ဖူလ်ဟမ်နဲ့ ပွဲမှာ ပေါလ်ပေါ့ဘာဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ တွဲကစားနိုင်တယ်ဆိုတာကို သက်သေပြခဲ့တယ်လို့ ရီယိုဖာဒီနန်က ယုံကြည်နေသလို ပြင်သစ် ကွင်းလယ်လူက ပုံစံကောင်းမှာ ရှိနေရင် အကောင်းဆုံး ကစားသမားပဲလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ယူနိုက်တက်မှာ ရှိတဲ့ အခြားတိုက်စစ်သမားတွေ မပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံတွေနဲ့ အရည်အချင်းကောင်းတွေ ရှိနေသူ ဖြစ်တယ်လို့ ပေါ့ဘာက ချီးကျူးခဲ့ပါတယ်။

အင်တာမီလန်မှာ ရုန်းကန်နေရတဲ့ စပါး ကွင်းလယ်ဟောင်း အဲရစ်ဆန် ကို ခေါ်ဖို့ ယူနိုက်တက်က ကမ်းလှမ်းမှု ရထားတယ်လို့ သတင်းထွက် ပေါ်နေပါတယ်။ ၎င်းက အသင်းဟောင်း စပါးနဲ့လည်း ပြန် ချိတ်ဆက်နေပါတယ်။
တခါတလေမှာ သက်တောင့်သက်သာ နိုင်ပွဲရချင်ပေမယ့် ပွဲတွေက အမြဲတမ်း လွယ်ကူမှာ မဟုတ်သလို ခဏ အတွင်း ဖူလ်ဟမ် ကို ၁ဂိုး စပေး လိုက်ရတာက တကယ် လိုအပ်ခဲ့တဲ့ အရာဖြစ်ပြီး အဲ့ဒါမှ ယူနိုက်တက်က သတိဝင်ပြီး နိုးကြားလာခဲ့တာ ဖြစ်တယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
ရက်ဖို့ဒ်က ကိုဗစ် အကြပ်အတည်း ကာလအတွင်းမှာ သူနဲ့ အတူ လူမှုရေး လုပ်ငန်းများ ပါဝင် ကူညီခဲ့တဲ့ အင်္ဂလန်အသင်းဖော် နှစ်ဦး ဖြစ်တဲ့ မောင့်နဲ့ ရီစီ ဂျိမ်းစ်ကို ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
ရီယို ဖာဒီနန်က ဖူလ်ဟမ် ဘက် ပေးလိုက်ရတဲ့ ဂိုးမှာ ယူနိုက်တက် ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ မက်ဂွဲရားနဲ့ ဘိုင်လီတို့ မကာကွယ်နိုင်ခဲ့တဲ့ အပေါ် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

Zawgyi – ဖူလ္ဟမ္နဲ႕ ပြဲမွာ ေပါလ္ေပါ့ဘာဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ တြဲကစားႏိုင္တယ္ဆိုတာကို သက္ေသျပခဲ့တယ္လို႔ ရီယိုဖာဒီနန္က ယုံၾကည္ေနသလို ျပင္သစ္ ကြင္းလယ္လူက ပုံစံေကာင္းမွာ ရွိေနရင္ အေကာင္းဆုံး ကစားသမားပဲလို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
၀ါရင့္ တိုက္စစ္မွဴး ကာဗာနီဟာ ယူနိုက္တက္မွာ ရွိတဲ့ အျခားတိုက္စစ္သမားေတြ မပိုင္ဆိုင္ထားတဲ့ အေတြ႔အၾကံဳေတြနဲ႕ အရည္အခ်င္းေကာင္းေတြ ရွိေနသူ ျဖစ္တယ္လို႔ ေပါ့ဘာက ခ်ီးက်ဴးခဲ့ပါတယ္။
အင္တာမီလန္မွာ ရုန္းကန္ေနရတဲ့ စပါး ကြင္းလယ္ေဟာင္း အဲရစ္ဆန္ ကို ေခၚဖို႔ ယူနိုက္တက္က ကမ္းလွမ္းမႈ ရထားတယ္လို႔ သတင္းထြက္ ေပၚေနပါတယ္။ ၄င္းက အသင္းေဟာင္း စပါးနဲ႕လည္း ျပန္ ခ်ိတ္ဆက္ေနပါတယ္။
တခါတေလမွာ သက္ေတာင့္သက္သာ ႏိုင္ပြဲရခ်င္ေပမယ့္ ပြဲေတြက အၿမဲတမ္း လြယ္ကူမွာ မဟုတ္သလို ခဏ အတြင္း ဖူလ္ဟမ္ ကို ၁ဂိုး စေပး လိုက္ရတာက တကယ္ လိုအပ္ခဲ့တဲ့ အရာျဖစ္ၿပီး အဲ့ဒါမွ ယူႏိုက္တက္က သတိဝင္ၿပီး ႏိုးၾကားလာခဲ့တာ ျဖစ္တယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။
ရက္ဖို႔ဒ္က ကိုဗစ္ အၾကပ္အတည္း ကာလအတြင္းမွာ သူနဲ႕ အတူ လူမႈေရး လုပ္ငန္းမ်ား ပါ၀င္ ကူညီခဲ့တဲ့ အဂၤလန္အသင္းေဖာ္ နွစ္ဦး ျဖစ္တဲ့ ေမာင့္နဲ႕ ရီစီ ဂ်ိမ္းစ္ကို ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။
ရီယို ဖာဒီနန္က ဖူလ္ဟမ္ ဘက္ ေပးလုိက္ရတဲ့ ဂိုးမွာ ယူနိုက္တက္ ခံစစ္မွဴး နွစ္ဦး ျဖစ္တဲ့ မက္ဂြဲရားနဲ႕ ဘိုင္လီတို႔ မကာကြယ္နုိင္ခဲ့တဲ့ အေပၚ ေ၀ဖန္ျပစ္တင္ခဲ့ပါတယ္။
