ရှက်ဖီးကို ၁-၂ နဲ့ ရှုံးခဲ့တဲ့နောက် ယူနိုက်တက်တစ်သင်းလုံးဟာ အပြစ်တင်ခံရသင့်ပြီး မာရှယ်လဲ ချမ်းသာရာရမှာ မဟုတ်ဘူးလို့ ဆိုးရှားက ဝန်ခံခဲ့ပေမယ့် အလုပ်ကြိုးစားတဲ့ တိုက်စစ်မှူးဟာ အကောင်းဆုံး ပုံစံတွေ ပြန်ရရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲမှာ လုံလောက်တဲ့ ဘောလုံးပေးပို့မှု အရည်အသွေး မရှိခဲ့ဘဲ ဟန်ချက်ညီမှုနဲ့ အရှိန်အဟုန် ကင်းမဲ့နေခဲ့သလို ပြိုင်ဘက် ခံစစ် အနောက်မှာ နေရာယူသင့်သလောက် မယူနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ဇယားထိပ်ကို တက်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ကစားပုံဟာ ထိုင်းမှိုင်းပြီး အသက်အပါသလို ဖြစ်နေခဲ့တယ်လို့ ရီယိုဖာဒီနန် က ဝေဖန်ခဲ့ပြီး ခြေစွမ်း တည်ငြိမ်မှုမရှိရင် လိဂ်ဖလား ရမှာမဟုတ်ဘူးလို့ သတိပေးပြောဆိုခဲ့ပါတယ်။
ရှက်ဖီးရဲ့အဖွင့်ဂိုးမှာ ဘီလီရှပ်က ဒီဂီယာကို ပြေးတိုက်ခဲ့တဲ့နောက် ဂိုးသမားက မထနိုင်ခဲ့တာကြောင့် ဒါက ပြစ်ဒဏ်ကျူးလွန်မှုဖြစ်ပြီး ဂိုးမပေးသင့်ဘူးလို့ ဆိုးရှားက ယုံကြည်နေသလို မာရှယ်ရဲ့ဂိုးကို ခွင့်မပြုခဲ့တာက မှားယွင်းခဲ့တယ်လို့ ဒိုင်လူကြီးကို ဝေဖန်ခဲ့ပါတယ်။
ရှက်ဖီးက တိုက်စစ်စတင်နေတဲ့အချိန်မှာ မာရှယ်၊မာတစ်နဲ့ အဲလက်စ်တဲလက်စ်တို့က အေးဆေး လမ်းလျှောက်နေခဲ့တယ်လို့ ဖာဒီနန်က စွပ်စွဲခဲ့ပြီး နောက်ဆုံးအနိုင်ဂိုးကို ဒီဂီယာအနေနဲ့ ကြိုုပြီး ရှင်းထုတ်ခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မက်ဂွိုင်းယားက ကွင်းလယ်ဒိုင် ဘန်ကက်စ်ဟာ ဒီဂီယာအပေါ် ဘီလီရှပ် ပြစ်ဒဏ်ကျူးလွန်ခဲ့သည့်တိုင် ရှက်ဖီးရဲ့ဂိုးကို ခွင့်ပြုခဲ့ပေမယ့် ရှက်ဖီး ဂိုးသမားကို သူ ထိခိုက်မိတော့ မာရှယ်ရဲ့ဂိုးကို ခွင့်မပြုခဲ့တာက မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ဆိုးရွားတဲ့ဂိုး၂ဂိုး ပေးခဲ့ရပြီး လုံလောက်တဲ့ ဖန်တီးမှု မလုပ်နိုင်ခဲ့သလို ရှက်ဖီးရဲ့ တောင့်တင်းတဲ့ ခံစစ်ကို ဖျက်ဆီးဖို့ မှန်ကန်တဲ့ စိတ်ကူးနဲ့ ဖြေရှင်းချက်တွေ မရှိခဲ့ဘူးလို့ ဆိုးရှားက ဝန်ခံခဲ့ပါတယ်။

Zawgyi – ရွက္ဖီးကို ၁-၂ နဲ႔ ရႈံးခဲ့တဲ့ေနာက္ ယူႏိုက္တက္တစ္သင္းလုံးဟာ အျပစ္တင္ခံရသင့္ၿပီး မာရွယ္လဲ ခ်မ္းသာရာရမွာ မဟုတ္ဘူးလို႔ ဆိုးရွားက ဝန္ခံခဲ့ေပမယ့္ အလုပ္ႀကိဳးစားတဲ့ တိုက္စစ္မႉးဟာ အေကာင္းဆုံး ပုံစံေတြ ျပန္ရရွိလာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
ယူႏိုက္တက္ဟာ ဒီပြဲမွာ လုံေလာက္တဲ့ ေဘာလုံးေပးပို႔မႈ အရည္အေသြး မရွိခဲ့ဘဲ ဟန္ခ်က္ညီမႈနဲ႔ အရွိန္အဟုန္ ကင္းမဲ့ေနခဲ့သလို ၿပိဳင္ဘက္ ခံစစ္ အေနာက္မွာ ေနရာယူသင့္သေလာက္ မယူႏိုင္ခဲ့တာေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္တယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။
ဇယားထိပ္ကို တက္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ကစားပုံဟာ ထိုင္းမႈိင္းၿပီး အသက္အပါသလို ျဖစ္ေနခဲ့တယ္လို႔ ရီယိုဖာဒီနန္ က ေဝဖန္ခဲ့ၿပီး ေျခစြမ္း တည္ၿငိမ္မႈမရွိရင္ လိဂ္ဖလား ရမွာမဟုတ္ဘူးလို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
ရွက္ဖီးရဲ႕အဖြင့္ဂိုးမွာ ဘီလီရွပ္က ဒီဂီယာကို ေျပးတိုက္ခဲ့တဲ့ေနာက္ ဂိုးသမားက မထႏိုင္ခဲ့တာေၾကာင့္ ဒါက ျပစ္ဒဏ္က်ဴးလြန္မႈျဖစ္ၿပီး ဂိုးမေပးသင့္ဘူးလို႔ ဆိုးရွားက ယုံၾကည္ေနသလို မာရွယ္ရဲ႕ဂိုးကို ခြင့္မျပဳခဲ့တာက မွားယြင္းခဲ့တယ္လို႔ ဒိုင္လူႀကီးကို ေဝဖန္ခဲ့ပါတယ္။
ရွက္ဖီးက တိုက္စစ္စတင္ေနတဲ့အခ်ိန္မွာ မာရွယ္၊မာတစ္နဲ႔ အဲလက္စ္တဲလက္စ္တို႔က ေအးေဆး လမ္းေလွ်ာက္ေနခဲ့တယ္လို႔ ဖာဒီနန္က စြပ္စြဲခဲ့ၿပီး ေနာက္ဆုံးအႏိုင္ဂိုးကို ဒီဂီယာအေနနဲ႔ ႀကိဳုၿပီး ရွင္းထုတ္ခဲ့သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
မက္ဂြိဳင္းယားက ကြင္းလယ္ဒိုင္ ဘန္ကက္စ္ဟာ ဒီဂီယာအေပၚ ဘီလီရွပ္ ျပစ္ဒဏ္က်ဴးလြန္ခဲ့သည့္တိုင္ ရွက္ဖီးရဲ႕ဂိုးကို ခြင့္ျပဳခဲ့ေပမယ့္ ရွက္ဖီး ဂိုးသမားကို သူ ထိခိုက္မိေတာ့ မာရွယ္ရဲ႕ဂိုးကို ခြင့္မျပဳခဲ့တာက မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ေဝဖန္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေဘာလုံးပိုင္ဆိုင္မႈ အသာရခဲ့ေပမယ့္ ဆိုး႐ြားတဲ့ဂိုး၂ဂိုး ေပးခဲ့ရၿပီး လုံေလာက္တဲ့ ဖန္တီးမႈမလုပ္ႏိုင္ခဲ့သလို ရွက္ဖီးရဲ႕ ေတာင့္တင္းတဲ့ ခံစစ္ကို ဖ်က္ဆီးဖို႔ မွန္ကန္တဲ့ စိတ္ကူးနဲ႔ ေျဖရွင္းခ်က္ေတြ မရွိခဲ့ဘူးလို႔ ဆိုးရွားက ဝန္ခံခဲ့ပါတယ္။
