ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (12/01/21)

ချယ်ဆီးမှာ ကစားချိန် ကန့်သတ်ခံခဲ့ရတဲ့ တိုမိုရီဟာ ဒီလအတွင်း စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ယာယီထွက်ခွာနိုင်ခြေရှိတယ်လို့ နည်းပြ လမ်းပတ်က ဝန်ခံခဲ့သလို အေစီမီလန်က အဆိုပါနောက်ခံလူကို အငှားခေါ်ယူဖို့ ချယ်ဆီးထံ ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ရေး ပြိုင်ဆိုင်မှုမှာ ယူနိုက်တက်က အခိုင်အမာ ပါဝင်နေပေမယ့်လဲ ဝက်စ်ဟမ်းကွင်းလယ်လူက နွေရာသီမှာ အသင်းပြောင်းရွှေ့ချင်တယ်ဆိုရင် ချယ်ဆီးကို ရွေးချယ်လိမ့်မယ်လို့ ရီယိုဖာဒီနန်က ယုံကြည်နေပါတယ်။

မေဆွန်မောင့်ဟာ နံပါတ်၈ အနေနဲ့ အနည်းငယ် အနောက်ဆင်း ကစားရပေမယ့်လဲ သူ့ရဲ့ သွင်းဂိုးတွေက တိုးတက်လာနိုင်တယ်လို့ လမ်းပတ်က ယုံကြည်နေပြီး ပွဲအများကြီး ကစားရတာက သူ့ရဲ့ တိုးတက်မှုအတွက်အကူအညီဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

တူရကီ ဆယ်ကျော်သက် ကစားသမား အလီ အက်မန်ဟာ ဒီရာသီ ဘာဆက်ပေါ် အသင်းအတွက် ၁၆ ပွဲမှာ ၉ ဂိုးသွင်းယူခဲ့ပြီး အထင်ကြီးစရာ ခြေစွမ်းပြခဲ့တဲ့နောက် ချယ်ဆီးနဲ့အာဆင်နယ်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်ချဉ်းကပ်နေကြပါတယ်။

အသင်းလူစာရင်းမှာ နံပါတ် ၈ နှစ်ယောက်ထား ကစားတာက သူတို့ရဲ့ အကောင်းဆုံးပုံစံကို ရရှိစေဖို့ ကူညီပေးလိမ့်မယ်လို့ လမ်းပတ်က ယုံကြည်နေ သလို ဒီကစားကွက်ဟာ တိုက်စစ်မှာပိုပြီး အန္တရာယ်ပေးနိုင်စေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လမ်းပတ်ဟာ မိုရီကမ်ဘီနဲ့ပွဲမှာ အထင်ကြီးစရာ လုပ်ပြခဲ့တဲ့ အကယ်ဒမီထွက်တွေဖြစ်တဲ့ ကော်လမ်ဟဒ်ဆန်အိုဒွိုင်းနဲ့ ဘီလီဂေလ်မာတို့ကို ချီးကျူးခဲ့ပြီး သူ့အနေနဲ့ ဒီနှစ်မှာ သူတို့နှစ်ယောက်ကို ပွဲတွေမှာ ပိုပြီးကစားချိန်ပေးချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အက်ဖ်အေဖလား စတုတ္ထအဆင့်အတွက် မဲခွဲပွဲမှာ ချယ်ဆီးဟာ လူတန်တောင်းနဲ့ မဲကျခဲ့ပြီးနောက် အနည်းငယ်သာ အခက်အခဲရှိမယ့် ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ဖို့ အလားအလာကောင်းတွေရှိနေပါတယ်။

အသင်းလေ့ကျင့်ရေးတွေ မှာကိုင်ဟားဗတ်ဆီကနေ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုမိုတိုးတက်လာတာကို မြင်ခဲ့ရတဲ့နောက် ဒါက သူ့ရဲ့ နည်းစနစ်ပိုင်း စွမ်းဆောင်ရည်တွေမှာ အကူအညီဖြစ်စေလိမ့်မယ်လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးမွာ ကစားခ်ိန္ ကန႔္သတ္ခံခဲ့ရတဲ့ တိုမိုရီဟာ ဒီလအတြင္း စတန္းဖို႔ဒ္ဘရစ္ခ္်ကေန ယာယီထြက္ခြာႏိုင္ေျခရွိတယ္လို႔ နည္းျပ လမ္းပတ္က ဝန္ခံခဲ့သလို ေအစီမီလန္က အဆိုပါေနာက္ခံလူကို အငွားေခၚယူဖို႔ ခ်ယ္ဆီးထံ ခ်ဥ္းကပ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီကလန္႐ိုက္စ္ကို ေခၚယူႏိုင္ေရး ၿပိဳင္ဆိုင္မႈမွာ ယူႏိုက္တက္က အခိုင္အမာ ပါဝင္ေနေပမယ့္လဲ ဝက္စ္ဟမ္းကြင္းလယ္လူက ေႏြရာသီမွာ အသင္းေျပာင္းေ႐ႊ႕ခ်င္တယ္ဆိုရင္ ခ်ယ္ဆီးကို ေ႐ြးခ်ယ္လိမ့္မယ္လို႔ ရီယိုဖာဒီနန္က ယုံၾကည္ေနပါတယ္။

ေမဆြန္ေမာင့္ဟာ နံပါတ္ ၈ အေနနဲ႔ အနည္းငယ္ အေနာက္ဆင္း ကစားရေပမယ့္လဲ သူ႔ရဲ႕ သြင္းဂိုးေတြက တိုးတက္လာႏိုင္တယ္လို႔ လမ္းပတ္က ယုံၾကည္ေနၿပီး ပြဲအမ်ားႀကီး ကစားရတာက သူ႔ရဲ႕ တိုးတက္မႈအတြက္ အကူအညီျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

တူရကီ ဆယ္ေက်ာ္သက္ ကစားသမား အလီ အက္မန္ဟာ ဒီရာသီ ဘာဆက္ေပၚ အသင္းအတြက္ ၁၆ ပြဲမွာ ၉ ဂိုးသြင္းယူခဲ့ၿပီး အထင္ႀကီးစရာ ေျခစြမ္းျပခဲ့တဲ့ေနာက္ ခ်ယ္ဆီးနဲ႔အာဆင္နယ္တို႔က သူ႔ကို ေခၚယူဖို႔ အၿပိဳင္ခ်ဥ္းကပ္ေနၾကပါတယ္။

အသင္းလူစာရင္းမွာ နံပါတ္ ၈ ႏွစ္ေယာက္ထား ကစားတာက သူတို႔ရဲ႕ အေကာင္းဆုံးပုံစံကို ရရွိေစဖို႔ ကူညီေပးလိမ့္မယ္လို႔ လမ္းပတ္က ယုံၾကည္ေန သလို ဒီကစားကြက္ဟာ တိုက္စစ္မွာပိုၿပီး အႏၲရာယ္ေပးႏိုင္ေစလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ဟာ မိုရီကမ္ဘီနဲ႔ပြဲမွာ အထင္ႀကီးစရာ လုပ္ျပခဲ့တဲ့ အကယ္ဒမီထြက္ေတြျဖစ္တဲ့ ေကာ္လမ္ဟဒ္ဆန္အိုဒြိဳင္းနဲ႔ ဘီလီေဂလ္မာတို႔ကို ခ်ီးက်ဴးခဲ့ၿပီး သူ႔အေနနဲ႔ ဒီႏွစ္မွာ သူတို႔ႏွစ္ေယာက္ကို ပြဲေတြမွာ ပိုၿပီးကစားခ်ိန္ေပးခ်င္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အက္ဖ္ေအဖလား စတုတၳအဆင့္အတြက္ မဲခြဲပြဲမွာ ခ်ယ္ဆီးဟာ လူတန္ေတာင္းနဲ႔ မဲက်ခဲ့ၿပီးေနာက္ အနည္းငယ္သာ အခက္အခဲရွိမယ့္ ၿပိဳင္ဘက္ကို ေက်ာ္ျဖတ္ၿပီး ပၪၥမအဆင့္ကို တက္လွမ္းႏိုင္ဖို႔ အလားအလာေကာင္းေတြရွိေနပါတယ္။

အသင္းေလ့က်င့္ေရးေတြ မွာကိုင္ဟားဗတ္ဆီကေန ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈ ပိုမိုတိုးတက္လာတာကို ျမင္ခဲ့ရတဲ့ေနာက္ ဒါက သူ႔ရဲ႕ နည္းစနစ္ပိုင္း စြမ္းေဆာင္ရည္ေတြမွာ အကူအညီျဖစ္ေစလိမ့္မယ္လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။