ဒီလထဲ ယူနိုက်တက် ထုတ်ရောင်းမယ့် ကစားသမား နှစ်ဦး အမည်တပ် ပြောသွားတဲ့ ဆိုးရှား
ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ မားကို့စ် ရိုဂျိုနဲ့ ဆာဂျီယို ရိုမဲရိုး တို့ကို ရောင်းချဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ထို ကစားသမား နှစ်ဦးလုံးကလည်း ရာသီကုန်မှာ စာချုပ်ကုန်မှာ ဖြစ်ပြီး စာချုပ်သစ် သက်တမ်းတိုးမှာ မဟုတ်တော့တဲ့သူတွေ ဖြစ်ပါတယ်။ ၎င်းတို့ နှစ်ဦးလုံးက ယူနိုက်တက် အတွက် ဒီရာသီ တစ်ပွဲမှ မကစားထားသလို ခရစ္စမတ် ကာလထဲက အာဂျင်တီးနား ပြန်ဖို့ ခွင့်ပြုထားခဲ့ပြီးသူတွေပါ။
ယူနိုက်တက်ဟာ အောက်တိုဘာလထဲ အပြောင်းအရွှေ့ ပိတ်ရမှာတော့ ရိုမဲရိုးကို အဲဗာတန်သို့ မပြောင်းအောင် ပိတ်ပင်ခဲ့ပြီး တားဆီးခဲ့ပါတယ်။ ရိုဂျိုကတော့ ပြီးခဲ့တဲ့ရာသီက Estudiantes မှာ အငှားသွားရောက် ကစားခဲ့ပြီး ဒီအပတ်ထဲမှာ ဘိုကာဂျူနီယာ အသင်း ချိတ်ဆက်မှုတွေ ရှိထားပါတယ်။
အက်ဖ်အေဖလား ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဆိုးရှားက – ” ရိုဂျိုနဲ့ ရိုမဲရိုး နှစ်ယောက်လုံး စာချုပ်က နွေထိပဲ ကျန်တော့တာပါ နှစ်ယောက်လုံးကလည်း စာချုပ်သစ် ထပ် မတိုးတော့ဘူး။ ဒီတော့ သူတို့အတွက် ကလပ်အသင်းသစ်တွေ ကျနေ်ာတို့ ရှာဖွေနေပါတယ်။ မားကို့စ် (ရိုဂျို) ကို အိမ်ပြန်ခွင့်ပြုထားတာ ဖြစ်လို့ သူက အခု အာဂျင်တီးနားမှာ ရှိနေပါတယ်။
ဆာဂျီယို (ရိုမဲရိုး)ကလည်း အိမ်ပြြန်ပီး မိသားစုကို သွားတွေ့သေးတယ်။ အခုတော့ ပြန်ရောက်နေပါတယ်။ သူတို့က ပရော်ဖက်ရှင်နယ်တွေပါ။ အလုပ်လည်း ကြိုးစားကြတယ်။ ကျနေ်ာတို့ ခေါ်ကစားတာနဲ့ ဝင်ဖို့လည်း အသင့်ပြင်ထားကြသူတွေ ဖြစ်တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ လက်ရှိ ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလမှာ မားကို့စ် ရိုဂျိုနဲ့ ဆာဂျီယို ရိုမဲရိုး တို့ကို ရောင်းချဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။