ဆိုးရှားဟာ တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ တွေ့ရမယ့်ပွဲကို သဘောကျနေပြီး ဘန်လေကို အနိုင်ယူ အမှတ်ပေးဇယား ထိပ်ဆုံးကို တက်နိုင်ခဲ့တဲ့နောက် အန်ဖီးမှာ ရင်ဆိုင်ရမယ့် ကြီးမားတဲ့ စမ်းသပ်မှုအတွက် ကစားသမားတွေက အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
အသင်းမှာ ပွဲကစားချိန် သိပ် မရပေမယ့် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာ ဒီ ဇန်ဝါရီလထဲမှာတော့ အသင်းကနေ အလောတကြီး ထွက်ခွာမှာ မဟုတ်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်ဌာနက ဖော်ထုတ်ထားပါတယ်။

လင်ဂတ်ကို ရှက်ဖီးယူနိုက်တက်က ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူလိုနေပြီး အင်္ဂလန်သားကတော့ အသင်းပြောင်းပြီး တန်းဆင်းဇုန်မှာ တိုက်ပွဲဝင်ရတာမျိုး အလိုမရှိတာကြောင့် ငြင်းဆန်ထားတယ်လို့ သိရပါတယ်။
ယူနိုက်တက် ခံစစ်သမား ဖိုဆုမန်ဆာ က ဘိုင်ယန် လီဗာကူဆင် အသင်းထံ ပြောင်းရွှေ့ဖို့ ဆေးစစ်မှုများ လုပ်ဆောင်နေပြီလို့ နာမည်ကြီး အားကစား သတင်းထောက် ရိုမန်နိုက ဖော်ထုတ်သွားခဲ့ပြီး နှစ်ရက်အတွင်းပဲ အပြောင်းအရွှေ့ကို အပြီးသတ် ကြေငြာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လီဗာပူးနဲ့ တွေ့ရမယ့်ပွဲမတိုင်ခင် အဆင့် ၁ ရယူနိုင်ခဲ့တဲ့နောက် ဆိုးရှားက ကျေနပ်နေပြီး လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်း လီဗာပူးရဲ့တဟုန်ထိုး တိုးတက်လာမှုကြောင့် အန်ဖီးက ပွဲဟာ ခက်ခဲမှာဖြစ်ပေမယ့် အဲ့ဒီ့အတွက် စိတ်လှုပ်ရှားနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ ကွင်းလယ် ကစားသမား ပေါ့ဘာ ဟာ ကွင်းလယ်ဗဟို ဝင် ကစားတာထက် ဘယ်ခြမ်း ထွက် ကစားတာက ပြင်သစ်သား စိတ်ကြိုက် ပို ခြေစွမ်းပြနိုင်တယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – ဆိုးရွားဟာ တနဂၤေႏြေန႔မွာ လီဗာပူးနဲ႔ ေတြ႕ရမယ့္ပြဲကို သေဘာက်ေနၿပီး ဘန္ေလကို အနိုင္ယူ အမွတ္ေပးဇယား ထိပ္ဆုံးကို တက္ႏိုင္ခဲ့တဲ့ေနာက္ အန္ဖီးမွာ ရင္ဆိုင္ရမယ့္ ႀကီးမားတဲ့ စမ္းသပ္မႈအတြက္ ကစားသမားေတြက အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာဆိုခဲ့ပါတယ္။
အသင္းမွာ ပြဲကစားခ်ိန္ သိပ္ မရေပမယ့္ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ဟာ ဒီ ဇန္၀ါရီလထဲမွာေတာ့ အသင္းကေန အေလာတၾကီး ထြက္ခြာမွာ မဟုတ္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္ဌာနက ေဖာ္ထုတ္ထားပါတယ္။
လင္ဂတ္ကို ရွက္ဖီးယူနိုက္တက္က ရာသီကုန္ထိ အငွားနဲ႕ ေခၚယူလိုေနျပီး အဂၤလန္သားကေတာ့ အသင္းေျပာင္းျပီး တန္းဆင္းဇုန္မွာ တိုက္ပြဲ၀င္ရတာမ်ိဳး အလိုမရွိတာေၾကာင့္ ျငင္းဆန္ထားတယ္လို႔ သိရပါတယ္။
ယူနိုက္တက္ ခံစစ္သမား ဖိုဆုမန္ဆာ က ဘိုင္ယန္ လီဗာကူဆင္ အသင္းထံ ေျပာင္းေရႊ႕ဖို႔ ေဆးစစ္မႈမ်ား လုပ္ေဆာင္ေနျပီလို႔ နာမည္ၾကီး အားကစား သတင္းေထာက္ ရိုမန္နိုက ေဖာ္ထုတ္သြားခဲ့ျပီး နွစ္ရက္အတြင္းပဲ အေျပာင္းအေရႊ႕ကို အျပီးသတ္ ေၾကျငာေတာ့မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
လီဗာပူးနဲ႔ ေတြ႕ရမယ့္ပြဲမတိုင္ခင္ အဆင့္ ၁ ရယူႏိုင္ခဲ့တဲ့ေနာက္ ဆိုးရွားက ေက်နပ္ေနၿပီး လြန္ခဲ့တဲ့ သုံးေလးႏွစ္အတြင္း လီဗာပူးရဲ႕တဟုန္ထိုး တိုးတက္လာမႈေၾကာင့္ အန္ဖီးက ပြဲဟာ ခက္ခဲမွာျဖစ္ေပမယ့္ အဲ့ဒီ့အတြက္ စိတ္လႈပ္ရွားေနတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
သရဲနီေဟာင္းၾကီး ဂယ္ရီ နဗီးလ္ကေတာ့ ကြင္းလယ္ ကစားသမား ေပါ့ဘာ ဟာ ကြင္းလယ္ဗဟို ၀င္ ကစားတာထက္ ဘယ္ျခမ္း ထြက္ ကစားတာက ျပင္သစ္သား စိတ္ၾကိဳက္ ပို ေျခစြမ္းျပနုိင္တယ္လို႔ သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
