချိန် ယူရတယ် လို့ ဆိုပြီး ကလပ်က သူ့ကို တန်ဖိုးထားသလို မနက်ဖြန် ဝက်ဖို့ဒ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ပေးမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ရီးရဲလ်နဲ့ စာချုပ် ၆လသာ ကျန်တော့တဲ့ လူးကပ် ဗက်စ်ကွက် ဟာ နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာနိုင်ဖွယ်ရှိသလို ယူနိုက်တက်က သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး လိဒ်စ်ကလဲ စိတ်ဝင်စားလာတာကြောင့် အပြိုင်အဆိုင်တွေ ရှိလာဦးမှာဖြစ်ပါတယ်။

ဝီဖရိုင်း ဇာဟာ က ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တုန်းက သူ့ရဲ့ ကစားပုံကို ပြောင်းလဲခဲ့တဲ့အပေါ် နောင်တရကြောင်း ဝန်ခံခဲ့ပြီး အဲ့ဒီ့ အပြောင်းအလဲကြောင့် မိုယက်စ်လက်အောက်မှာ သူ့ရဲ့ အရည်အသွေးတွေကို မဖော်ထုတ်ပြနိုင်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာမက် ဒီရယ်လို ဟာ ရက်ရှ်ဖို့ဒ်ရဲ့ ကျောနံပါတ်ဟောင်း ဖြစ်တဲ့ နံပါတ်၁၉ကို ဝတ်ဆင်မှာ ဖြစ်ကြောင်း အတည်ပြုခဲ့တဲ့နောက် အဲ့ဒါက သူ့အတွက် ကံကောင်းခြင်းများစွာ ယူဆောင်လာပေးဖို့ မျှော်လင့်ကြောင်း ရက်ရှ်ဖို့ဒ်က ဆုတောင်းစကား ဆိုခဲ့ပါတယ်။

Zawgyi – တင္မိုသီ ဖိုဆူမန္ဆာရဲ႕ စာခ်ဳပ္ဟာ ရာသီကုန္မွာ သက္တမ္းကုန္မွာျဖစ္သလို ၎အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ ရရင္ ဇန္နဝါရီမွာ သူ႔ကို အၿပီးသတ္ ထြက္ခြာခြင့္ ေပးမွာျဖစ္ေၾကာင္း နည္းျပဆိုးရွားက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

မႏွစ္က ကလပ္ရဲ႕ အေကာင္းဆုံး ကစားသမားဆုရခဲ့တဲ့ မာရွယ္ဟာ ဒီႏွစ္မွာ အလားတူ အစြမ္းျပဖို႔ က်ရႈံးခဲ့ၿပီး ၁၉ ပြဲမွာ ၅ ဂိုးသာ သြင္းယူ ထားႏိုင္ခဲ့တဲ့ေနာက္ ဆိုးရွားဟာ အားကိုးရတဲ့ တိုက္စစ္မႉး ဟာလန္းကို ေခၚယူၿပီး သူ႔ေနရာမွာအစားထိုးဖို႔ အလိုရွိေနပါတယ္။

ဗန္ဒီဘိခ္ကို ကစားခြင့္မေပးတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနေပမယ့္ ဆိုးရွားကေတာ့ ကစားသမားသစ္ဟာ အထိုင္က်ဖို႔ အနည္းငယ္ အခ်ိန္ ယူရတယ္ လို႔ ဆိုၿပီး ကလပ္က သူ႔ကို တန္ဖိုးထားသလို မနက္ျဖန္ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ပြဲထြက္ခြင့္ေပးမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ရီးရဲလ္နဲ႔ စာခ်ဳပ္ ၆လသာ က်န္ေတာ့တဲ့ လူးကပ္ ဗက္စ္ကြက္ ဟာ ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာႏိုင္ဖြယ္ရွိသလို ယူႏိုက္တက္က သူ႔ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး လိဒ္စ္ကလဲ စိတ္ဝင္စားလာတာေၾကာင့္ အၿပိဳင္အဆိုင္ေတြ ရွိလာဦးမွာျဖစ္ပါတယ္။

ဝီဖ႐ိုင္း ဇာဟာ က ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တုန္းက သူ႔ရဲ႕ ကစားပုံကို ေျပာင္းလဲခဲ့တဲ့အေပၚ ေနာင္တရေၾကာင္း ဝန္ခံခဲ့ၿပီး အဲ့ဒီ့ အေျပာင္းအလဲေၾကာင့္ မိုယက္စ္လက္ေအာက္မွာ သူ႔ရဲ႕ အရည္အေသြးေတြကို မေဖာ္ထုတ္ျပႏိုင္ခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အာမက္ ဒီရယ္လို ဟာ ရက္ရွ္ဖို႔ဒ္ရဲ႕ ေက်ာနံပါတ္ေဟာင္း ျဖစ္တဲ့ နံပါတ္၁၉ကို ဝတ္ဆင္မွာ ျဖစ္ေၾကာင္း အတည္ျပဳခဲ့တဲ့ေနာက္ အဲ့ဒါက သူ႔အတြက္ ကံေကာင္းျခင္းမ်ားစြာ ယူေဆာင္လာေပးဖို႔ ေမွ်ာ္လင့္ေၾကာင္း ရက္ရွ္ဖို႔ဒ္က ဆုေတာင္းစကား ဆိုခဲ့ပါတယ္။