ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (30/01/21)

မာရှယ်ဟာ ဇန်နဝါရီလ အစကတည်းက ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပေမယ့် ဆိုးရှားကတော့ သူဟာ မကြာခင် ဂိုးတွေ ပြန်သွင်းလာလိမ့်မယ်လို့ ယုံကြည်နေသလို သူ့ရဲ့ အရည်အသွေးနဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်သမားသစ်လေး အာမက် ဒီယာလိုဟာ ဒီနေ့မှာ ယူနိုက်တက် U23 အသင်းနဲ့ အတူ ပွဲထွက် ကစားခဲ့ပြီ ဖြစ်ပြီး လီဗာပူး U23 အသင်းဘက် အဖွင့်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒီယာလို တစ်ယောက် ယူနိုက်တက် အတွက် ပထမဆုံး ဂိုးသွင်းဖို့ ပွဲကစားချိန် ၁၄ မိနစ်သာ ကြာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အမှတ်ပေးဇယား ထိပ်နေရာကို မန်စီးတီးက အစားထိုး ဝင်ယူခဲ့တဲ့နောက် ခြေစွမ်း တည်ငြိမ်မှု အရှိဆုံး အသင်းက ချန်ပီယံ ဖြစ်မှာ ဖြစ်သလို လက်ရှိမှာ တည်ငြိမ်နေတဲ့ မန်စီးတီးက ဖလား အောင်မြင်ဖို့ ရေပန်းစားနေတယ်လို့ ဆိုးရှားက ဝန်ခံခဲ့ပါတယ်။

အေစီမီလန် အသင်းဟာ ယူနိုက်တက် ထံမှ အငှား ခေါ်ထားတဲ့ အစွန်ခံစစ်သမား ဒီယေဂို ဒါလော့ ကို အပြီးသတ် ခေါ်ယူဖို့ ကြံရွယ်နေပြီ ဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ ယူနိုက်တက်မှာ ပွဲကစားချိန် မရတာကြောင့် ရာသီအစမှာ အငှားထွက်ခဲ့တာပါ။

ရှက်ဖီးကို ရှုံးခဲ့တဲ့ ပွဲ အပြီး လူမှုကွန်ယက်မှာ ယူနိုက်တက် အသင်းသား အချို့ လူမျိုးရေး ခွဲခြား ပြောဆိုခံရခြင်း အတွက် ဆိုးရှား အမြင်ကို မေးမြန်းရာ ၎င်းက ထိုသို့ ပြောဆိုခဲ့ကြသူတွေက ယူနိုက်တက် ပရိသတ် မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမား ဖရက် က အစောပိုင်းမှာ အခြားသော အသင်းဖော်တွေနဲ့ ဝေးကွာပြီး အထီးကျန်သလို ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ ကျော်လွှားနိုင်ခဲ့ကာ အသင်းနဲ့အတူ အမှတ်ပေးဖလား ယူဖို့ ပစ်မှတ်ထားနေပြီ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Zawgyi – မာရွယ္ဟာ ဇန္နဝါရီလ အစကတည္းက ဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ေပမယ့္ ဆိုးရွားကေတာ့ သူဟာ မၾကာခင္ ဂိုးေတြ ျပန္သြင္းလာလိမ့္မယ္လို႔ ယုံၾကည္ေနသလို သူ႔ရဲ႕ အရည္အေသြးနဲ႔ အခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ တိုက္စစ္သမားသစ္ေလး အာမက္ ဒီယာလိုဟာ ဒီေန႔မွာ ယူနိုက္တက္ U23 အသင္းနဲ႕ အတူ ပြဲထြက္ ကစားခဲ့ျပီ ျဖစ္ျပီး လီဗာပူး U23 အသင္းဘက္ အဖြင့္ဂိုးလည္း သြင္းယူနိုင္ခဲ့ပါတယ္။ ဒီယာလို တစ္ေယာက္ ယူနိုက္တက္ အတြက္ ပထမဆံုး ဂိုးသြင္းဖို႕ ပြဲကစားခ်ိန္ ၁၄ မိနစ္သာ ၾကာခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ အမွတ္ေပးဇယား ထိပ္ေနရာကို မန္စီးတီးက အစားထိုး ဝင္ယူခဲ့တဲ့ေနာက္ ေျခစြမ္း တည္ၿငိမ္မႈ အရွိဆုံး အသင္းက ခ်န္ပီယံ ျဖစ္မွာ ျဖစ္သလို လက္ရွိမွာ တည္ၿငိမ္ေနတဲ့ မန္စီးတီးက ဖလား ေအာင္ျမင္ဖို႔ ေရပန္းစားေနတယ္လို႔ ဆိုးရွားက ဝန္ခံခဲ့ပါတယ္။

ေအစီမီလန္ အသင္းဟာ ယူနိုက္တက္ ထံမွ အငွား ေခၚထားတဲ့ အစြန္ခံစစ္သမား ဒီေယဂို ဒါေလာ့ ကို အျပီးသတ္ ေခၚယူဖို႔ ၾကံရြယ္ေနျပီ ျဖစ္ပါတယ္။ ေပၚတူဂီသားဟာ ယူနိုက္တက္မွာ ပြဲကစားခ်ိန္ မရတာေၾကာင့္ ရာသီအစမွာ အငွားထြက္ခဲ့တာပါ။

ရွက္ဖီးကို ရွံဳးခဲ့တဲ့ ပြဲ အျပီး လူမႈကြန္ယက္မွာ ယူနိုက္တက္ အသင္းသား အခ်ိဳ႕ လူမ်ိဳးေရး ခြဲျခား ေျပာဆိုခံရျခင္း အတြက္ ဆိုးရွား အျမင္ကို ေမးျမန္းရာ ၄င္းက ထိုသို႔ ေျပာဆိုခဲ့ၾကသူေတြက ယူနိုက္တက္ ပရိသတ္ မဟုတ္ဘူးလို႔ တုန္႔ျပန္ခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဖရက္ က အေစာပိုင္းမွာ အျခားေသာ အသင္းေဖာ္ေတြနဲ႕ ေ၀းကြာျပီး အထီးက်န္သလို ခံစားခဲ့ရေပမယ့္ အခုခ်ိန္မွာေတာ့ ေက်ာ္လႊားနုိင္ခဲ့ကာ အသင္းနဲ႕အတူ အမွတ္ေပးဖလား ယူဖို႔ ပစ္မွတ္ထားေနျပီ ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။