ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (14/01/21)

ဗလင်စီယာ အသင်းဟာ စပါး ကစားသမား ဟယ်ရီဝင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေရာမှ နောက်ဆုတ်သွားပြီး အက်သလက်တီကို မက်ဒရစ်မှာ အငှားကစားရင်း ပွဲကစားချိန် ရဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ် ကွင်းလယ်သမား လူးကပ် တော်ရဲရားကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ထူးရှယ် အရည်အချင်းကောင်းတွေနဲ့ ကွင်းလယ် ကစားသမား သောမတ်စ် ပါတေး ပြန် ကစားလာနိုင်တာက အာဆင်နယ်အသင်း အခြေအနေကို ပို မြင့်တက်စေလိမ့်မယ်လို့ နည်းပြ အာတီတာက ယုံကြည် မျှော်လင့်နေပါတယ်။

၂၀၂၄ နွေထိ အာဆင်နယ်မှာ ဆက်ရှိမယ့် သက်တမ်းတိုး စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်တဲ့ ခံစစ်မှူး ရော့ဘ် ဟိုးဒင်းက ၎င်းဟာ ပြီးခဲ့တဲ့ နွေတုန်းက နယူးကာဆယ် အသင်းထံ ပြောင်းရွှေ့လုနီးပါး ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲအတွက် ပွဲကြို ထရိန်နင်မှာ အာဆင်နယ် လူငယ်တိုက်စစ်သမား မာတင်နယ်လီ ပါဝင်လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ မာတင်နယ်လီက ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ အက်ဖ်အေဖလား ပွဲ မတိုင်ခင် သွေးပူလေ့ကျင့်ခန်း လုပ်စဉ် ပြန်နာသွားခဲ့ပေမယ့် မပြင်းထန်တာကြောင့် ပြန်လေ့ကျင့်နေပါတယ်။

အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီက ၎င်းဟာ ဂန်းနားတို့ အတွက် တိုက်စစ်သမား ခေါ်လိုစဉ်က နစ်ကိုးလပ်စ် ပီပီထက် ပဲလေ့စ်မှ ဇာဟာ ကို ပို အလိုရှိခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ကွင်းလယ်သမား ဂျက် ဂရေးလစ်ချ်ကို အာဆင်နယ်တို့ ငွေသုံးပြီး အရ ခေါ်ယူသင့်ကြောင်း ဟယ်ရီ ရက်နက်က သုံးသပ် တိုက်တွန်းခဲ့ပါတယ်။

Zawgyi – ဗလင်စီယာ အသင်းဟာ စပါး ကစားသမား ဟယ်ရီဝင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေရာမှ နောက်ဆုတ်သွားပြီး အက်သလက်တီကို မက်ဒရစ်မှာ အငှားကစားရင်း ပွဲကစားချိန် ရဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ် ကွင်းလယ်သမား လူးကပ် တော်ရဲရားကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။


၂၀၂၄ နွေထိ အာဆင်နယ်မှာ ဆက်ရှိမယ့် သက်တမ်းတိုး စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်တဲ့ ခံစစ်မှူး ရော့ဘ် ဟိုးဒင်းက ၄င်းဟာ ပြီးခဲ့တဲ့ နွေတုန်းက နယူးကာဆယ် အသင်းထံ ပြောင်းရွှေ့လုနီးပါး ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။


အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီက ၄င်းဟာ ဂန်းနားတို့ အတွက် တိုက်စစ်သမား ခေါ်လိုစဉ်က နစ်ကိုးလပ်စ် ပီပီထက် ပဲလေ့စ်မှ ဇာဟာ ကို ပို အလိုရှိခဲ့တာ ဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။

အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ကွင်းလယ်သမား ဂျက် ဂရေးလစ်ခ်ျကို အာဆင်နယ်တို့ ငွေသုံးပြီး အရ ခေါ်ယူသင့်ကြောင်း ဟယ်ရီ ရက်နက်က သုံးသပ် တိုက်တွန်းခဲ့ပါတယ်။