သရဲနီဟောင်း ပေါအင့်ကတော့ လီဗာပူးကို သွားရောက် ရင်ဆိုင်ရာမှာ နည်းပြဟောင်း မော်ရင်ညိုကဲ့သို့ ဘတ်စ် ခံစစ်ပိတ် ကစားကွက် ခင်းသွားတဲ့ ယူနိုက်တက် နည်းပြ ဆိုးရှားကို စိတ်ပျက်နေပါတယ်။
ယူနိုက်တက်အတွက် လက်ရှိ ဖလားစိန်ခေါ်သူ အဖြစ်ကနေ ဖလားအောင်မြင်သူဖြစ်ဖို့ တွန်းအားအနည်းငယ် လိုအပ်နေသေးတယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပြီး သူတို့ရဲ့ ဖလားမျှော်လင့်ချက်က ပေါ့ဘာရဲ့ ခြေစွမ်းအပေါ် မူတည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကွင်းလယ် ကစားသမား ပေါ့ဘာ ဟာ မှော်ဆန်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ဒါတွေကို ပြသဖို့ မှန်ကန်တဲ့ ဗျူဟာ မျိုးသာ လိုတယ်လို့ ဆာဟာက ထောက်ပြသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ရေဒါထဲမှာ ရှိနေတဲ့ ဒေါ့မွန် တိုက်စစ်ကြယ်ပွင့် ဟာလန်းကို ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်ဆီးက ကစားသမား ရဲ့ စာချုပ် ဖျက်သိမ်းကြေးထက် ပိုပေးကာ လာမယ့်နွေမှာ ခေါ်ဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်နဲ့ သရေကျခဲ့ပြီးနောက် ယာဂန်ကလော့ပ်ကတော့ လီဗာပူး ကစားသမားတွေအနေနဲ့ အခုချိန်မှာ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုကို ခဏမေ့ထားပြီး ထိပ်ဆုံး၄သင်းထဲဝင်ဖို့ကိုပဲ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရတော့မယ်လို့ သတိပေးခဲ့ပါတယ်။
အသင်းခေါင်းဆောင် မက်ဂွဲရား ဟာ လီဗာပူးနဲ့ ပွဲမှာ ပြိုင်ဘက်ရဲ့ ကန်ချက် ၅ ကြိမ်ကို ပိတ်ဆို့ ကာကွယ် သွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပွဲ တစ်ပွဲမှာ အများဆုံး အကြိမ်ရေ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – သရဲနီေဟာင္း ေပါအင့္ကေတာ့ လီဗာပူးကို သြားေရာက္ ရင္ဆိုင္ရာမွာ နည္းျပေဟာင္း ေမာ္ရင္ညိဳကဲ့သို႔ ဘတ္စ္ ခံစစ္ပိတ္ ကစားကြက္ ခင္းသြားတဲ့ ယူနိုက္တက္ နည္းျပ ဆိုးရွားကို စိတ္ပ်က္ေနပါတယ္။
ယူႏိုက္တက္အတြက္ လက္ရွိ ဖလားစိန္ေခၚသူ အျဖစ္ကေန ဖလားေအာင္ျမင္သူျဖစ္ဖို႔ တြန္းအားအနည္းငယ္ လိုအပ္ေနေသးတယ္လို႔ ဂယ္ရီနဗီးက ယုံၾကည္ေနၿပီး သူတို႔ရဲ႕ ဖလားေမွ်ာ္လင့္ခ်က္က ေပါ့ဘာရဲ႕ ေျခစြမ္းအေပၚ မူတည္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ကြင္းလယ္ ကစားသမား ေပါ့ဘာ ဟာ ေမွာ္ဆန္တဲ့ အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားသူ ျဖစ္ျပီး ဒါေတြကို ျပသဖို႔ မွန္ကန္တဲ့ ဗ်ဴဟာ မ်ိဳးသာ လိုတယ္လို႔ ဆာဟာက ေထာက္ျပသြားခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ေရဒါထဲမွာ ရွိေနတဲ့ ေဒါ့မြန္ တိုက္စစ္ၾကယ္ပြင့္ ဟာလန္းကို ပရီးမီးယားလိဂ္ျပိဳင္ဘက္ ခ်ယ္ဆီးက ကစားသမား ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးထက္ ပိုေပးကာ လာမယ့္ေႏြမွာ ေခၚဖို႔ ျပင္ဆင္ေနပါတယ္။
ယူႏိုက္တက္နဲ႔ သေရက်ခဲ့ၿပီးေနာက္ ယာဂန္ကေလာ့ပ္ကေတာ့ လီဗာပူး ကစားသမားေတြအေနနဲ႔ အခုခ်ိန္မွာ ပရီးမီးယားလိဂ္ဖလား ၿပိဳင္ဆိုင္မႈကို ခဏေမ့ထားၿပီး ထိပ္ဆုံး၄သင္းထဲ ဝင္ဖို႔ကိုပဲ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ရေတာ့မယ္လို႔ သတိေပးခဲ့ပါတယ္။
အသင္းေခါင္းေဆာင္ မက္ဂြဲရား ဟာ လီဗာပူးနဲ႕ ပြဲမွာ ျပိဳင္ဘက္ရဲ႕ ကန္ခ်က္ ၅ ၾကိမ္ကို ပိတ္ဆို႔ ကာကြယ္ သြားနိုင္ခဲ့ျပီး ပရီးမီးယားလိဂ္ ပြဲ တစ္ပြဲမွာ အမ်ားဆံုး အၾကိမ္ေရ ျဖစ္တယ္လို႔ သိရပါတယ္။
