ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (27/01/21)

ယူနိုက်တက်နည်းပြ ဆိုးရှားဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင် ကစားကစားသစ်တွေ ရောက်ရှိလာဖို့ မမျှော်လင့်ထားပေမယ့် ရှိတဲ့အထဲက တစ်ယောက်၊ နှစ်ယောက်လောက် အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒီရယ်လိုဟာ ဇန်နဝါရီမှာ အတ္တလန္တာကနေ ရောက်ရှိလာပြီးတည်းက စီနီယာပွဲဦးထွက်ခွင့် မရရှိသေးပေမယ့် ဆိုးရှားကတော့ ၎င်းအတွက် နေရာကို သတ်မှတ်ထားပြီးဖြစ်ပြီး သူက ကလပ်ရဲ့ ညာတောင်ပံပြဿနာကို ဖြေရှင်းပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။

မေဆန်ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် ပထမရာသီမှာ တောက်ပခဲ့သလောက် ဒုတိယရာသီ ကျိန်စာမိနေပြီး ရုန်းကန်နေရသလို ကာဗာနီက သူ့အတွေ့အကြုံတွေနဲ့ ဂရင်းဝုဒ်ရဲ့ပြဿနာကိုကျော်ဖြတ်နိုင်အောင်ကူညီပေးနေတယ်လို့ ဆိုးရှားက ဆိုပါတယ်။

ဘရန်ဒန်ဝီလီယံဟာ မနှစ်က ဆိုးရှားလက်အောက်မှာ အောင်မြင်ခဲ့ပေမယ့် ဒီနှစ်မှာ အရန်လူသာ ဖြစ်ခဲ့သလို ပုံမှန်ကစားချိန်ရှာဖွေဖို့ အသင်းကနေ ထွက်ခွာဖို့ ပြင်နေပြီး ဆောက်သမ်တန်က သူ့ကို အငှားခေါ်ယူဖို့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးနဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရတဲ့နောက် ပရိသတ်တွေက စိုးရိမ်ခဲ့ကြပေမယ့် ဓာတ်မှန်ရလဒ်အရ အသေးစား ထိခိုက်မှုသာဖြစ်လို့ ရှက်ဖီးနဲ့ပွဲမှာ ဆိုးရှား သူ့ကို ကစားခွင့်ပေးမလားဆိုတာပဲ စောင့်ကြည့်ရတော့မှာပါ။

တွမ်ဇီဘီဟာ အဝတ်လဲခန်းအတွင်း လုပ်တာပြောတာတွေကအစ ခေါင်းဆောင်ပုံစံ ပေါက်နေပြီး ၎င်းက လူငယ်အရွယ်ပဲ ရှိသေးတာကြောင့် သင်ယူနေဆဲ ဖြစ်ပေမယ့် သူက အနာဂတ်မှာ အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ မက်ဂွိုင်းယားက ယုံကြည်နေပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်ပြီး ထွက်ခွာသွားရတော့မယ့် အီဂါလိုက နှုတ်ဆက်စကားဆိုခဲ့ပြီး ဒီကလပ်အတွက် ကစားပေးခဲ့ရတာ ဂုဏ်ယူစရာဖြစ်သလို တစ်ကြိမ် သရဲနီဖြစ်တာနဲ့ အမြဲတမ်း သရဲနီပါပဲလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္နည္းျပ ဆိုးရွားဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလ မကုန္ဆုံးခင္ ကစားကစားသစ္ေတြ ေရာက္ရွိလာဖို႔ မေမွ်ာ္လင့္ထားေပမယ့္ ရွိတဲ့အထဲက တစ္ေယာက္၊ ႏွစ္ေယာက္ေလာက္ အသင္းကေန ထြက္ခြာသြားႏိုင္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဒီရယ္လိုဟာ ဇန္နဝါရီမွာ အတၱလႏၲာကေန ေရာက္ရွိလာၿပီးတည္းက စီနီယာပြဲဦးထြက္ခြင့္ မရရွိေသးေပမယ့္ ဆိုးရွားကေတာ့ ၎အတြက္ ေနရာကို သတ္မွတ္ထားၿပီးျဖစ္ၿပီး သူက ကလပ္ရဲ႕ ညာေတာင္ပံျပႆနာကို ေျဖရွင္းေပးႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ေမဆန္ဂရင္းဝုဒ္ဟာ ယူႏိုက္တက္အတြက္ ပထမရာသီမွာ ေတာက္ပခဲ့သေလာက္ ဒုတိယရာသီ က်ိန္စာမိေနၿပီး ႐ုန္းကန္ေနရသလို ကာဗာနီက သူ႔အေတြ႕အႀကဳံေတြနဲ႔ ဂရင္းဝုဒ္ရဲ႕ျပႆနာကိုေက်ာ္ျဖတ္ႏိုင္ေအာင္ကူညီေပးေနတယ္လို႔ ဆိုးရွားက ဆိုပါတယ္။

ဘရန္ဒန္ဝီလီယံဟာ မႏွစ္က ဆိုးရွားလက္ေအာက္မွာ ေအာင္ျမင္ခဲ့ေပမယ့္ ဒီႏွစ္မွာ အရန္လူသာ ျဖစ္ခဲ့သလို ပုံမွန္ကစားခ်ိန္ရွာေဖြဖို႔ အသင္းကေန ထြက္ခြာဖို႔ ျပင္ေနၿပီး ေဆာက္သမ္တန္က သူ႔ကို အငွားေခၚယူဖို႔ ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ လီဗာပူးနဲ႔ပြဲမွာ ဒူးဒဏ္ရာရခဲ့ၿပီး ကြင္းထဲကေန ထြက္ခြာခဲ့ရတဲ့ေနာက္ ပရိသတ္ေတြက စိုးရိမ္ခဲ့ၾကေပမယ့္ ဓာတ္မွန္ရလဒ္အရ အေသးစား ထိခိုက္မႈသာျဖစ္လို႔ ရွက္ဖီးနဲ႔ပြဲမွာ ဆိုးရွား သူ႔ကို ကစားခြင့္ေပးမလားဆိုတာပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

တြမ္ဇီဘီဟာ အဝတ္လဲခန္းအတြင္း လုပ္တာေျပာတာေတြကအစ ေခါင္းေဆာင္ပုံစံ ေပါက္ေနျပီး ၄င္းက လူငယ္အ႐ြယ္ပဲ ရွိေသးတာေၾကာင့္ သင္ယူေနဆဲ ျဖစ္ေပမယ့္ သူက အနာဂတ္မွာ အသင္းေခါင္းေဆာင္ ျဖစ္လာလိမ့္မယ္လို႔ မက္ဂြိဳင္းယားက ယုံၾကည္ေနပါတယ္။

လာမယ့္ရက္ပိုင္းအတြင္း ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ေတာ့မွာျဖစ္ၿပီး ထြက္ခြာသြားရေတာ့မယ့္ အီဂါလိုက ႏႈတ္ဆက္စကားဆိုခဲ့ၿပီး ဒီကလပ္အတြက္ ကစားေပးခဲ့ရတာ ဂုဏ္ယူစရာျဖစ္သလို တစ္ႀကိမ္ သရဲနီျဖစ္တာနဲ႔ အၿမဲတမ္း သရဲနီပါပဲလို႔ ေျပာဆိုခဲ့ပါတယ္။