ဝက်စ်ဟမ်းနဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမား ဒီကလန်ရိုက်စ်က ပရီးမီးယားလိဂ်မှာ သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲက မန်ချက်စတာ ယူနိုက်တက် သွားမယ့်အစား အသင်းဟောင်း ချယ်ဆီးကိုပဲ ပြန်သွားမယ်လို့ သူ့ သူငယ်ချင်းတွေထံ ဖွင့်ဟပြောဆိုခဲ့တာ ပေါက်ကြားလာပါတယ်။
ချယ်ဆီး အကယ်ဒမီထွက် ကစားသမား ရိုက်စ်ဟာ ဝက်စ်ဟမ်း စီနီယာ အသင်းကြီးအတွက် ၂၀၁၇ မှာ ပွဲထွက် စတင် ကစားခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၁၂၈ ပွဲ လန်ဒန်ကလပ်အတွက် ကစားထားခဲ့ကာ ဒီနှစ်တွေ အတွင်း ဝက်စ်ဟမ်းရဲ့ အရေးကြီး ကစားသမား ဖြစ်လာခဲ့ပါတယ်။
အသက် ၂၁ နှစ် အရွယ် ကစားသမားရဲ့ ထူးချွန်မှုတွေကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကလည်း ၂၀၁၉ မှာ ခေါ်ယူခဲ့ကာ နိုင်ငံ အသင်းအတွက် ရိုက်စ်က ၁၃ ပွဲ ပါဝင်ကစားပြီး ဖြစ်ပါတယ်။ ၎င်းကို ခေါ်ယူဖို့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့က စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်းကလည်း ရိုက်စ်ကို လက်လွှတ်ရမှာ စိုးရွံ့နေပါတယ်။
ရိုက်စ်ဟာ အရှေ့လန်ဒန်ကလပ်ကနေ ထွက်ခွာရမယ် ဆိုရင်လည်း သူ အသက် ၁၆ နှစ်မှာ စွန့်ခွာခဲ့ရတဲ့ စတန်းဖို့ဘရစ်ချ်ပဲ ပြန်သွားလိုတဲ့ ဆန္ဒ ရှိနေပါတယ်။ အဲဒီ အကြောင်းကို သူ့သူငယ်ချင်းတွေထံ ရိုက်စ်က ရင်ဖွင့်ခဲ့ကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ထုတ်ခဲ့တာပါ။
ဒီကလန် ရိုက်စ်က ချယ်ဆီးမှာ သူ့အနေနဲ့ လုပ်ဆောင်စရာတွေ ကျန်သေးတယ်လို့ ခံစားနေရပြီး အင်္ဂလန်သား အသင်းဖော် မေဆန်မောင့်နဲ့ လည်း အတူ ကလပ်အသင်းမှာ တွဲ ကစားလိုနေပါတယ်။
ဝက်စ်ဟမ်းကတော့ ဒီကလန်ရိုက်စ်ကို လက်မလွှတ်လိုသော်လည်း ချန်ပီယံလိဂ် ကစားချင်တဲ့ အသင်းသားကို ရောင်းရမယ် ဆိုရင် ပေါင် သန်း ၈၀ ထိ တောင်းဆိုဖို့ ဈေးသတ်မှတ်ထားပါတယ်။
Zawgyi – ၀က္စ္ဟမ္းနဲ႕ အဂၤလန္ ၾကယ္ပြင့္ ကစားသမား ဒီကလန္ရိုက္စ္က ပရီးမီးယားလိဂ္မွာ သူ႔ကို အလိုရွိေနတဲ့ အသင္းေတြထဲက မန္ခ်က္စတာ ယူနိုက္တက္ သြားမယ့္အစား အသင္းေဟာင္း ခ်ယ္ဆီးကိုပဲ ျပန္သြားမယ္လို႔ သူ႔ သူငယ္ခ်င္းေတြထံ ဖြင့္ဟေျပာဆုိခဲ့တာ ေပါက္ၾကားလာပါတယ္။
ခ်ယ္ဆီး အကယ္ဒမီထြက္ ကစားသမား ရိုက္စ္ဟာ ၀က္စ္ဟမ္း စီနီယာ အသင္းၾကီးအတြက္ ၂၀၁၇ မွာ ပြဲထြက္ စတင္ ကစားခဲ့တာ ျဖစ္ျပီး ပြဲေပါင္း ၁၂၈ ပြဲ လန္ဒန္ကလပ္အတြက္ ကစားထားခဲ့ကာ ဒီနွစ္ေတြ အတြင္း ၀က္စ္ဟမ္းရဲ႕ အေရးၾကီး ကစားသမား ျဖစ္လာခဲ့ပါတယ္။
အသက္ ၂၁ နွစ္ အရြယ္ ကစားသမားရဲ႕ ထူးခၽြန္မႈေတြေၾကာင့္ အဂၤလန္ လက္ေရြးစင္ အသင္းကလည္း ၂၀၁၉ မွာ ေခၚယူခဲ့ကာ နုိင္ငံ အသင္းအတြက္ ရိုက္စ္က ၁၃ ပြဲ ပါ၀င္ကစားျပီး ျဖစ္ပါတယ္။ ၄င္းကို ေခၚယူဖို႔ ခ်ယ္ဆီးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ တို႔က စိတ္၀င္စားေနျပီး ၀က္စ္ဟမ္းကလည္း ရိုက္စ္ကို လက္လႊတ္ရမွာ စိုးရြံ႕ေနပါတယ္။
ရိုက္စ္ဟာ အေရွ႕လန္ဒန္ကလပ္ကေန ထြက္ခြာရမယ္ ဆိုရင္လည္း သူ အသက္ ၁၆ နွစ္မွာ စြန္႔ခြာခဲ့ရတဲ့ စတန္းဖို႔ဘရစ္ခ်္ပဲ ျပန္သြားလိုတဲ့ ဆႏၵ ရွိေနပါတယ္။ အဲဒီ အေၾကာင္းကို သူ႔သူငယ္ခ်င္းေတြထံ ရိုက္စ္က ရင္ဖြင့္ခဲ့ေၾကာင္း အဂၤလန္ သတင္းဌာနေတြက ေဖာ္ထုတ္ခဲ့တာပါ။
ဒီကလန္ ရိုက္စ္က ခ်ယ္ဆီးမွာ သူ႔အေနနဲ႕ လုပ္ေဆာင္စရာေတြ က်န္ေသးတယ္လို႔ ခံစားေနရျပီး အဂၤလန္သား အသင္းေဖာ္ ေမဆန္ေမာင့္နဲ႕ လည္း အတူ ကလပ္အသင္းမွာ တြဲ ကစားလိုေနပါတယ္။
၀က္စ္ဟမ္းကေတာ့ ဒီကလန္ရိုက္စ္ကို လက္မလႊတ္လိုေသာ္လည္း ခ်န္ပီယံလိဂ္ ကစားခ်င္တဲ့ အသင္းသားကို ေရာင္းရမယ္ ဆိုရင္ ေပါင္ သန္း ၈၀ ထိ ေတာင္းဆိုဖို႔ ေစ်းသတ္မွတ္ထားပါတယ္။