အေစီမီလန်ဟာ ယူနိုက်တက်နောက်ခံလူ ဒီယိုဂို ဒါးလော့ရဲ့ အလားအလာကို ယုံကြည်ပေမယ့် အမြဲတမ်း ပင်ပန်းနေပုံ ပေါ်နေတဲ့ သူ့ဆီကနေ အားထုတ်မှုကို ပိုမိုမြင်တွေ့ရမှသာ သူ့ကို အပြီးသတ်ဝယ်ယူဖို့ စဉ်းစားမှာဖြစ်တယ်လို့ သိရပါတယ်။
မာရှယ်ဟာ ဘန်လေကို ၁-ဝနဲ့နိုင်ခဲ့တဲ့ ပွဲချိန်နှောင်းပိုင်းမှာ တံကောက်ကြောဒဏ်ရာ ကြောင့် လူစားလဲခံခဲ့ရပေမယ့် အဲ့ဒီ့ဒဏ်ရာက ထင် သလောက် မဆိုးရွားခဲ့တာကြောင့် လီဗာပူးနဲ့ပွဲမှာ အချိန်မီ ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှု ပြည့်ဝလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

ဆိုးရှားကတော့ လင်ဂတ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ အသုံးဝင်တဲ့နေရာ ရှိနေနိုင်ဆဲဖြစ်တယ် လို့ ယုံကြည်နေတာနဲ့အတူ ဒီရာသီကုန်အထိ သူ့ကို ဆက် ထိန်းထားချင်တာကြောင့် ဆောင်းရာသီ ဈေးကွက်မှာ ရောင်းချမှုမလုပ်ဖို့ ဘုတ်အဖွဲ့ထံ အသိပေးခဲ့ပါတယ်။
ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်၆လသာ ကျန်တော့ပြီး နွေရာသီမှာ ဖရီးအေးဂျင့် အနေနဲ့ အင်္ဂလန်ထံပြောင်းရွှေ့လာဖို့ ချိတ်ဆက်နေခဲ့ပေမယ့် အခုတော့ ကလပ်မှာပဲ စာချုပ်သစ်ချုပ်ဖို့ မျှော်လင့်ရသလို ယူနိုက်တက်က သူ့ကို ခေါ်ယူမှာမဟုတ်ဘူးလို့ သိရပါတယ်။
တင်မိုသီဖိုဆူမန်ဆာဟာ လေဗာကူဆင်ထံကို ၃နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တဲ့နောက် ပေါလ်ပေါ့ဘာနဲ့ အဲရစ်ဘိုင်လေတို့က သူ့ကို နောက်ဆုံးအနေနဲ့ ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး အသင်းသစ်မှာ အောင်မြင်မှုရဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
ယူနိုက်တက်မှာ လင်ဂတ်ရဲ့ အချိန်တွေက ကုန်ဆုံးသွားပြီလို့ ဘာဘာတော့ဗ်က ယုံကြည်နေသလို ဝက်စ်ဟမ်း၊ နယူးကာဆယ်တို့ရဲ့ စိတ်ဝင်စားမှုကို ရခဲ့တဲ့ သူ့အနေနဲ့ ကစားချိန်ပိုရဖို့အတွက် ဒီလထဲမှာပဲ အသင်းကနေ ထွက်ခွာသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Zawgyi – ေအစီမီလန္ဟာ ယူႏိုက္တက္ေနာက္ခံလူ ဒီယိုဂို ဒါးေလာ့ရဲ႕ အလားအလာကို ယုံၾကည္ေပမယ့္ အၿမဲတမ္း ပင္ပန္းေနပုံ ေပၚေနတဲ့ သူ႔ဆီကေန အားထုတ္မႈကို ပိုမိုျမင္ေတြ႕ရမွသာ သူ႔ကို အၿပီးသတ္ဝယ္ယူဖို႔ စဥ္းစားမွာျဖစ္တယ္လို႔ သိရပါတယ္။
မာရွယ္ဟာ ဘန္ေလကို ၁-၀နဲ႔ႏိုင္ခဲ့တဲ့ ပြဲခ်ိန္ေႏွာင္းပိုင္းမွာ တံေကာက္ေၾကာဒဏ္ရာ ေၾကာင့္ လူစားလဲခံခဲ့ရေပမယ့္ အဲ့ဒီ့ဒဏ္ရာက ထင္ သေလာက္ မဆိုး႐ြားခဲ့တာေၾကာင့္ လီဗာပူးနဲ႔ပြဲမွာ အခ်ိန္မီ ပါဝင္ႏိုင္ဖို႔ ႀကံ့ခိုင္မႈ ျပည့္ဝလာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ဆိုးရွားကေတာ့ လင္ဂတ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ အသုံးဝင္တဲ့ေနရာ ရွိေနႏိုင္ဆဲျဖစ္တယ္ လို႔ ယုံၾကည္ေနတာနဲ႔အတူ ဒီရာသီကုန္အထိ သူ႔ကို ဆက္ ထိန္းထားခ်င္တာေၾကာင့္ ေဆာင္းရာသီ ေဈးကြက္မွာ ေရာင္းခ်မႈမလုပ္ဖို႔ ဘုတ္အဖြဲ႕ထံ အသိေပးခဲ့ပါတယ္။
ရာမို႔စ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္၆လသာ က်န္ေတာ့ၿပီး ေႏြရာသီမွာ ဖရီးေအးဂ်င့္ အေနနဲ႔ အဂၤလန္ထံေျပာင္းေ႐ႊ႕လာဖို႔ ခ်ိတ္ဆက္ေနခဲ့ေပမယ့္ အခုေတာ့ ကလပ္မွာပဲ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ေမွ်ာ္လင့္ရသလို ယူႏိုက္တက္က သူ႔ကို ေခၚယူမွာမဟုတ္ဘူးလို႔ သိရပါတယ္။
တင္မိုသီဖိုဆူမန္ဆာဟာ ေလဗာကူဆင္ထံကို ၃ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့တဲ့ေနာက္ ေပါလ္ေပါ့ဘာနဲ႔ အဲရစ္ဘိုင္ေလတို႔က သူ႔ကို ေနာက္ဆုံးအေနနဲ႔ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၿပီး အသင္းသစ္မွာ ေအာင္ျမင္မႈရဖို႔ ဆုေတာင္းေပးခဲ့ၾကပါတယ္။
ယူႏိုက္တက္မွာ လင္ဂတ္ရဲ႕ အခ်ိန္ေတြက ကုန္ဆုံးသြားၿပီလို႔ ဘာဘာေတာ့ဗ္က ယုံၾကည္ေနသလို ဝက္စ္ဟမ္း၊ နယူးကာဆယ္တို႔ရဲ႕ စိတ္ဝင္စားမႈကို ရခဲ့တဲ့ သူ႔အေနနဲ႔ ကစားခ်ိန္ပိုရဖို႔အတြက္ ဒီလထဲမွာပဲ အသင္းကေန ထြက္ခြာသင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
