လေ့ကျင့်ရေးမှာ ရူဒီဂါနဲ့ ကွီတာတို့ အချင်းများခဲ့တယ်ဆိုတဲ့ ကောလဟလတွေနဲ့ ပတ်သက်လို့ ကွီတာက ဖွင့်ဟလာပြီး သူနဲ့ ရူဒီဂါဟာ ဆွေးနွေး ွငြင်းခုံခဲ့ကြတယ် လို့ ဝန်ခံခဲ့ပေမယ့် သူတို့မှာ ဆက်ဆံရေးကောင်း ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နည်းပြသစ် တူချယ်က စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အချိန်ဖြုန်းစရာ မရှိဘူးလို့ဆိုပြီး သူ့ရဲ့ ပထမဆုံး ၆လ ကာလအတွင်း ပရီးမီးယားလိဂ် မရနိုင်ပေမယ့် အသင်းကို တခြားသော ဆုဖလားတွေရရှိအောင် ဦးဆောင်နိုင်တယ်လို့ ယုံကြည်မှု ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးရဲ့ နည်းပြတွေထုတ်ပယ်မှုများတဲ့ မှတ်တမ်းကြောင့် တူချယ်က စိုးရိမ်မနေပေမယ့် ချယ်ဆီးလို ထိပ်တန်း ကလပ်မှာ လုပ်တဲ့အခါ ဆုဖလားတွေ ဆာလောင်မှုနဲ့ ပြိုင်ပွဲတိုင်းမှာ စိန်ခေါ်နိုင်ရမယ်ဆိုတာကို နားလည်ထားတယ်လို့ ဆိုပါတယ်။

ချယ်ဆီးဟာ နောက်ရာသီအစကနေ စပြီး မန်စီးတီး၊ လီဗာပူးတို့နဲ့ ကွာဟချက်ကို လျှော့ချဖို့ အဆင်သင့်ဖြစ်ချင်နေပြီး လိဂ်ဖလား စိန်ခေါ်ဖို့ ကြိုးစားသွားမှာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားကို မျှော်လင့်လိုရသေးတယ်လို့ တူချယ်က ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ဝုလ်ဗ်နဲ့ပွဲမှာ ဘာရည်ရွယ်ချက်မှ မရှိဘဲ ဘောလုံးပိုင်ဆိုင်မှု အသားပေးရုံသာ ကစားခဲ့သလို တစ်ပွဲလုံးက စိတ်ပျက်စရာဖြစ်ခဲ့ပြီး သူတို့ ၁၈ကိုက် စည်းထဲ ရောက်ရင်တောင် စိတ်လှုပ်ရှားစရာ မရှိဘူးလို့ ကက်စ်ကာရီနိုက ဝေဖန်ခဲ့ပါတယ်။
သီယာဂိုဆေးဗားဟာ နည်းပြဟောင်း တူချယ်နဲ့ ပြန်ဆုံစည်းခဲ့ရတဲ့နောက် ရောထွေးတဲ့ ခံစားချက်တွေရှိနေခဲ့ပြီး တူချယ်နဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ပေမယ့် လမ်းပတ် ထွက်ခွာခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။
တူချယ်က လမ်းပတ်လို ဂန္တဝင်ကစားသမား တစ်ယောက်အပေါ် အကြီးမားဆုံး လေးစားမှုရှိသလို သူ ချယ်ဆီးကို ရောက်ရှိလာတဲ့နောက် ကံကောင်းပါစေ လို့ လမ်းပတ်က ဆုတောင်းစကား ပို့ပေးခဲ့တဲ့အတွက် ပိုပြီးလေးစားမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဝိန်းရွန်းနီဟာ လမ်းပတ် ထုတ်ပယ် ခံရတဲ့အတွက် စိတ်မကောင်းဖြစ်ပေမယ့် ချယ်ဆီးက သူတို့လိုချင်တဲ့ အောင်မြင်မှုရဖို့ နည်းပြတွေကို အချိန် အများကြီး မပေးသလို ချက်ချင်း အောင်မြင်မှု မရင် ထုတ်ပယ်တတ်တာဖြစ်လို့ ဒါကို မအံ့ဩဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ေလ့က်င့္ေရးမွာ ႐ူဒီဂါနဲ႔ ကြီတာတို႔ အခ်င္းမ်ားခဲ့တယ္ဆိုတဲ့ ေကာလဟလေတြနဲ႔ ပတ္သက္လို႔ ကြီတာက ဖြင့္ဟလာၿပီး သူနဲ႔ ႐ူဒီဂါဟာ ေဆြးေႏြး ြြြျငင္းခုံခဲ့ၾကတယ္ လို႔ ဝန္ခံခဲ့ေပမယ့္ သူတို႔မွာ ဆက္ဆံေရးေကာင္း ရွိေနဆဲျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
နည္းျပသစ္ တူခ်ယ္က စတန္းဖို႔ဒ္ဘရစ္ခ္်မွာ အခ်ိန္ျဖဳန္းစရာ မရွိဘူးလို႔ဆိုၿပီး သူ႔ရဲ႕ ပထမဆုံး ၆လ ကာလအတြင္း ပရီးမီးယားလိဂ္ မရႏိုင္ေပမယ့္ အသင္းကို တျခားေသာ ဆုဖလားေတြရရွိေအာင္ ဦးေဆာင္ႏိုင္တယ္လို႔ ယုံၾကည္မႈ ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးရဲ႕ နည္းျပေတြထုတ္ပယ္မႈမ်ားတဲ့ မွတ္တမ္းေၾကာင့္ တူခ်ယ္က စိုးရိမ္မေနေပမယ့္ ခ်ယ္ဆီးလို ထိပ္တန္း ကလပ္မွာ လုပ္တဲ့အခါ ဆုဖလားေတြ ဆာေလာင္မႈနဲ႔ ၿပိဳင္ပြဲတိုင္းမွာ စိန္ေခၚႏိုင္ရမယ္ဆိုတာကို နားလည္ထားတယ္လို႔ ဆိုပါတယ္။
ခ်ယ္ဆီးဟာ ေနာက္ရာသီအစကေန စၿပီး မန္စီးတီး၊ လီဗာပူးတို႔နဲ႔ ကြာဟခ်က္ကို ေလွ်ာ့ခ်ဖို႔ အဆင္သင့္ျဖစ္ခ်င္ေနၿပီး လိဂ္ဖလား စိန္ေခၚဖို႔ ႀကိဳးစားသြားမွာ ျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားကို ေမွ်ာ္လင့္လိုရေသးတယ္လို႔ တူခ်ယ္က ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဝုလ္ဗ္နဲ႔ပြဲမွာ ဘာရည္႐ြယ္ခ်က္မွ မရိွဘဲ ေဘာလုံးပိုင္ဆိုင္မႈ အသားေပး႐ုံသာ ကစားခဲ့သလို တစ္ပြဲလုံးက စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး သူတို႔ ၁၈ကိုက္ စည္းထဲ ေရာက္ရင္ေတာင္ စိတ္လႈပ္ရွားစရာ မရွိဘူးလို႔ ကက္စ္ကာရီႏိုက ေဝဖန္ခဲ့ပါတယ္။
သီယာဂိုေဆးဗားဟာ နည္းျပေဟာင္း တူခ်ယ္နဲ႔ ျပန္ဆုံစည္းခဲ့ရတဲ့ေနာက္ ေရာေထြးတဲ့ ခံစားခ်က္ေတြရွိေနခဲ့ၿပီး တူခ်ယ္နဲ႔ ဆက္ဆံေရးေကာင္း ရွိခဲ့ေပမယ့္ လမ္းပတ္ ထြက္ခြာခဲ့ရတဲ့အတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ဝန္ခံခဲ့ပါတယ္။
တူခ်ယ္က လမ္းပတ္လို ဂႏၲဝင္ကစားသမား တစ္ေယာက္အေပၚ အႀကီးမားဆုံး ေလးစားမႈရွိသလို သူ ခ်ယ္ဆီးကို ေရာက္ရွိလာတဲ့ေနာက္ ကံေကာင္းပါေစ လို႔ လမ္းပတ္က ဆုေတာင္းစကား ပို႔ေပးခဲ့တဲ့အတြက္ ပိုၿပီးေလးစားမိတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ဝိန္း႐ြန္းနီဟာ လမ္းပတ္ ထုတ္ပယ္ ခံရတဲ့အတြက္ စိတ္မေကာင္းျဖစ္ေပမယ့္ ခ်ယ္ဆီးက သူတို႔လိုခ်င္တဲ့ ေအာင္ျမင္မႈရဖို႔ နည္းျပေတြကို အခ်ိန္ အမ်ားႀကီး မေပးသလို ခ်က္ခ်င္း ေအာင္ျမင္မႈ မရင္ ထုတ္ပယ္တတ္တာျဖစ္လို႔ ဒါကို မအံ့ဩဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
