ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (30/01/21)

ယူနိုက်တက်ဟာ ဒေါ့မွန် တိုက်စစ်မှူး ဆန်ချိုကို ခေါ်ယူဖို့ ထပ်မံကြိုးစားရာမှာ မအောင်မြင်ခဲ့ဘူးဆိုရင် သူ့အစား ဘာစီလိုနာကနေ ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးအဝေးကွင်း ၁၇ ပွဲမှာ မရှုံးနိမ့်ထားပေမယ့် ၂၀၁၇ ဒီဇင်ဘာနောက်ပိုင်း အမ်းမရိတ်စ်မှာ နိုင်ပွဲ မရသေးတာဖြစ်သလို အာဆင်နယ်နဲ့ တွေ့မယ့်ပွဲမှာ သူတို့ရဲ့ အဝေးကွင်းမှတ်တမ်းကို ထိန်းသိမ်းဖို့နဲ့ ပထမဆုံးနိုင်ပွဲ ရရှိအောင် ကြိုးစားရမှာပါ။

ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ဒီနွေအပြောင်းအရွှေ့မှာ အူပါမီကာနိုထက် ၎င်းရဲ့ အသင်းဖော် လိုက်ပ်ဇစ် ဗဟိုနောက်ခံလူ ကိုနာတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၄၀ ရှိပါတယ်။

ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်အပေါ် မှီခိုလွန်းတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဆိုးရှားက ငြင်းပယ်ခဲ့ပြီး အသင်းက သူ့ကို လိုအပ်တဲ့အတိုင်း သူကလဲ အသင်းဖော်တွေရဲ့ အကူအညီအပေါ် မှီခိုနေရတာပါလို့ ပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းဟာ မိခင်ရဲ့ ကျန်းမာရေးပြဿနာကြောင့် အာဆင်နယ်ရဲ့ နောက်ဆုံး ၂ ပွဲကို လွဲချော်ခဲ့တဲ့သလို ဗုဒ္ဓဟူးနေ့က အင်္ဂလန်ကို ပြန်ရောက် ခဲ့ပေမယ့် ကွာရန်တင်း ဝင်နေရတာကြောင့် ဒီနေ့ ယူနိုက်တက်နဲ့ပွဲကိုလဲ လွဲချော်ရဦးမှာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ တီဗီကလာတဲ့ မန်စီးတီးနဲ့ လီဗာပူးပွဲတိုင်း ကြည့်တယ်လို့ ဆိုးရှားက ပြောဆိုခဲ့သလို ၎င်းဟာ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဖိအားတွေကို ကောင်းကေင်း ကိုင်တွယ်နိုင်တယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ေဒါ့မြန္ တိုက္စစ္မႉး ဆန္ခ်ိဳကို ေခၚယူဖို႔ ထပ္မံႀကိဳးစားရာမွာ မေအာင္ျမင္ခဲ့ဘူးဆိုရင္ သူ႔အစား ဘာစီလိုနာကေန ဒမ္ဘီလီကို ေခၚယူဖို႔ ႀကိဳးစားသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံးအေဝးကြင္း ၁၇ ပြဲမွာ မရႈံးနိမ့္ထားေပမယ့္ ၂၀၁၇ ဒီဇင္ဘာေနာက္ပိုင္း အမ္းမရိတ္စ္မွာ ႏိုင္ပြဲ မရေသးတာျဖစ္သလို အာဆင္နယ္နဲ႔ ေတြ႕မယ့္ပြဲမွာ သူတို႔ရဲ႕ အေဝးကြင္းမွတ္တမ္းကို ထိန္းသိမ္းဖို႔နဲ႔ ပထမဆုံးႏိုင္ပြဲ ရရွိေအာင္ ႀကိဳးစားရမွာပါ။

ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ဟာ ဒီေႏြအေျပာင္းအေ႐ႊ႕မွာ အူပါမီကာႏိုထက္ ၎ရဲ႕ အသင္းေဖာ္ လိုက္ပ္ဇစ္ ဗဟိုေနာက္ခံလူ ကိုနာတီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ၎ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ယူ႐ိုသန္း ၄၀ ရွိပါတယ္။

ယူႏိုက္တက္ဟာ ဘ႐ူႏိုဖာနန္ဒက္စ္အေပၚ မွီခိုလြန္းတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ဆိုးရွားက ျငင္းပယ္ခဲ့ၿပီး အသင္းက သူ႔ကို လိုအပ္တဲ့အတိုင္း သူကလဲ အသင္းေဖာ္ေတြရဲ႕ အကူအညီအေပၚ မွီခိုေနရတာပါလို႔ ေျပာဆိုခဲ့ပါတယ္။

အူဘာမီးယန္းဟာ မိခင္ရဲ႕ က်န္းမာေရးျပႆနာေၾကာင့္ အာဆင္နယ္ရဲ႕ ေနာက္ဆုံး ၂ ပြဲကို လြဲေခ်ာ္ခဲ့တဲ့သလို ဗုဒၶဟူးေန႔က အဂၤလန္ကို ျပန္ေရာက္ ခဲ့ေပမယ့္ ကြာရန္တင္း ဝင္ေနရတာေၾကာင့္ ဒီေန႔ ယူႏိုက္တက္နဲ႔ပြဲကိုလဲ လြဲေခ်ာ္ရဦးမွာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ တီဗီကလာတဲ့ မန္စီးတီးနဲ႔ လီဗာပူးပြဲတိုင္း ၾကည့္တယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့သလို ၎ဟာ အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ဖိအားေတြကို ေကာင္းေကင္း ကိုင္တြယ္ႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။