ချယ်ဆီးအသင်းဟာ ညက ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ မေဆန်မောင့်ရဲ့ ၇၈မိနစ်သွင်းဂိုးနဲ့ပဲ ချယ်ဆီးက နိုင်ပွဲရခဲ့ ပါတယ်။ တီမိုဗာနာဟာ ဂိုးသမားနဲ့တစ်ယောက်ချင်းတွေ့တဲ့အခါ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းကို လွဲချော်ခဲ့တာကြောင့် ဂိုးပေါက်ပျောက်မှု ၁၀ပွဲဆက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဖူလ်ဟမ်အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ပွဲမှာ ချယ်ဆီးအတွက် တစ်လုံးတည်းသော သွင်းဂိုးရှင် မေဆန်မောင့်ကို နည်းပြ လမ်းပတ်က ချီးကျူးခဲ့ပြီး ၎င်းဟာ သူ၂၂နှစ် အရွယ်တုန်းကထက် ပိုကောင်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး ဂိုးရမယ့်အခွင့်အရေးကြီးကို ထပ်မံလွဲချော်ခဲ့တဲ့ တီမိုဗာနာအပေါ် လမ်းပတ်က အပြစ်မတင်ခဲ့ဘဲ သူ့အနေနဲ့ ဂိုးတွေသွင်းယူနိုင်ဖို့ လေ့ကျင့်ရေးမှာ ဆက်ပြီးကြိုးစားဖို့လိုတယ်လို့ အကြံပေးခဲ့ပါတယ်။
အိုဒွိုင်းဟာ အက်ဖ်အေဖလားပွဲမှာ အထင်ကြီးစရာ လုပ်ပြခဲ့သည့်တိုင် ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်ခွင့် မရခဲ့ပဲ နောက်ဆုံး ၁၅မိနစ်မှာမှ လူစားဝင် ကစားခဲ့ရတဲ့နောက် လမ်းပတ်ကတော့ သူဟာ နောက်ပွဲတွေမှာ ကစားချိန်တွေ အများကြီး ပိုရလာမှာပါလို့ ကတိပေးခဲ့ပါတယ်။
မေဆန်မောင့်ဟာ အနိုင်ဂိုး သွင်းရှင်အဖြစ် ချီးကျူးမှုများစွာ ရရှိခဲ့သလို သူဟာ ကစားသမားသစ်တွေ အားလုံးကိုကျော်ပြီး ချယ်ဆီးရဲ့ အကောင်းဆုံး ကစားသမားဖြစ်သလို နေရာအစုံမှာကစားနိုင်ပြီး ဂိုးတွေသွင်းယူနိုင်တယ်လို့ ဂယ်ရီလိုင်ကာက မှတ်ချက်ပေးခဲ့ပါတယ်။
လိဂ်၆ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့တဲ့ ချယ်ဆီးဟာ ဇယားထိပ်ကနေကျဆင်းခဲ့ပြီး ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် အခုနိုင်ပွဲကြောင့် အဆင့်၄က မန်စီးတီးနဲ့ ၃မှတ်သာ ကွာဟတော့သလို ဒါက သူတို့အတွက် ယုံကြည်မှုတွေ ရရှိစေမှာဖြစ်တယ်လို့ ဂျေမီ ရက်နပ်က ပြောဆိုခဲ့ပါတယ်။
လမ်းပတ်အတွက် အပတ်တိုင်း ပွဲတိုင်းမှာ လူစာရင်းရွေးချယ်တဲ့အခါ ချန်လှပ်ထားလို့ မရတဲ့ ကစားသမားတွေက မေဆန်မောင့်၊ မန်ဒီ၊ သီယာဂို ဆေးဗားနဲ့ ဘင်ချီဝဲတို့ ဖြစ်ပြီး မောင့်အနေနဲ့ ဂိုးတွေပိုသွင်းဖို့ လိုအပ်တယ်လို့ ရက်နပ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ကစားသမားတွေအနေနဲ့ သူတို့ဝတ်ထားတဲ့ ဂျာစီတွေကို မပေးဖို့ ကိုဗစ်စည်းကမ်းသစ် ထုတ်ထားတာဖြစ်သလို သီယာဂိုဆေးဗားဟာ ဖူလ်ဟမ်က ဆောက်လုပ်ရေး လုပ်သားကို သူ့နိုင်ပွဲဂျာစီ ပေးခဲ့တဲ့အတွက် အပြစ်ပေးခံရနိုင်ခြေ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ဖူလ္ဟမ္နဲ႕ ပရီးမီးယားလိဂ္ ပြဲမွာ ေမဆန္ေမာင့္ရဲ႕ ၇၈မိနစ္သြင္းဂိုးနဲ႔ပဲ ခ်ယ္ဆီးက ႏိုင္ပြဲရခဲ့ ပါတယ္။ တီမိုဗာနာဟာ ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းေတြ႕တဲ့အခါ ဂိုးသြင္းႏိုင္မယ့္ အခြင့္အေရးေကာင္းကို လြဲေခ်ာ္ခဲ့တာေၾကာင့္ ဂိုးေပါက္ေပ်ာက္မႈ ၁၀ပြဲဆက္ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။
ဖူလ္ဟမ္အိမ္ကြင္းမွာ ခက္ခက္ခဲခဲ ကစားခဲ့ရတဲ့ပြဲမွာ ခ်ယ္ဆီးအတြက္ တစ္လုံးတည္းေသာ သြင္းဂိုးရွင္ ေမဆန္ေမာင့္ကို နည္းျပ လမ္းပတ္က ခ်ီးက်ဴးခဲ့ၿပီး ၎ဟာ သူ၂၂ႏွစ္ အ႐ြယ္တုန္းကထက္ ပိုေကာင္းခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဖူလ္ဟမ္နဲ႔ပြဲမွာ လူစားဝင္ကစားခဲ့ၿပီး ဂိုးရမယ့္အခြင့္အေရးႀကီးကို ထပ္မံလြဲေခ်ာ္ခဲ့တဲ့ တီမိုဗာနာအေပၚ လမ္းပတ္က အျပစ္မတင္ခဲ့ဘဲ သူ႔အေနနဲ႔ ဂိုးေတြသြင္းယူႏိုင္ဖို႔ ေလ့က်င့္ေရးမွာ ဆက္ၿပီးႀကိဳးစားဖို႔လိုတယ္လို႔ အႀကံေပးခဲ့ပါတယ္။
အိုဒြိဳင္းဟာ အက္ဖ္ေအဖလားပြဲမွာ အထင္ႀကီးစရာ လုပ္ျပခဲ့သည့္တိုင္ ဖူလ္ဟမ္နဲ႔ပြဲမွာ ပြဲထြက္ခြင့္ မရခဲ့ပဲ ေနာက္ဆုံး ၁၅မိနစ္မွာမွ လူစားဝင္ ကစားခဲ့ရတဲ့ေနာက္ လမ္းပတ္ကေတာ့ သူဟာ ေနာက္ပြဲေတြမွာ ကစားခ်ိန္ေတြ အမ်ားႀကီး ပိုရလာမွာပါလို႔ ကတိေပးခဲ့ပါတယ္။
ေမဆန္ေမာင့္ဟာ အႏိုင္ဂိုး သြင္းရွင္အျဖစ္ ခ်ီးက်ဴးမႈမ်ားစြာ ရရွိခဲ့သလို သူဟာ ကစားသမားသစ္ေတြ အားလုံးကိုေက်ာ္ၿပီး ခ်ယ္ဆီးရဲ႕ အေကာင္းဆုံး ကစားသမားျဖစ္သလို ေနရာအစုံမွာကစားႏိုင္ၿပီး ဂိုးေတြသြင္းယူႏိုင္တယ္လို႔ ဂယ္ရီလိုင္ကာက မွတ္ခ်က္ေပးခဲ့ပါတယ္။
လိဂ္၆ပြဲမွာ ၁ပြဲသာ အႏိုင္ရခဲ့တဲ့ ခ်ယ္ဆီးဟာ ဇယားထိပ္ကေနက်ဆင္းခဲ့ၿပီး ေဝဖန္မႈေတြ ရွိခဲ့ေပမယ့္ အခုႏိုင္ပြဲေၾကာင့္ အဆင့္၄က မန္စီးတီးနဲ႔ ၃မွတ္သာ ကြာဟေတာ့သလို ဒါက သူတို႔အတြက္ ယုံၾကည္မႈေတြ ရရွိေစမွာျဖစ္တယ္လို႔ ေဂ်မီ ရက္နပ္က ေျပာဆိုခဲ့ပါတယ္။
လမ္းပတ္အတြက္ အပတ္တိုင္း ပြဲတိုင္းမွာ လူစာရင္းေ႐ြးခ်ယ္တဲ့အခါ ခ်န္လွပ္ထားလို႔ မရတဲ့ ကစားသမားေတြက ေမဆန္ေမာင့္၊ မန္ဒီ၊ သီယာဂို ေဆးဗားနဲ႔ ဘင္ခ်ီဝဲတို႔ ျဖစ္ၿပီး ေမာင့္အေနနဲ႔ ဂိုးေတြပိုသြင္းဖို႔ လိုအပ္တယ္လို႔ ရက္နပ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
ကစားသမားေတြအေနနဲ႔ သူတို႔ဝတ္ထားတဲ့ ဂ်ာစီေတြကို မေပးဖို႔ ကိုဗစ္စည္းကမ္းသစ္ ထုတ္ထားတာျဖစ္သလို သီယာဂိုေဆးဗားဟာ ဖူလ္ဟမ္က ေဆာက္လုပ္ေရး လုပ္သားကို သူ႔ႏိုင္ပြဲဂ်ာစီ ေပးခဲ့တဲ့အတြက္ အျပစ္ေပးခံရႏိုင္ေျခ ရွိေနပါတယ္။
