ဘရူနို ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက် အတွက် သွင်းဂိုး ၁၅ ဂိုးထဲမှာ ပင်နယ်တီ သွင်းဂိုး ၇ ဂိုးထိ ပါဝင်နေတဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် ပေါ်တူဂီသားကတော့ ထို ပြောစကားများကို နားထောင်မနေကြောင်း ပြောဆိုခဲ့ပါတယ်။
ကလော့ပ်ဟာ ဒေါ့မွန်မှာ ရှိနေစဉ်အတွင်း ယူနိုက်တက် နည်းပြလုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ထိပ်တန်းကလပ်ဆီ ပြောင်းရွှေ့ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆခဲ့တာကြောင့် သူတို့ကို ငြင်းပယ်ခဲ့ပြီး လီဗာပူးဆီ ရောက်လာခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လူငယ် ကစားသမားသစ်လေး အာမက် ဒီယာလိုဟာ ယူနိုက်တက်နဲ့ ထရိန်နင်မှာ ပါဝင်လေ့ကျင့်နေပြီ ဖြစ်ပြီး လီဗာပူးနဲ့ ပွဲမှာလည်း လူစာရင်းမှာ ပါဝင်လာနိုင်ကြောင်း ဆိုးရှားက အရိပ်အမြွက် ဆိုခဲ့ပါတယ်။
ဖိုဆုမန်ဆာ ထွက်ခွာသွားပြီးပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလထဲမှာ ယူနိုက်တက်မှာ ကစားသမား ထွက်ခွာမှုတွေ ဆက်လာဖွယ် ရှိသေးကြောင်း နည်းပြ ဆိုးရှားက ဝန်ခံခဲ့ပါတယ်။
ဒဏ်ရာကြောင့် လီဗာပူးရဲ့ နောက်ဆုံး ၃ ပွဲကို လွဲချော်ခဲ့တဲ့ ဂျိုဝယ် မာတစ်ဟာ အခု အသင်းနဲ့ လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်တာကြောင့် မနက်ဖြန် ယူနိုက်တက်နဲ့ တွေ့ရမယ့် ပွဲအတွက် လီဗာပူးရဲ့ ဗဟိုခံစစ်မှာ အားတက်စရာ ဖြစ်စေခဲ့ပါတယ်။
ဘန်လေနဲ့ ပွဲအပြီးမှာ ကြွက်သား နာကျင်မှု ကိုယ်စီ ရှိခဲ့ကြတဲ့ မာရှယ်နဲ့ မာတစ်တို့ နှစ်ဦးကို လီဗာပူးနဲ့ ပွဲမှာ ပါဝင်ကစားသင့် မသင့် စနေနေ့မှာ စစ်ဆေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Zawgyi – ဘရူနို ဖာနန္ဒက္စ္ရဲ႕ ယူနိုက္တက္ အတြက္ သြင္းဂိုး ၁၅ ဂိုးထဲမွာ ပင္နယ္တီ သြင္းဂိုး ၇ ဂုိးထိ ပါ၀င္ေနတဲ့ အေပၚ ေ၀ဖန္မႈေတြ ရွိေနေပမယ့္ ေပၚတူဂီသားကေတာ့ ထို ေျပာစကားမ်ားကို နားေထာင္မေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ကေလာ့ပ္ဟာ ေဒါ့မြန္မွာ ရွိေနစဥ္အတြင္း ယူႏိုက္တက္ နည္းျပလုပ္ဖို႔ ကမ္းလွမ္းခံခဲ့ရေပမယ့္ ထိပ္တန္းကလပ္ဆီ ေျပာင္းေ႐ႊ႕ဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ယူဆခဲ့တာေၾကာင့္ သူတို႔ကို ျငင္းပယ္ခဲ့ၿပီး လီဗာပူးဆီ ေရာက္လာခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
လူငယ္ ကစားသမားသစ္ေလး အာမက္ ဒီယာလိုဟာ ယူနိုက္တက္နဲ႕ ထရိန္နင္မွာ ပါ၀င္ေလ့က်င့္ေနျပီ ျဖစ္ျပီး လီဗာပူးနဲ႕ ပြဲမွာလည္း လူစာရင္းမွာ ပါ၀င္လာနုိင္ေၾကာင္း ဆိုးရွားက အရိပ္အျမြက္ ဆိုခဲ့ပါတယ္။
ဖိုဆုမန္ဆာ ထြက္ခြာသြားျပီးေပမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလထဲမွာ ယူနိုက္တက္မွာ ကစားသမား ထြက္ခြာမႈေတြ ဆက္လာဖြယ္ ရွိေသးေၾကာင္း နည္းျပ ဆိုးရွားက ၀န္ခံခဲ့ပါတယ္။
ဒဏ္ရာေၾကာင့္ လီဗာပူးရဲ႕ ေနာက္ဆုံး ၃ ပြဲကို လြဲေခ်ာ္ခဲ့တဲ့ ဂ်ိဳဝယ္ မာတစ္ဟာ အခု အသင္းနဲ႔ ေလ့က်င့္ေရးျပန္ဆင္းေနၿပီျဖစ္တာေၾကာင့္ မနက္ျဖန္ ယူႏိုက္တက္နဲ႔ ေတြ႕ရမယ့္ ပြဲအတြက္ လီဗာပူးရဲ႕ ဗဟိုခံစစ္မွာ အားတက္စရာ ျဖစ္ေစခဲ့ပါတယ္။
ဘန္ေလနဲ႕ ပြဲအျပီးမွာ ၾကြက္သား နာက်င္မႈ ကိုယ္စီ ရွိခဲ့ၾကတဲ့ မာရွယ္နဲ႕ မာတစ္တို႔ နွစ္ဦးကို လီဗာပူးနဲ႕ ပြဲမွာ ပါ၀င္ကစားသင့္ မသင့္ စေနေန႔မွာ စစ္ေဆး ဆံုးျဖတ္မွာ ျဖစ္ပါတယ္။
