ရူဘင်လော့ဖ်တပ်ချိခ်ဟာ အခု ဖူလ်ဟမ်မှာ တစ်ရာသီအငှားကစားနေပြီး စကော့ပါကာ လက်အောက်မှာ အထင်ကြီးစရာ လုပ်ပြနေသလို သူ့ရဲ့ ခြေစွမ်းပြသမှုအတွက် လမ်းပတ်က ကျေနပ်နေပြီး သူ့မှာ ချယ်ဆီးနဲ့ အနာဂတ်ရှိနေဆဲပါလို့ ပြောဆိုခဲ့ပါတယ်။
ဖရန့်လမ်းပတ်ဟာ ပွဲချိန်ဇယားတွေ အစီအစဉ်ဆွဲရာမှာ ညီညွတ်မျှတမှု မရှိတဲ့အပေါ် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကို ဝေဖန်ခဲ့ပြီး ခရစ္စမတ် ကာလတုန်းက သူတို့တွေ ၄၈ နာရီအတွင်း ၂ ပွဲကစားခဲ့ရတုန်းက ဘယ်သူမှ မကူညီခဲ့ကြဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒန်နီ ဒရင့်ဝါးတားဟာ ပြီးခဲ့တဲ့အပတ်မှာ တူရကီကလပ် ကာဆင်ပါဆာကို အငှားပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ပြီးတော့ ၆လစာချုပ်ကို အပြီးသတ် ချုပ်ဆိုဖို့အတွက် အခု အစ္စတန်ဘူလ်ကို ရောက်ရှိနေခဲ့ပြီး ဆေးစစ်မှုခံယူတော့မှာလဲ ဖြစ်ပါတယ်။
ချယ်ဆီးဟာနည်းပြဟောင်း အေဗရမ် ဂရန့် ကို ပြန်ခေါ်ဖို့ ချိတ်ဆက်နေခဲ့ပေမယ့်လဲ ဒီ သတင်းတွေအပေါ် စိုးရိမ်မှုမရှိဘူးလို့ လမ်းပတ်က ဆိုလိုက်ပြီး အရေးကြီးဆုံး အရာက အသင်းလိုက် အတူတကွ လုပ်ဆောင်မှုသာဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။
ဂရန့် ကတော့ သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျထံ ပြန်လာဖို့နဲ့ ပတ်သက်လို့ လန်ဒန်ကလပ်ထံကနေ ဘာ တရားဝင် ချဉ်းကပ်မှုမှ မရှိခဲ့ဘူးလို့ အတည်ပြု ပြောကြားခဲ့ပြီး အသင်းမှာ လမ်းပတ်ကို အချိန်ပေးဖို့လဲ ထောက်ခံပေးခဲ့ပါတယ်။
အေစီမီလန်ဟာ ချယ်ဆီးနောက်ခံလူ တိုမိုရီကို ခေါ်ယူဖို့ နီးစပ်နေပြီး တနင်္လာနေ့မှာ အပြောင်းအရွှေ့ အပြီးသတ်တော့မှာဖြစ်သလို သူ့ရဲ့ အငှား စာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့် ပါဝင်ပြီး တန်ကြေးက ယူရိုသန်း၃၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က တီမိုဗာနာအနေနဲ့ သူ့ရဲ့ စိတ်ကူးတွေအတိုင်း လိုက်လျောညီထွေဖြစ်အောင် လိုက် လုပ်နိုင်ဖို့ အချိန်ယူရမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဂျာမန်တိုက်စစ်မှူးအပေါ် သည်းခံ စောင့်ဆိုင်းပေးရမယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ႐ူဘင္ေလာ့ဖ္တပ္ခ်ိခ္ဟာ အခု ဖူလ္ဟမ္မွာ တစ္ရာသီအငွားကစားေနၿပီး စေကာ့ပါကာ လက္ေအာက္မွာ အထင္ႀကီးစရာ လုပ္ျပေနသလို သူ႔ရဲ႕ ေျခစြမ္းျပသမႈအတြက္ လမ္းပတ္က ေက်နပ္ေနၿပီး သူ႔မွာ ခ်ယ္ဆီးနဲ႔ အနာဂတ္ရွိေနဆဲပါလို႔ ေျပာဆိုခဲ့ပါတယ္။
ဖရန္႔လမ္းပတ္ဟာ ပြဲခ်ိန္ဇယားေတြ အစီအစဥ္ဆြဲရာမွာ ညီၫြတ္မွ်တမႈ မရွိတဲ့အေပၚ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြကို ေဝဖန္ခဲ့ၿပီး ခရစၥမတ္ ကာလတုန္းက သူတို႔ေတြ ၄၈ နာရီအတြင္း ၂ ပြဲကစားခဲ့ရတုန္းက ဘယ္သူမွ မကူညီခဲ့ၾကဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ဒန္နီ ဒရင့္ဝါးတားဟာ ၿပီးခဲ့တဲ့အပတ္မွာ တူရကီကလပ္ ကာဆင္ပါဆာကို အငွားေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ခဲ့ၿပီးေတာ့ ၆လစာခ်ဳပ္ကို အၿပီးသတ္ ခ်ဳပ္ဆိုဖို႔အတြက္ အခု အစၥတန္ဘူလ္ကို ေရာက္ရွိေနခဲ့ၿပီး ေဆးစစ္မႈခံယူေတာ့မွာလဲ ျဖစ္ပါတယ္။
ခ်ယ္ဆီးဟာနည္းျပေဟာင္း ေအဗရမ္ ဂရန္႔ ကို ျပန္ေခၚဖို႔ ခ်ိတ္ဆက္ေနခဲ့ေပမယ့္လဲ ဒီ သတင္းေတြအေပၚ စိုးရိမ္မႈမရွိဘူးလို႔ လမ္းပတ္က ဆိုလိုက္ၿပီး အေရးႀကီးဆုံး အရာက အသင္းလိုက္ အတူတကြ လုပ္ေဆာင္မႈသာျဖစ္တယ္လို ေျပာၾကားခဲ့ပါတယ္။
ဂရန္႔ ကေတာ့ သူ႔အေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ခ္်ထံ ျပန္လာဖို႔နဲ႔ ပတ္သက္လို႔ လန္ဒန္ကလပ္ထံကေန ဘာ တရားဝင္ ခ်ဥ္းကပ္မႈမွ မရွိခဲ့ဘူးလို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီး အသင္းမွာ လမ္းပတ္ကို အခ်ိန္ေပးဖို႔လဲ ေထာက္ခံေပးခဲ့ပါတယ္။
ေအစီမီလန္ဟာ ခ်ယ္ဆီးေနာက္ခံလူ တိုမိုရီကို ေခၚယူဖို႔ နီးစပ္ေနၿပီး တနလၤာေန႔မွာ အေျပာင္းအေ႐ႊ႕ အၿပီးသတ္ေတာ့မွာျဖစ္သလို သူ႔ရဲ႕ အငွား စာခ်ဳပ္မွာ အၿပီးသတ္ဝယ္ယူခြင့္ ပါဝင္ၿပီး တန္ေၾကးက ယူ႐ိုသန္း၃၀ ဝန္းက်င္ရွိတယ္လို႔သိရပါတယ္။
ဖူလ္ဟမ္နဲ႔ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ လမ္းပတ္က တီမိုဗာနာအေနနဲ႔ သူ႔ရဲ႕ စိတ္ကူးေတြအတိုင္း လိုက္ေလ်ာညီေထြျဖစ္ေအာင္ လိုက္ လုပ္ႏိုင္ဖို႔ အခ်ိန္ယူရမွာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ ဂ်ာမန္တိုက္စစ္မႉးအေပၚ သည္းခံ ေစာင့္ဆိုင္းေပးရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
