အာဆင်နယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ကို ပေါလ်စခိုးက ကျေနပ်မှု မရှိခဲ့သလို ပေါ်တူဂီကွ င်းလယ်လူဟာ အရေးပါတဲ့ ပွဲကြီးတွေတိုင်းမှာ ပျောက်ဆုံးနေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဖလားအောင်မြင်ဖို့ စိန်ခေါ်မှုတွေကို ကြောက်ရွံ့နေတယ်လို့ ရွိုင်ကိန်းက စွပ်စွဲခဲ့ပီး သူတို့ဟာ အမ်းမရိတ်စ်ကို လာပြီး အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး လုံးဝကင်းမဲ့နေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင် သရေတစ်မှတ်သာ ရယူနိုင်ခဲ့တဲ့နောက် ယူနိုက်တက် တိုက်စစ်မှူးတွေအနေနဲ့ အဆုံးသတ်ပိုင်းကို လေ့ကျင့်ရေးမှာ ပိုပြီးကြိုးစားလုပ်ဖို့ ဆိုးရှားက အလိုရှိနေပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဘောလုံးဖျက်ထုတ်ဖို့ ကြိုးစားရင်း ရှာကာရဲ့ ခြေသလုံးကို ကန်ခဲ့တဲ့နောက် ကံကောင်းလို့ အဝါကဒ် မထိခဲ့ပေမယ့် ဆိုးရှား ကတော့ အနိုင် လိုချင်စိတ်ကြောင့် ဒေါသနဲ့ စိတ်လိုက်မာန်ပါ ထပ် မလုပ်မိဖို့ သတိပေးစကားဆိုခဲ့ပါတယ်။
ဆာဂျီယို ရာမို့စ်ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာဖို့ အသင့်ဖြစ်နေပြီး အပြောင်းအရွှေ့ အလားအလာအတွက် ဆွေးနွေးနိုင်နေပြီဖြစ်သလို ပီအက်စ်ဂျီထက် ယူနိုက်တက်ကို ပိုပြီးအလိုရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ဟယ်ရီ မက်ဂွိုင်းယားအတွက် ပထမဦးစားပေး ဗဟိုခံစစ်တွဲဖက် အသစ်တစ်ယောက် ခေါ်ယူဖို့ ရှာဖွေနေသလို ဆီဗီးလားရဲ့ ဟူလက်စ်ကွန်ဒီကို နံပါတ်၁ ပစ်မှတ်ထားနေပြီး ၎င်းရဲ့ တန်ကြေးက ပေါင်သန်း ၆၀ ရှိပါတယ်။

Zawgyi – အာဆင္နယ္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ကို ေပါလ္စခိုးက ေက်နပ္မႈ မရွိခဲ့သလို ေပၚတူဂီကြ င္းလယ္လူဟာ အေရးပါတဲ့ ပြဲႀကီးေတြတိုင္းမွာ ေပ်ာက္ဆုံးေနခဲ့တယ္လို႔ ေဝဖန္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ဖလားေအာင္ျမင္ဖို႔ စိန္ေခၚမႈေတြကို ေၾကာက္႐ြံ႕ေနတယ္လို႔ ႐ြိဳင္ကိန္းက စြပ္စြဲခဲ့ပီး သူတို႔ဟာ အမ္းမရိတ္စ္ကို လာၿပီး အႏိုင္ယူႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈမ်ိဳး လုံးဝကင္းမဲ့ေနခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္နဲ႔ပြဲမွာ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင္ သေရတစ္မွတ္သာ ရယူႏိုင္ခဲ့တဲ့ေနာက္ ယူႏိုက္တက္ တိုက္စစ္မႉးေတြအေနနဲ႔ အဆုံးသတ္ပိုင္းကို ေလ့က်င့္ေရးမွာ ပိုၿပီးႀကိဳးစားလုပ္ဖို႔ ဆိုးရွားက အလိုရွိေနပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေဘာလုံးဖ်က္ထုတ္ဖို႔ ႀကိဳးစားရင္း ရွာကာရဲ႕ ေျခသလုံးကို ကန္ခဲ့တဲ့ေနာက္ ကံေကာင္းလို႔ အဝါကဒ္ မထိခဲ့ေပမယ့္ ဆိုးရွား ကေတာ့ အႏိုင္ လိုခ်င္စိတ္ေၾကာင့္ ေဒါသနဲ႔ စိတ္လိုက္မာန္ပါ ထပ္ မလုပ္မိဖို႔ သတိေပးစကားဆိုခဲ့ပါတယ္။
ဆာဂ်ီယို ရာမို႔စ္ဟာ ဒီေႏြမွာ ရီးရဲလ္မက္ဒရစ္ကို စြန႔္ခြာဖို႔ အသင့္ျဖစ္ေနၿပီး အေျပာင္းအေ႐ႊ႕ အလားအလာအတြက္ ေဆြးေႏြးႏိုင္ေနၿပီျဖစ္သလို ပီအက္စ္ဂ်ီထက္ ယူႏိုက္တက္ကို ပိုၿပီးအလိုရွိေနတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ဟယ္ရီ မက္ဂြိဳင္းယားအတြက္ ပထမဦးစားေပး ဗဟိုခံစစ္တြဲဖက္ အသစ္တစ္ေယာက္ ေခၚယူဖို႔ ရွာေဖြေနသလို ဆီဗီးလားရဲ႕ ဟူလက္စ္ကြန္ဒီကို နံပါတ္၁ ပစ္မွတ္ထားေနၿပီး ၎ရဲ႕ တန္ေၾကးက ေပါင္သန္း ၆၀ ရွိပါတယ္။
