ယူနိုက်တက်နောက်ခံလူ မားကို့စ် ရိုဂျိုဟာ ကလပ်မှာ နေရာမရခဲ့တဲ့နောက် ၇နှစ်တာ သရဲနီကစားသမားဘဝကို အဆုံးသတ်ဖို့ ပြင်နေပြီး အာဂျင်တီးနားကို ပြန်ဖို့ ဘိုကာ ဂျူနီယာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပေမယ် ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ လီဗာပူးနဲ့ပွဲမှာ ဘာအကျိုးသက်ရောက်မှုမှ မလုပ်နိုင်ခဲ့တဲ့နောက် ကွင်းလယ်လူအနေနဲ့ ပင်ပန်းနေပုံပေါ်ပြီး သူ့ကို အနားပေးသင့်တယ် လို့ တိုက်တွန်းမှုတွေ ရှိခဲ့ပေမယ့် သူက အားပြန်ဖြည့်ဖို့ အချိန် သက်သက်မလိုဘူးလို့ ဆိုးရှားက တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်လူ ဟွမ်မာတာရဲ့လက်ရှိစာချုပ်က ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ်စာချုပ် သက်တမ်းတိုးခွင့် ပါဝင်ပေမယ့် ယူနိုက်တက် က သူ့အနာဂတ်အပေါ် ဘာဆုံးဖြတ်ချက်မှ မချရသေးဘူးလို့ ဆိုးရှားက အတည်ပြုခဲ့ပါတယ်။
ဆိုးရှားက သူဟာ ယူနိုက်တက်ကို နည်းပြဖို့ သင့်တော်တဲ့သူဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပြီလို့ ပြောဆိုခဲ့ပေမယ့် အမှတ်ပေးဇယား ထိပ်ကို တက်ဖို့ လွယ်သလောက် ဒီနေရာမှာ မြဲအောင်နေဖို့က အများကြီး ပိုခက်ခဲတယ်လို့ ဝန်ခံခဲ့ပါတယ်။
ယခင်က မော်ရင်ညိုလိုမျိုး တစ်ခုခုဖြစ်ရင် လူသိရှင်ကြား ထုတ်ပြောတဲ့နည်းကို ဖယ်ရှားခဲ့ပြီးတော့ ကစားသမားတွေနဲ့ တစ်ယောက်ချင်း ပုံမှန် စကားပြောပြီး ရင်းနှီးအောင်နေတာက သူတို့ရဲ့ အကောင်းဆုံးပုံစံကိုရရှိစေတဲ့ အဓိကအချက်ဖြစ်တယ်လို့ ဆိုးရှားက ဆိုပါတယ်။
ဒီနေ့ပွဲဟာ ယူနိုက်တက်ရဲ့ ပထမရာသီဝက် အဆုံးသတ် ဖြစ်သလို တစ်သင်းလုံးရဲ့ အားထုတ်မှုနဲ့ ဇယားထိပ်ကို ရောက်ရှိခဲ့ပေမယ့် နည်းနည်း ခြေချော်တာနဲ့ အပြောင်းအလဲ ဖြစ်သွားနိုင်တာကိုသိထားပြီး ခြေစွမ်းတည်ငြိမ်မှုကို ထိန်းသိမ်းထားရမယ်လို့ ဆိုးရှားက သတိပေးခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ ေနာက္ခံလူ မားကို႔စ္ ႐ိုဂ်ိဳဟာ ကလပ္မွာ ေနရာမရခဲ့တဲ့ေနာက္ ၇ႏွစ္တာ သရဲနီကစားသမားဘဝကို အဆုံးသတ္ဖို႔ ျပင္ေနၿပီး အာဂ်င္တီးနားကို ျပန္ဖို႔ ဘိုကာ ဂ်ဴနီယာနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရခဲ့ေပမယ္ ေျပာင္းေ႐ႊ႕ေၾကးအတြက္ ညႇိႏႈိင္းေနဆဲ ျဖစ္ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လီဗာပူးနဲ႔ပြဲမွာ ဘာအက်ိဳးသက္ေရာက္မႈမွ မလုပ္ႏိုင္ခဲ့တဲ့ေနာက္ ကြင္းလယ္လူအေနနဲ႔ ပင္ပန္းေနပုံေပၚၿပီး သူ႔ကို အနားေပးသင့္တယ္ လို႔ တိုက္တြန္းမႈေတြ ရွိခဲ့ေပမယ့္ သူက အားျပန္ျဖည့္ဖို႔ အခ်ိန္ သက္သက္မလိုဘူးလို႔ ဆိုးရွားက တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။
ကြင္းလယ္လူ ဟြမ္မာတာရဲ႕လက္ရွိစာခ်ဳပ္က ဇြန္လမွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး တစ္ႏွစ္စာခ်ဳပ္ သက္တမ္းတိုးခြင့္ ပါဝင္ေပမယ့္ ယူႏိုက္တက္ က သူ႔အနာဂတ္အေပၚ ဘာဆုံးျဖတ္ခ်က္မွ မခ်ရေသးဘူးလို႔ ဆိုးရွားက အတည္ျပဳခဲ့ပါတယ္။
ဆိုးရွားက သူဟာ ယူႏိုက္တက္ကို နည္းျပဖို႔ သင့္ေတာ္တဲ့သူျဖစ္တယ္ဆိုတာ သက္ေသျပခဲ့ၿပီလို႔ ေျပာဆိုခဲ့ေပမယ့္ အမွတ္ေပးဇယား ထိပ္ကို တက္ဖို႔ လြယ္သေလာက္ ဒီေနရာမွာ ၿမဲေအာင္ေနဖို႔က အမ်ားႀကီး ပိုခက္ခဲတယ္လို႔ ဝန္ခံခဲ့ပါတယ္။
ယခင္က ေမာ္ရင္ညိဳလိုမ်ိဳး တစ္ခုခုျဖစ္ရင္ လူသိရွင္ၾကား ထုတ္ေျပာတဲ့နည္းကို ဖယ္ရွားခဲ့ၿပီးေတာ့ ကစားသမားေတြနဲ႔ တစ္ေယာက္ခ်င္း ပုံမွန္ စကားေျပာၿပီး ရင္းႏွီးေအာင္ေနတာက သူတို႔ရဲ႕ အေကာင္းဆုံးပုံစံကိုရရွိေစတဲ့ အဓိကအခ်က္ျဖစ္တယ္လို႔ ဆိုးရွားက ဆိုပါတယ္။
ဒီေန႔ပြဲဟာ ယူႏိုက္တက္ရဲ႕ ပထမရာသီဝက္ အဆုံးသတ္ ျဖစ္သလို တစ္သင္းလုံးရဲ႕ အားထုတ္မႈနဲ႔ ဇယားထိပ္ကို ေရာက္ရွိခဲ့ေပမယ့္ နည္းနည္း ေျခေခ်ာ္တာနဲ႔ အေျပာင္းအလဲ ျဖစ္သြားႏိုင္တာကိုသိထားၿပီး ေျခစြမ္းတည္ၿငိမ္မႈကို ထိန္းသိမ္းထားရမယ္လို႔ ဆိုးရွားက သတိေပးခဲ့ပါတယ္။
