ဒိုင်ဘားလားဟာ စာချုပ်သစ် သဘောတူညီမှုမရရင် နွေရာသီမှာ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ ရှိနေပြီး ချယ်ဆီးက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် လန်ဒန်ကလပ်ဟာ သူနဲ့ သူ့အေးဂျင့်ထံ ဘာဆက်သွယ်မှုမှ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
တိုမိုရီဟာ ကစားချိန် ပိုရဖို့အတွက် ၆လအငှားစာချုပ်နဲ့ အသင်းကနေထွက်ခွာဖို့ မျှော်လင့်နေသလို နယူးကာဆယ်၊ လိဒ်စ်ယူနိုက်တက်တို့က သူ့ကို အလိုရှိနေပေမယ့် ချယ်ဆီးကတော့ အင်္ဂလန်ထက် ပြည်ပကလပ်ဆီကိုသာ အငှားချထားချင်နေတာပါ။
ကတ်ဇူးမားဟာ သီယာဂိုဆေးဗား ရောက်လာတဲ့နောက် ဗဟိုခံစစ်မှာ တွဲဖက်ကစားပြီး အကောင်းဆုံးပုံစံတွေ ရရှိလာခဲ့သလို ဆေးဗားဟာ အသင်းမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်တာကြောင့် သူ့ထံကနေ အများကြီး လေ့လာသင်ယူခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးဟာ လမ်းပတ် လိုအပ်တဲ့အချိန်ကို ပေးဖို့ရှိနေပေမယ့် ရာသီကုန်မှာ အနည်းဆုံး ထိပ်ဆုံးလေးသင်းထဲ မဝင်ရင်တော့ သူ့ကို ထုတ်ပယ်ဖို့ စဉ်းစားမှာဖြစ်သလို နည်းပြသစ် ခန့်ဖို့ တူချယ်၊ အယ်လီဂရီတို့နဲ့ စကားပြောဆိုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ရူဘန်လော့ဖ်တပ်ချိခ်ဟာ လက်ရှိ ဖူလ်ဟမ်မှာ တစ်ရာသီအငှား ကစားနေပြီး ၁၁ပွဲမှာ ၁ဂိုးသာ ရရှိခဲ့တဲ့နောက် ပရိသတ်တွေက စိတ်ပျက်ခဲ့ကြ ပေမယ့် ဒီထက်ပိုပြီး တိုးတက်လာဖို့နဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရောက်ရှိဖို့ နည်းပြစကော့ပါကာက အားပေးခဲ့ပါတယ်။
၂၀၁၆ မှာ အစ်ဝစ်ခ်ျတောင်းကနေ ချယ်ဆီးခေါ်ယူခဲ့တဲ့ ဗဟိုတိုက်စစ်မှူး ချာလီဘရောင်းဟာ အခု အမ်ကေဒွန်းအသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပြီး သူ ဘာလုပ်နိုင်တယ်ဆိုတာ ပြသဖို့ မစောင့်နိုင်တော့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
ချယ်ဆီးလူငယ်ကစားသမား ကော်နာဂယ်လာဂါဟာ ဝက်စ်ဘရွန်းမှာ တစ်ရာသီ အငှားကစားရင်း ကလပ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် အထင်ကြီးစရာ ခြေစွမ်းပြခဲ့ပေမယ့် ချယ်ဆီးကတော့ သူ့ကိုပြန်ခေါ်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။
ချယ်ဆီးဟာ သီယာဂိုဆေးဗားကို စာချုပ်နောက်တစ်နှစ်ထပ်ချုပ်မှာဖြစ်ပေမယ့် ရေရှည်အတွက် ဗဟိုနောက်ခံလူသစ် ခေါ်ယူဦးမှာဖြစ်သလို သင့်တော်တဲ့ ကစားသမား ရရှိခဲ့ရင် ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့လို အရန်လူတွေကို ရောင်းချသွားဖို့ ရှိနေပါတယ်။

Zawgyi – ဒိုင္ဘားလားဟာ စာခ်ဳပ္သစ္ သေဘာတူညီမႈမရရင္ ေႏြရာသီမွာ ဂ်ဴဗင္တပ္ကေန ထြက္ခြာဖို႔ ရွိေနၿပီး ခ်ယ္ဆီးက စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနေပမယ့္ လန္ဒန္ကလပ္ဟာ သူနဲ႔ သူ႔ေအးဂ်င့္ထံ ဘာဆက္သြယ္မႈမွ မလုပ္ခဲ့ဘူးလို႔ သိရပါတယ္။
တိုမိုရီဟာ ကစားခ်ိန္ ပိုရဖို႔အတြက္ ၆လအငွားစာခ်ဳပ္နဲ႔ အသင္းကေနထြက္ခြာဖို႔ ေမွ်ာ္လင့္ေနသလို နယူးကာဆယ္၊ လိဒ္စ္ယူႏိုက္တက္တို႔က သူ႔ကို အလိုရွိေနေပမယ့္ ခ်ယ္ဆီးကေတာ့ အဂၤလန္ထက္ ျပည္ပကလပ္ဆီကိုသာ အငွားခ်ထားခ်င္ေနတာပါ။
ကတ္ဇူးမားဟာ သီယာဂိုေဆးဗား ေရာက္လာတဲ့ေနာက္ ဗဟိုခံစစ္မွာ တြဲဖက္ကစားၿပီး အေကာင္းဆုံးပုံစံေတြ ရရွိလာခဲ့သလို ေဆးဗားဟာ အသင္းမွာ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ သူ႔ထံကေန အမ်ားႀကီး ေလ့လာသင္ယူခဲ့ရတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ခ်ယ္ဆီးဟာ လမ္းပတ္ လိုအပ္တဲ့အခ်ိန္ကို ေပးဖို႔ရွိေနေပမယ့္ ရာသီကုန္မွာ အနည္းဆုံး ထိပ္ဆုံးေလးသင္းထဲ မဝင္ရင္ေတာ့ သူ႔ကို ထုတ္ပယ္ဖို႔ စဥ္းစားမွာျဖစ္သလို နည္းျပသစ္ ခန္႔ဖို႔ တူခ်ယ္၊ အယ္လီဂရီတို႔နဲ႔ စကားေျပာဆိုခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။
႐ူဘန္ေလာ့ဖ္တပ္ခ်ိခ္ဟာ လက္ရွိ ဖူလ္ဟမ္မွာ တစ္ရာသီအငွား ကစားေနၿပီး ၁၁ပြဲမွာ ၁ဂိုးသာ ရရွိခဲ့တဲ့ေနာက္ ပရိသတ္ေတြက စိတ္ပ်က္ခဲ့ၾက ေပမယ့္ ဒီထက္ပိုၿပီး တိုးတက္လာဖို႔နဲ႔ အျမင့္ဆုံးစြမ္းေဆာင္ရည္ကို ေရာက္ရွိဖို႔ နည္းျပစေကာ့ပါကာက အားေပးခဲ့ပါတယ္။
၂၀၁၆ မွာ အစ္ဝစ္ခ္်ေတာင္းကေန ခ်ယ္ဆီးေခၚယူခဲ့တဲ့ ဗဟိုတိုက္စစ္မႉး ခ်ာလီဘေရာင္းဟာ အခု အမ္ေကဒြန္းအသင္းထံ အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီ ျဖစ္ၿပီး သူ ဘာလုပ္ႏိုင္တယ္ဆိုတာ ျပသဖို႔ မေစာင့္ႏိုင္ေတာ့ဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
ခ်ယ္ဆီးလူငယ္ကစားသမား ေကာ္နာဂယ္လာဂါဟာ ဝက္စ္ဘ႐ြန္းမွာ တစ္ရာသီ အငွားကစားရင္း ကလပ္ရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ အထင္ႀကီးစရာ ေျခစြမ္းျပခဲ့ေပမယ့္ ခ်ယ္ဆီးကေတာ့ သူ႔ကိုျပန္ေခၚဦးမွာမဟုတ္ဘူးလို႔ သိရပါတယ္။
ခ်ယ္ဆီးဟာ သီယာဂိုေဆးဗားကို စာခ်ဳပ္ေနာက္တစ္ႏွစ္ထပ္ခ်ဳပ္မွာျဖစ္ေပမယ့္ ေရရွည္အတြက္ ဗဟိုေနာက္ခံလူသစ္ ေခၚယူဦးမွာျဖစ္သလို သင့္ေတာ္တဲ့ ကစားသမား ရရွိခဲ့ရင္ ႐ူဒီဂါနဲ႔ ခရစၥတန္ဆန္တို႔လို အရန္လူေတြကို ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။
