ဒီရာသီမှာ အဝါကဒ် ၄ ကြိမ် ရခဲ့ပြီးဖြစ်တဲ့ မက်ဂွဲရားဟာ ဘန်လေနဲ့ပွဲမှာ နောက်တစ်ကြိမ် ထပ်ရရင် လီဗာပူးနဲ့ပွဲမှာ ပွဲပယ်ခံရမှာဖြစ်တာကြောင့် စိုးရိမ်စရာရှိပေမယ့်လဲ ဆိုးရှားကတော့ သူ့ကို ဘန်လေနဲ့ပွဲမှာ သေချာပေါက် ပွဲထွက်ခိုင်းမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားဟာ စိတ်လှုပ်ရှားဖွယ်ရာ လူငယ် ကစားသမားကောင်းတွေကို အခြေတည်ပြီး အသင်းအား ပြောင်းလဲ နေတာကြောင့် အမှတ်ပေးဖလား ကို ပုံမှန် စိန်ခေါ်တဲ့ အသင်း တစ်သင်း ဖြစ်လာမယ်လို့ ချက်ဒ်ဝပ်က ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ဘန်လေနဲ့ ပွဲပြီး ကစားမယ့် လီဗာပူးနဲ့ ပွဲမှာ ညာစွန် ခံစစ်ခြမ်းကို ပိုပြီး အားပြု ထိုးဖောက်ဖွယ် ရှိကြောင်း လီဗာပူး တိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်ချ်က သုံးသပ်သွားခဲ့ပါတယ်။
အဲဒရစ်ချ်ကပဲ ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ်သာ မပါရင် သာမန် အသင်းတစ်သင်းသာ ဖြစ်ပြီး လီဗာပူးကသာ ပိုကောင်းတဲ့ အသင်း ဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ လီဗာပူး ပွဲကို ကိုင်တွယ်မယ့် ဒိုင်လူကြီးက ပေါလ် တိုင်ယာနေး ဖြစ်တယ်လို့ သိရပြီး ၎င်းက ယာဂင်ကလော့ပ်နဲ့ အဖုအထစ် ရှိကာ စကားအခြေတင် ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆာအဲလက်စ် အနားယူပြီးတည်းက ၈ နှစ်တာ ဝေးကွာနေတဲ့ အမှတ်ပေးဖလား ကို ဒီရာသီမှာ ပြန်ယူဖို့ အခွင့်ကောင်း ရှိနေတာကို လက်လွှတ်မခံကြဖို့ ဂိုးသမား ဒီဂီယာက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ဒီရာသီမှာ အဝါကဒ် ၄ ကြိမ် ရခဲ့ပြီးဖြစ်တဲ့ မက်ဂွဲရားဟာ ဘန်လေနဲ့ပွဲမှာ နောက်တစ်ကြိမ် ထပ်ရရင် လီဗာပူးနဲ့ပွဲမှာ ပွဲပယ်ခံရမှာဖြစ်တာကြောင့် စိုးရိမ်စရာရှိပေမယ့်လဲ ဆိုးရှားကတော့ သူ့ကို ဘန်လေနဲ့ပွဲမှာ သေချာပေါက် ပွဲထွက်ခိုင်းမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဘန်လေနဲ့ ပွဲပြီး ကစားမယ့် လီဗာပူးနဲ့ ပွဲမှာ ညာစွန် ခံစစ်ခြမ်းကို ပိုပြီး အားပြု ထိုးဖောက်ဖွယ် ရှိကြောင်း လီဗာပူး တိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်ခ်ျက သုံးသပ်သွားခဲ့ပါတယ်။
အဲဒရစ်ခ်ျကပဲ ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ်သာ မပါရင် သာမန် အသင်းတစ်သင်းသာ ဖြစ်ပြီး လီဗာပူးကသာ ပိုကောင်းတဲ့ အသင်း ဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ လီဗာပူး ပွဲကို ကိုင်တွယ်မယ့် ဒိုင်လူကြီးက ပေါလ် တိုင်ယာနေး ဖြစ်တယ်လို့ သိရပြီး ၄င်းက ယာဂင်ကလော့ပ်နဲ့ အဖုအထစ် ရှိကာ စကားအခြေတင် ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။
