ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ(27/01/21)

သောမတ်စ်တူချယ်ဟာ ချယ်ဆီးနည်းပြ ဖြစ်လာလာချင်းမှာပဲ အပြောင်းအရွှေ့ စိန်ခေါ်မှု တစ်ခုကို ကိုင်တွယ်ရတော့မှာဖြစ်ပြီး အပြောင်း အလဲတွေကြောင့် ကလပ်မှာ မတည်မငြိမ် ဖြစ်နေတဲ့ ကန်တေက သူ့အစီအစဉ်မှာ အရေးပါတယ်ဆိုတာ သူယုံကြည်အောင် ဆွဲဆောင်ရဦးမှာပါ။

သောမတ်စ်တူချယ်ဟာ ချယ်ဆီးလူငယ်ကစားသမားတွေအပေါ် ယုံကြည်မှု ထားရှိဦးမှာ ဖြစ်ပေမယ့် ဒီနွေမှာ တိုက်စစ်မှူး တစ်ယောက် ခေါ်ယူလိုပြီး ဟာလန်းက နံပါတ်၁ ပစ်မှတ် ဖြစ်သလို လမ်းပတ်မရှိတော့တဲ့နောက် ဒီကလန်ရိုက်စ်ကိုခေါ်ဖို့လဲ မကြိုးစားတော့ပါဘူး။

တူချယ်ဟာ အခုမှ ချယ်ဆီးနည်းပြ ဖြစ်လာပေမယ့် တိုက်စစ်မှူးဟောင်း ခရစ်ဆက်တန်ကတော့ ကြိုတင် မကောင်းမြင်နေပြီး နောက်ဆုံးမှာ သူလဲ ဘုတ်အဖွဲ့နဲ့ ပြဿနာဖြစ်ပြီးတော့ မျက်ရည်တွေနဲ့ အဆုံးသတ်သွားရမှာပဲလို့ ပြောဆိုခဲ့ပါတယ်။

ရူဒီဂါဟာ အသင်းသားတွေထဲမှာ အနှောင့်အယှက်ဖြစ်စေပြီး ကွီတာနဲ့ ပြဿနာ ဖြစ်ခဲ့တာတွေက လမ်းပတ် ထုတ်ပယ်ခံရဖို့ အကြောင်းရင်းတွေ ဖြစ်ခဲ့ပေမယ့် အေဘရာဟမ်ကတော့ သူက ချယ်ဆီးအသင်းအတွက် အစ်ကိုကြီးတစ်ယောက်လိုပဲလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

အော်စကာဟာ အခုချိန်မှာ တရုတ်ကနေ ထွက်ခွာဖို့ မစဉ်းစားသေးပေမယ့် ကစားသမားဘဝကနေ အနားမယူခင်မှာတော့ သူ့အတွက် လှပတဲ့ ဇာတ်လမ်းတစ်ခုရှိခဲ့ပြီး သတိရနေဆဲဖြစ်တဲ့ ချယ်ဆီးထံ ပြန်သွားချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

တူချယ်ဟာ ပီအက်စ်ဂျီမှာ နည်းပြအလုပ်တင်မက နိုင်ငံရေးအကြောင်း မကြာခဏ ပြောတတ်သလို သူ့အနေနဲ့ ချယ်ဆီးမှာ ဒါတွေကို မပြောမိဖို့ ရှောင်ကြဉ်ရမှာဖြစ်ပြီး မဟုတ်ရင် ကလပ်ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်နဲ့ ပြဿနာတက်လိမ့်မယ်လို့ စတိဗ် နီကိုးက သတိပေးခဲ့ပါတယ်။

ချယ်ဆီး နောက်ခံလူ ဘာဘာရာမန်ဟာ ကလပ်မှာ နေရာရဖို့ရုန်းကန်ခဲ့ရပြီး လက်ကျန် ရာသီအတွက် တူချယ်ရဲ့ အစီအစဉ်မှာလည်း မပါဝင်သလို လာမယ့်ရက်တွေအတွင်းမှာ ဂရိကလပ် PAOK ထံ ၆လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ကလပ်မှာ ရုန်းကန်နေရတဲ့ တီမိုဗာနာအနေနဲ့ လိဂ်အသစ်မှာ အသားကျဖို့ မလွယ်ကူသလို ဆက်လက် ကြိုးစားရင်နောက်ဆုံးမှာ ပျောက်ဆုံးနေတဲ့ သွင်းဂိုးတွေ ရရှိလာလိမ့်မယ်လို့ တန်မီအေဘရာဟမ်က ထောက်ခံပြောဆိုခဲ့ပါတယ်။

Zawgyi – ေသာမတ္စ္တူခ်ယ္ဟာ ခ်ယ္ဆီးနည္းျပ ျဖစ္လာလာခ်င္းမွာပဲ အေျပာင္းအေ႐ႊ႕ စိန္ေခၚမႈ တစ္ခုကို ကိုင္တြယ္ရေတာ့မွာျဖစ္ၿပီး အေျပာင္း အလဲေတြေၾကာင့္ ကလပ္မွာ မတည္မၿငိမ္ ျဖစ္ေနတဲ့ ကန္ေတက သူ႔အစီအစဥ္မွာ အေရးပါတယ္ဆိုတာ သူယုံၾကည္ေအာင္ ဆြဲေဆာင္ရဦးမွာပါ။

ေသာမတ္စ္ တူခ်ယ္ဟာ ခ်ယ္ဆီးလူငယ္ကစားသမားေတြအေပၚ ယုံၾကည္မႈ ထားရွိဦးမွာ ျဖစ္ေပမယ့္ ဒီေႏြမွာ တိုက္စစ္မႉးတစ္ေယာက္ေခၚယူလိုၿပီး ဟာလန္းက နံပါတ္၁ ပစ္မွတ္ ျဖစ္သလို လမ္းပတ္ မရွိေတာ့တဲ့ေနာက္ ဒီကလန္႐ိုက္စ္ကိုေခၚဖို႔လဲ မႀကိဳးစားေတာ့ပါဘူး။

တူခ်ယ္ဟာ အခုမွ ခ်ယ္ဆီးနည္းျပ ျဖစ္လာေပမယ့္ တိုက္စစ္မႉးေဟာင္း ခရစ္ဆက္တန္ကေတာ့ ႀကိဳတင္ မေကာင္းျမင္ေနၿပီး ေနာက္ဆုံးမွာ သူလဲ ဘုတ္အဖြဲ႕နဲ႔ ျပႆနာျဖစ္ၿပီးေတာ့ မ်က္ရည္ေတြနဲ႔ အဆုံးသတ္သြားရမွာပဲလို႔ ေျပာဆိုခဲ့ပါတယ္။

႐ူဒီဂါဟာ အသင္းသားေတြထဲမွာ အေႏွာင့္အယွက္ျဖစ္ေစၿပီး ကြီတာနဲ႔ ျပႆနာ ျဖစ္ခဲ့တာေတြက လမ္းပတ္ ထုတ္ပယ္ခံရဖို႔ အေၾကာင္းရင္းေတြ ျဖစ္ခဲ့ေပမယ့္ ေအဘရာဟမ္ကေတာ့ သူက ခ်ယ္ဆီးအသင္းအတြက္ အစ္ကိုႀကီးတစ္ေယာက္လိုပဲလို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။

ေအာ္စကာဟာ အခုခ်ိန္မွာ တ႐ုတ္ကေန ထြက္ခြာဖို႔ မစဥ္းစားေသးေပမယ့္ ကစားသမားဘဝကေန အနားမယူခင္မွာေတာ့ သူ႔အတြက္လွပတဲ့ ဇာတ္လမ္းတစ္ခုရွိခဲ့ၿပီး သတိရေနဆဲျဖစ္တဲ့ ခ်ယ္ဆီးထံ ျပန္သြားခ်င္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

တူခ်ယ္ဟာ ပီအက္စ္ဂ်ီမွာ နည္းျပအလုပ္တင္မက ႏိုင္ငံေရးအေၾကာင္း မၾကာခဏ ေျပာတတ္သလို သူ႔အေနနဲ႔ ခ်ယ္ဆီးမွာ ဒါေတြကို မေျပာမိဖို႔ ေရွာင္ၾကဥ္ရမွာျဖစ္ၿပီး မဟုတ္ရင္ ကလပ္ပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္နဲ႔ ျပႆနာတက္လိမ့္မယ္လို႔ စတိဗ္ နီကိုးက သတိေပးခဲ့ပါတယ္။

ခ်ယ္ဆီး ေနာက္ခံလူ ဘာဘာရာမန္ဟာ ကလပ္မွာ ေနရာရဖို႔႐ုန္းကန္ခဲ့ရၿပီး လက္က်န္ ရာသီအတြက္ တူခ်ယ္ရဲ႕ အစီအစဥ္မွာလည္း မပါဝင္သလို လာမယ့္ရက္ေတြအတြင္းမွာ ဂရိကလပ္ PAOK ထံ ၆လအငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

ကလပ္မွာ ႐ုန္းကန္ေနရတဲ့ တီမိုဗာနာအေနနဲ႔ လိဂ္အသစ္မွာ အသားက်ဖို႔ မလြယ္ကူသလို ဆက္လက္ႀကိဳးစားရင္ ေနာက္ဆုံးမွာ ေပ်ာက္ဆုံးေနတဲ့ သြင္းဂိုးေတြ ရရွိလာလိမ့္မယ္လို႔ တန္မီေအဘရာဟမ္က ေထာက္ခံေျပာဆိုခဲ့ပါတယ္။