ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (13/01/21)

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ဘန်လေကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပေါ့ဘာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁ နေရာ သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

ဘန်လေကို အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ဖလားပြိုင်ပွဲမှာ စစ်မှန်တဲ့ အင်အားတစ်ခု ဖြစ်ခဲ့တယ်လို့ နီမန်ဂျာ မာတစ်က ပြောဆိုခဲ့ပြီး သူတို့ဟာ အန်ဖီးက စိန်ခေါ်မှုအတွက် အဆင်သင့်ဖြစ်နေပြီလို့ လီဗာပူးကို သတိပေးခဲ့ပါတယ်။

ပေါ့ဘာဟာ အရေးပါတဲ့ အနိုင်ဂိုးသွင်းယူပြီး ယူနိုက်တက်ကို ဇယားထိပ်ရောက်အောင် တွန်းတင်ပေးနိုင်ခဲ့ပေမယ့် ရာသီအတွင်း ရှေ့ဆက်ရမယ့် ခရီးက အဝေးကြီး ကျန်နေသေးတာနဲ့အတူ အဆုံးသတ်အထိ အာရုံစိုက်ထားရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ပထမပိုင်းမှာ ဟယ်ရီမက်ဂွိုင်းယား ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ပြီး ဂိုးမပေးခဲ့သလို ဒါက မဖြစ်သင့်ဘူးလို့ ပေါ့ဘာက ထင်မြင်နေပြီး သေချာပေါက် ဂိုးပေးရမယ့်အရာပဲလို့ ပြောဆိုခဲ့ပါတယ်။

နာပိုလီ ဗဟိုနောက်ခံလူ ကူလီဘာလီကို ခေါ်ယူနိုင်ရေး ပြိုင်ဆိုင်မှုကနေ စီးတီး ထွက်ခွာသွားတဲ့နောက် ယူနိုက်တက်နဲ့ လီဗာပူးတို့အတွက် အခွင့်အရေး ပိုရှိလာပေမယ့် သူ့ကိုခေါ်ချင်ရင် ပေါင်သန်း၁၀၀ ပေးရလိမ့်မယ်လို့ ဂျင်ဝှိုက်က သတိပေးခဲ့ပါတယ်။

တင်မိုသီ ဖိုဆူမန်ဆာဟာ ဆိုးရှားရဲ့ အသင်းမှာ နေရာရဖို့ မလုပ်နိုင်ခဲ့တဲ့နောက် ကလပ်မှာ လူပိုဖြစ်နေခဲ့ရသလို အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး လေဗာကူဆင်နဲ့ ၃နှစ်စာချုပ် ချုပ်ဖို့ သဘောတူညီမှုရခဲ့ကာ အခု ဆေးစစ်ဖို့ ဂျာမနီကို ရောက်သွားပြီလို့ သိရပါတယ်။

ဂယ်ရီနဗီးဟာ ယူနိုက်တက်ကို အဆင့်၁ ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးလို့ ဝန်ခံခဲ့ပေမယ့် ကစားသမားတွေက ထူးခြားတဲ့ ရာသီ ရရှိနိုင်ဖို့ ယုံကြည်နေမှာ ဖြစ်သလို ဘန်လေကို အနိုင်ရခဲ့တဲ့နောက် သူတို့က ဖလားပြိုင်ပွဲထဲ ရောက်ရှိသွားပြီလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက ပရီးမီးယားလိဂ္ ပြဲက်န္ အျဖစ္ ဘန္ေလကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆုိင္ ကစားခဲ့ရာ ေပါ့ဘာရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႕ အနိုင္ရရွိကာ အမွတ္ေပးဇယား အဆင့္ ၁ ေနရာ သိမ္းပိုက္လိုက္ျပီ ျဖစ္ပါတယ္။

ေပါ့ဘာဟာ အေရးပါတဲ့ အႏိုင္ဂိုးသြင္းယူၿပီး ယူႏိုက္တက္ကို ဇယားထိပ္ေရာက္ေအာင္ တြန္းတင္ေပးႏိုင္ခဲ့ေပမယ့္ ရာသီအတြင္း ေရွ႕ဆက္ရမယ့္ ခရီးက အေဝးႀကီး က်န္ေနေသးတာနဲ႔အတူ အဆုံးသတ္အထိ အာ႐ုံစိုက္ထားရမယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

ဘန္ေလကို အႏိုင္ရခဲ့ၿပီးေနာက္ မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဒီရာသီ ဖလားၿပိဳင္ပြဲမွာ စစ္မွန္တဲ့ အင္အားတစ္ခု ျဖစ္ခဲ့တယ္လို႔ နီမန္ဂ်ာ မာတစ္က ေျပာဆိုခဲ့ၿပီး သူတို႔ဟာ အန္ဖီးက စိန္ေခၚမႈအတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ လီဗာပူးကို သတိေပးခဲ့ပါတယ္။

ပထမပိုင္းမွာ ဟယ္ရီမက္ဂြိဳင္းယား ေခါင္းတိုက္ဂိုး သြင္းယူခဲ့ေပမယ့္ ဒိုင္လူႀကီးက ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ သတ္မွတ္ၿပီး ဂိုးမေပးခဲ့သလို ဒါက မျဖစ္သင့္ဘူးလို႔ ေပါ့ဘာက ထင္ျမင္ေနၿပီး ေသခ်ာေပါက္ ဂိုးေပးရမယ့္အရာပဲလို႔ ေျပာဆိုခဲ့ပါတယ္။

နာပိုလီ ဗဟိုေနာက္ခံလူ ကူလီဘာလီကို ေခၚယူႏိုင္ေရး ၿပိဳင္ဆိုင္မႈကေန စီးတီး ထြက္ခြာသြားတဲ့ေနာက္ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔အတြက္ အခြင့္အေရး ပိုရွိလာေပမယ့္ သူ႔ကိုေခၚခ်င္ရင္ ေပါင္သန္း၁၀၀ ေပးရလိမ့္မယ္လို႔ ဂ်င္ဝႈိက္က သတိေပးခဲ့ပါတယ္။

တင္မိုသီ ဖိုဆူမန္ဆာဟာ ဆိုးရွားရဲ႕ အသင္းမွာ ေနရာရဖို႔ မလုပ္ႏိုင္ခဲ့တဲ့ေနာက္ ကလပ္မွာ လူပိုျဖစ္ေနခဲ့ရသလို အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ၿပီး ေလဗာကူဆင္နဲ႔ ၃ႏွစ္စာခ်ဳပ္ ခ်ဳပ္ဖို႔ သေဘာတူညီမႈရခဲ့ကာ အခု ေဆးစစ္ဖို႔ ဂ်ာမနီကို ေရာက္သြားၿပီလို႔ သိရပါတယ္။

ဂယ္ရီနဗီးဟာ ယူႏိုက္တက္ကို အဆင့္၁ ရလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့ဘူးလို႔ ဝန္ခံခဲ့ေပမယ့္ ကစားသမားေတြက ထူးျခားတဲ့ ရာသီ ရရွိႏိုင္ဖို႔ ယုံၾကည္ေနမွာ ျဖစ္သလို ဘန္ေလကို အႏိုင္ရခဲ့တဲ့ေနာက္ သူတို႔က ဖလားၿပိဳင္ပြဲထဲ ေရာက္ရွိသြားၿပီလို႔ ေျပာဆိုခဲ့ပါတယ္။