ချယ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဘန်လေ နဲ့ တွေ့ဆုံနေပြီး နည်းပြသစ် သောမတ်တစ် တူချယ် အနေနဲ့ ဒုတိယမြောက်ပွဲ ကိုင်တွယ် ရမှာ ဖြစ်ပြီး နိုင်ပွဲ စတင် ယူဖို့ လိုအပ်နေပါတယ်။
ပွဲချိန် ကတော့ လာမယ့် ဇန်နဝါရီ ၃၁ ရက်၊ တနင်္ဂနွေနေ့၊ ညနေ ၆း၃၀ နာရီ၊ စတန်းဖို့ဘရစ်ချ်မှာပါ။ ဒီပွဲအတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” သောမတ်စ် တူချယ်ကတော့ ချယ်ဆီးမန်နေဂျာ ဘ၀ ပထမဆုံး ပွဲကထက် ပိုကောင်းတဲ့ ရလဒ် ရဖို့ ဒီပွဲမှာ မျှော်လင့်နေမှာပါ။ ဒါပေမယ့် သူကလည်း ဝုဗ်ကို သရေကျခဲ့တဲ့ပွဲမှာ ပွဲမတိုင်ခင် နာရီပိုင်းမှ အသင်းဆီ ရောက်လာခဲ့တာပါ။ ဒါကြောင့် ဒီတစ်ပတ် ပွဲမှာတော့ အရင်ပွဲထက် အသင်းသားတွေ ဆီက ခြေစွမ်းကို ဖော်ထုတ်နိုင်ဖွယ် ရှိပါတယ်။
ဘန်လေကတော့ ပြိုင်ဘက်တွေကို ဖြိုလဲပြီး အမှတ်ယူတဲ့နေရာမှာ စပယ်ရှယ်လစ်ပါ။ နည်းပြသစ်နဲ့ ထရိန်နင် ရက်အနည်းငယ် ရထားပြီးတဲ့ ချယ်ဆီးကတော့ ဒီပွဲကနေ အမှတ်ပြည့် ယူသွားဖို့ လုံလောက်တယ် ထင်ပါတယ်။ ” လို့ ဆိုပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၀ ဘန်လေ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ဘန္ေလ နဲ႕ ေတြ႔ဆံုေနျပီး နည္းျပသစ္ ေသာမတ္တစ္ တူခ်ယ္ အေနနဲ႕ ဒုတိယေျမာက္ပြဲ ကိုင္တြယ္ ရမွာ ျဖစ္ျပီး နိုင္ပြဲ စတင္ ယူဖို႔ လိုအပ္ေနပါတယ္။
ပြဲခ်ိန္ ကေတာ့ လာမယ့္ ဇန္န၀ါရီ ၃၁ ရက္၊ တနဂၤေႏြေန႔၊ ညေန ၆း၃၀ နာရီ၊ စတန္းဖို႔ဘရစ္ခ်္မွာပါ။ ဒီပြဲအတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
အို၀င္က – ” ေသာမတ္စ္ တူခ်ယ္ကေတာ့ ခ်ယ္ဆီးမန္ေနဂ်ာ ဘ၀ ပထမဆံုး ပြဲကထက္ ပိုေကာင္းတဲ့ ရလဒ္ ရဖို႕ ဒီပြဲမွာ ေမွ်ာ္လင့္ေနမွာပါ။ ဒါေပမယ့္ သူကလည္း ၀ုဗ္ကို သေရက်ခဲ့တဲ့ပြဲမွာ ပြဲမတိုင္ခင္ နာရီပိုင္းမွ အသင္းဆီ ေရာက္လာခဲ့တာပါ။ ဒါေၾကာင့္ ဒီတစ္ပတ္ ပြဲမွာေတာ့ အရင္ပြဲထက္ အသင္းသားေတြ ဆီက ေျခစြမ္းကို ေဖာ္ထုတ္နုိင္ဖြယ္ ရွိပါတယ္။
ဘန္ေလကေတာ့ ျပိဳင္ဘက္ေတြကို ျဖိဳလဲျပီး အမွတ္ယူတဲ့ေနရာမွာ စပယ္ရွယ္လစ္ပါ။ နည္းျပသစ္နဲ႕ ထရိန္နင္ ရက္အနည္းငယ္ ရထားျပီးတဲ့ ခ်ယ္ဆီးကေတာ့ ဒီပြဲကေန အမွတ္ျပည့္ ယူသြားဖို႔ လံုေလာက္တယ္ ထင္ပါတယ္။ ” လို႔ ဆိုပါတယ္။
မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး ၂-၀ ဘန္ေလ ျဖစ္ပါတယ္။
