ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (16/01/21)

ယူနိုက်တက် ဂန္တဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က သူ့အနေနဲ့ စောစောအနားယူလိုက်မိလို့ ဝမ်းသာတယ်လို့ဆိုပြီး ယာဂန်ကလော့ပ်ရဲ့ အံ့ဩစရာ ကောင်းတဲ့ လီဗာပူးအသင်းနဲ့ မတွေ့ရလို့ တော်သေးတယ်လို့ ဟာသလုပ်ရင်း ချီးကျူးခဲ့ပါတယ်။

ယူနိုက်တက်ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်အပေါ် ကလော့ပ်ရဲ့ ဝေဖန်မှုကို ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူးလို့ တုံ့ပြန်ခဲ့ပြီး စတာလင် ၃ ကြိမ် လွဲခဲ့တာကို ထောက်ပြခဲ့ကာ ပင်နယ်တီကန်ရတာက မလွယ်ကူဘူးလို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၁ မှာ ဂျော်ဒန်ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ၎င်းဟာ ဒဏ်ရာများနိုင်တယ်ဆိုတဲ့ ဆေးအဖွဲ့ရဲ့ အကြံပေးမှုကြောင့် မခေါ်ယူဖြစ်ခဲ့တာပါလို့ ဖာဂူဆန်က ဝန်ခံခဲ့ပေမယ့် အခု သူဟာ လီဗာပူးမှာ သံသယရှိသူတွေ မှားနေကြောင်း သက်သေပြခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ဟာ ၂၀၁၉ ဇူလိုင်လမှာ စပို့တင်းနဲ့ ခြေစမ်းပွဲကစားခဲ့ထဲက လီဗာပူးကို ဂိုးသွင်းခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို အထင်ကြီး သဘောကျခဲ့ကြောင်း ဝန်ခံခဲ့ပြီး အခု အင်္ဂလန်မှာ အထိုင်ကျနေတဲ့ သူဟာ ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ဒီဇင်ဘာလရဲ့ အကောင်းဆုံး ကစားသမားဆုကို ရတဲ့အတွက် ပျော်ရွှင်မိပေမယ့် သူတို့ဟာ ဘောလုံး အသင်း တစ်သင်းဖြစ်တာကြောင့် တစ်ဦးချင်းဆုထက် ယူနိုက်တက်နဲ့အတူ ဖလားတွေအောင်မြင်ဖို့ ပိုအလိုရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသင်းကြီးတွေနဲ့တွေ့တဲ့အခါ မထင်ထားတာတွေ လုပ်ပြတတ်တဲ့ ဖျက်မြင်းအသင်း မဟုတ်ဘူးလို့ ယာဂန်ကလော့ပ်က ဆိုပြီး သူတို့ဟာ အမြဲတမ်း ထိပ်တန်းအဆင့်မှာ ရှိတဲ့ အသင်းကောင်းတစ်သင်း ဖြစ်တယ်လို့ ထိပ်တိုက်တွေ့ဆုံပွဲ မတိုင်ခင် ပြောခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ ဂႏၲဝင္နည္းျပေဟာင္း ဆာအဲလက္စ္ဖာဂူဆန္က သူ႔အေနနဲ႔ ေစာေစာအနားယူလိုက္မိလို႔ ဝမ္းသာတယ္လို႔ဆိုၿပီး ယာဂန္ကေလာ့ပ္ရဲ႕ အံ့ဩစရာ ေကာင္းတဲ့ လီဗာပူးအသင္းနဲ႔ မေတြ႕ရလို႔ ေတာ္ေသးတယ္လို႔ ဟာသလုပ္ရင္း ခ်ီးက်ဴးခဲ့ပါတယ္။

ယူႏိုက္တက္ရခဲ့တဲ့ ပင္နယ္တီ အေရအတြက္အေပၚ ကေလာ့ပ္ရဲ႕ ေဝဖန္မႈကို ဘ႐ူႏို ဖာနန္ဒက္စ္က သူ႔အေနနဲ႔ ဘယ္သူဘာေျပာေျပာ ဂ႐ုမစိုက္ဘူးလို႔ တုံ႔ျပန္ခဲ့ၿပီး စတာလင္ ၃ ႀကိမ္ လြဲခဲ့တာကို ေထာက္ျပခဲ့ကာ ပင္နယ္တီကန္ရတာက မလြယ္ကူဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ၂၀၁၁ မွာ ေဂ်ာ္ဒန္ဟန္ဒါဆန္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ၎ဟာ ဒဏ္ရာမ်ားႏိုင္တယ္ဆိုတဲ့ ေဆးအဖြဲ႕ရဲ႕ အႀကံေပးမႈေၾကာင့္ မေခၚယူျဖစ္ခဲ့တာပါလို႔ ဖာဂူဆန္က ဝန္ခံခဲ့ေပမယ့္ အခု သူဟာ လီဗာပူးမွာ သံသယရွိသူေတြ မွားေနေၾကာင္း သက္ေသျပခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္ဟာ ၂၀၁၉ ဇူလိုင္လမွာ စပို႔တင္းနဲ႔ ေျခစမ္းပြဲကစားခဲ့ထဲက လီဗာပူးကို ဂိုးသြင္းခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို အထင္ႀကီး သေဘာက်ခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး အခု အဂၤလန္မွာ အထိုင္က်ေနတဲ့ သူဟာ ယူႏိုက္တက္အတြက္ ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ဒီဇင္ဘာလရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရတဲ့အတြက္ ေပ်ာ္႐ႊင္မိေပမယ့္ သူတို႔ဟာ ေဘာလုံး အသင္း တစ္သင္းျဖစ္တာေၾကာင့္ တစ္ဦးခ်င္းဆုထက္ ယူႏိုက္တက္နဲ႔အတူ ဖလားေတြေအာင္ျမင္ဖို႔ ပိုအလိုရွိတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အသင္းႀကီးေတြနဲ႔ေတြ႕တဲ့အခါ မထင္ထားတာေတြ လုပ္ျပတတ္တဲ့ ဖ်က္ျမင္းအသင္း မဟုတ္ဘူးလို႔ ယာဂန္ကေလာ့ပ္က ဆိုၿပီး သူတို႔ဟာ အၿမဲတမ္း ထိပ္တန္းအဆင့္မွာ ရွိတဲ့ အသင္းေကာင္းတစ္သင္း ျဖစ္တယ္လို႔ ထိပ္တိုက္ေတြ႕ဆုံပြဲ မတိုင္ခင္ ေျပာခဲ့ပါတယ္။