ယနေ့ နံနက်ခင်း နောက်ဆုံးရ မန် ယူနိုက်တက် သတင်းတိုများ (15/01/21)

မက်ဂွိုင်းယားနဲ့ အဲရစ်ဘိုင်လေတို့ဟာ ခိုင်မာတဲ့ ဗဟိုခံစစ်အတွဲ ဖြစ်လာခဲ့ပေမယ့် ဘိုင်လေရဲ့ ဒဏ်ရာမှတ်တမ်းကြောင့် သူ့ကို အမြဲမှီခိုလို့ မရတာနဲ့အတူ လက်စတာရဲ့ ဝက်စလေ ဖိုနာကို ခေါ်ယူသင့်တယ်လို့ ယူနိုက်တက်ကို ပေါလ်စခိုးက တိုက်တွန်းခဲ့ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အနေနဲ့ အဆင့်၂၊ ၃ လောက် မဟုတ်ပဲ ဖလားရမှသာ အောင်မြင်တဲ့ရာသီအဖြစ် သတ်မှတ်ရလိမ့်မယ်လို့ ရက်ရှ်ဖို့ဒ်က ဝန်ခံခဲ့သလို လီဗာပူးနဲ့တွေ့ရမယ့်ပွဲမှာ အန်ဖီးကို သွားပြီး အနိုင်ယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဖီးဖိုဒန်ဟာ ဒီရာသီမန်စီးတီးအတွက် ပြိုင်ပွဲစုံ သွင်းဂိုး၈ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာသလို သူက ယခုနှစ် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု အတွက် ဘရူနိုဖာနန်ဒက်စ်ကို ယှဉ်မယ့်သူဖြစ်တယ်လို့ အေဒရီရန်ဒွာဟမ်က ဆိုပါတယ်။

ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၂နှစ်ကထက်ပိုပြီးတော့ အခုချိန်မှာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရက်ရှ်ဖို့ဒ်က ယုံကြည်နေပြီး လီဗာပူးအသင်းဘက်ကို ဂိုးသွင်းရတာထက် ပိုချိုမြိန်တဲ့ အရာမ ရှိတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားအောင်မြင်နိုင်တယ်လို့ ပေါလ်စခိုးက ယုံကြည်နေပေမယ့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ တွေ့ရမယ့် ပွဲမှာ ၎င်းတို့ရဲ့ ဖလားလမ်းကြောင်းထဲက ပထမဆုံး အခက်အခဲကို ကျော်ဖြတ်ဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲဟာ ယူနိုက်တက်အတွက် ခက်ခဲစေမှာဖြစ်ပေမယ့် ဒီပွဲက လိဂ်အခြေအနေကို အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူးလို့ ပေါ့ဘာက ထင်မြင်နေပြီး အနိုင်အရှုံးရလဒ်က အမှတ်တွေ ခြားနားသွားစေနိုင်ပေမယ့် ချန်ပီယံ အလားအလာကိုတော့ သတ်မှတ်လို့မရဘူးလို့ ဆိုပါတယ်။

Zawgyi – ဒီရာသီမွာ ယူႏိုက္တက္အေနနဲ႔ အဆင့္၂၊ ၃ ေလာက္ မဟုတ္ပဲ ဖလားရမွသာ ေအာင္ျမင္တဲ့ရာသီအျဖစ္ သတ္မွတ္ရလိမ့္မယ္လို႔ ရက္ရွ္ဖို႔ဒ္က ဝန္ခံခဲ့သလို လီဗာပူးနဲ႔ေတြ႕ရမယ့္ပြဲမွာ အန္ဖီးကို သြားၿပီး အႏိုင္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

မက္ဂြိဳင္းယားနဲ႔ အဲရစ္ဘိုင္ေလတို႔ဟာ ခိုင္မာတဲ့ ဗဟိုခံစစ္အတြဲ ျဖစ္လာခဲ့ေပမယ့္ ဘိုင္ေလရဲ႕ ဒဏ္ရာမွတ္တမ္းေၾကာင့္ သူ႔ကို အၿမဲမွီခိုလို႔ မရတာနဲ႔အတူ လက္စတာရဲ႕ ဝက္စေလ ဖိုနာကို ေခၚယူသင့္တယ္လို႔ ယူႏိုက္တက္ကို ေပါလ္စခိုးက တိုက္တြန္းခဲ့ပါတယ္။

ဖီးဖိုဒန္ဟာ ဒီရာသီမန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုး၈ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာသလို သူက ယခုႏွစ္ ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆု အတြက္ ဘ႐ူႏိုဖာနန္ဒက္စ္ကို ယွဥ္မယ့္သူျဖစ္တယ္လို႔ ေအဒရီရန္ဒြာဟမ္က ဆိုပါတယ္။

ယူႏိုက္တက္ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ကထက္ပိုၿပီးေတာ့ အခုခ်ိန္မွာ ဆုဖလားေတြအတြက္ တိုက္ပြဲဝင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ရက္ရွ္ဖို႔ဒ္က ယုံၾကည္ေနၿပီး လီဗာပူးအသင္းဘက္ကို ဂိုးသြင္းရတာထက္ ပိုခ်ိဳၿမိန္တဲ့ အရာမ ရွိေတာ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားေအာင္ျမင္ႏိုင္တယ္လို႔ ေပါလ္စခိုးက ယုံၾကည္ေနေပမယ့္ တနဂၤေႏြေန႔ လီဗာပူးနဲ႔ ေတြ႕ရမယ့္ ပြဲမွာ ၎တို႔ရဲ႕ ဖလားလမ္းေၾကာင္းထဲက ပထမဆုံး အခက္အခဲကို ေက်ာ္ျဖတ္ဖို႔လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးနဲ႔ပြဲဟာ ယူႏိုက္တက္အတြက္ ခက္ခဲေစမွာျဖစ္ေပမယ့္ ဒီပြဲက လိဂ္အေျခအေနကို အဆုံးအျဖတ္ေပးမွာ မဟုတ္ဘူးလို႔ ေပါ့ဘာက ထင္ျမင္ေနၿပီး အႏိုင္အရႈံးရလဒ္က အမွတ္ေတြ ျခားနားသြားေစႏိုင္ေပမယ့္ ခ်န္ပီယံ အလားအလာကိုေတာ့ သတ္မွတ္လို႔မရဘူးလို႔ ဆိုပါတယ္။