သီယာဂိုဆေးဗားဟာ ချယ်ဆီးနဲ့ ၁နှစ်ပဲ စာချုပ်ချုပ်ထားပေမယ့် ၁၂လ သက်တမ်းတိုးခွင့် ရှိသလို ချယ်ဆီးက သူ့ကို ၂၀၂၃ မတိုင်ခင်အထိ သက်တမ်း တိုးဖို့နဲ့ ဂျော်ဂျင်ဟိုကို ၂၀၂၅အထိ စာချုပ်သစ် ကမ်းလှမ်းဖို့ ဆွေးနွေးနေတယ်လို့သိရပါတယ်။
ချယ်ဆီးဟာ လမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီးနောက် စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့အခွင့်အရေးနဲ့ လွဲချော်ခဲ့တယ်လို့ ပေါလ်မာဆန်က မြင်နေပြီး တူချယ်က ကလပ်အတွက် သင့်တော်တဲ့ နည်းပြမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ကိုင်ဟားဗတ်အနေနဲ့ သူ့ရဲ့ အဆုံးမရှိတဲ့ အရည်အသွေးကို ပြသဖို့ သောမတ်စ်တူချယ်က ထောက်ခံအားပေးခဲ့ပြီး ရုန်းကန်ခက်ခဲနေတဲ့အချိန်မှာ စိတ်အားထက်သန်မှုနဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ပြသဖို့ စိန်ခေါ်ခဲ့ပါတယ်။

ဂိုးသမား မန်ဒီအတွက် ချယ်ဆီးမှာ အစကောင်းခဲ့ပေမယ့် အခုချိန်က အသင်းအတွက ခက်ခဲနေတယ်လို့ ဝန်ခံခဲ့ပြီး သူတို့ဟာ ရလဒ်ကောင်းတွေ ပြန်လည် ရရှိလာဖို့အတွက် လေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တူချယ်ဟာ ချယ်ဆီးရဲ့ ၁၈လ စာချုပ်ကို လက်ခံခဲ့တာနဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပြီး ၄နှစ်ခွဲ စာချုပ်ချုပ်ရင်တောင် သူတို့ မကျေနပ်တဲ့အချိန် ထုတ်ပယ် ခံရနိုင်ခြေ ရှိတာမို့ ရတဲ့အချိန်တွင်းမှာပဲ အကောင်းဆုံး လုပ်ပြသွားဖို့ ဆုံးဖြတ်ခဲ့တာပါလို့ ဆိုပါတယ်။
ကိုင်ဟားဗတ်က ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ လူတွေက ပြောနိုင်ပေမယ့် သူက ထူးခြားတဲ့ ကစားသမားဖြစ်လာမှာဖြစ်သလို တူချယ်အနေနဲ့ သူ့ကို နံပါတ် ၁၀ နေရာမှာ ဆက်ကစားခိုင်းရင် အကောင်းဆုံး ပုံစံတွေ ရရှိလာလိမ့်မယ်လို့ပေါလ်မာဆွန်က ပြောဆိုခဲ့ပါတယ်။
လမ်းပတ်ဟာ လိဂ်မှာ အကောင်းဆုံး အသင်း တစ်သင်းကို တည်ဆောက်ခဲ့ပြီးတော့ ရလဒ်ဆိုးတွေကို ပြောင်းလဲဖို့ တိုးတက်မှုနဲ့အချိန် လိုအပ်ခဲ့ပေမယ့် သူ့ကို ထုတ်ပယ်ခဲ့တာက အင်္ဂလန်ဘောလုံးလောကရဲ့ ဆွဲဆောင်မှု ပျောက်ဆုံးနေတယ်ဆိုတာ သက်သေပြနေတယ်လို့ ဘီအယ်ဆာက ဆိုပါတယ်။
တူချယ်ဟာ လာမယ့်နွေရာသီမှာ ခံစစ်ကို အဆင့်မြှင့်တင်ဖို့ ရည်မှန်းထားသလို ဒေးဗစ်အလာဘာနဲ့ အူပါမီကာနိုကို ပစ်မှတ်ထားနေပြီး နောက်ထပ် တိုက်စစ် ရွေးချယ်စရာ အနေနဲ့ ဟာလန်းကို ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

Zawgyi – သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးနဲ႔ ၁ႏွစ္ပဲ စာခ်ဳပ္ခ်ဳပ္ထားေပမယ့္ ၁၂လ သက္တမ္းတိုးခြင့္ ရွိသလို ခ်ယ္ဆီးက သူ႔ကို ၂၀၂၃ မတိုင္ခင္အထိ သက္တမ္း တိုးဖို႔နဲ႔ ေဂ်ာ္ဂ်င္ဟိုကို ၂၀၂၅အထိ စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ ေဆြးေႏြးေနတယ္လို႔သိရပါတယ္။
ခ်ယ္ဆီးဟာ လမ္းပတ္ကို ထုတ္ပယ္ခဲ့ၿပီးေနာက္ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို ေခၚယူဖို႔အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တယ္လို႔ ေပါလ္မာဆန္က ျမင္ေနၿပီး တူခ်ယ္က ကလပ္အတြက္ သင့္ေတာ္တဲ့ နည္းျပမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ကိုင္ဟားဗတ္အေနနဲ႔ သူ႔ရဲ႕ အဆုံးမရွိတဲ့ အရည္အေသြးကို ျပသဖို႔ ေသာမတ္စ္တူခ်ယ္က ေထာက္ခံအားေပးခဲ့ၿပီး ႐ုန္းကန္ခက္ခဲေနတဲ့အခ်ိန္မွာ စိတ္အားထက္သန္မႈနဲ႔ ျပင္းထန္တဲ့ တုံ႔ျပန္မႈကို ျပသဖို႔ စိန္ေခၚခဲ့ပါတယ္။
ဂိုးသမား မန္ဒီအတြက္ ခ်ယ္ဆီးမွာ အစေကာင္းခဲ့ေပမယ့္ အခုခ်ိန္က အသင္းအတြက ခက္ခဲေနတယ္လို႔ ဝန္ခံခဲ့ၿပီး သူတို႔ဟာ ရလဒ္ေကာင္းေတြ ျပန္လည္ ရရွိလာဖို႔အတြက္ ေလ့က်င့္ေရးမွာ ျပင္းျပင္းထန္ထန္ ႀကိဳးစားလုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။
တူခ်ယ္ဟာ ခ်ယ္ဆီးရဲ႕ ၁၈လ စာခ်ဳပ္ကို လက္ခံခဲ့တာနဲ႔ ပတ္သက္လို႔ ရွင္းျပခဲ့ၿပီး ၄ႏွစ္ခြဲ စာခ်ဳပ္ခ်ဳပ္ရင္ေတာင္ သူတို႔ မေက်နပ္တဲ့အခ်ိန္ ထုတ္ပယ္ ခံရႏိုင္ေျခ ရွိတာမို႔ ရတဲ့အခ်ိန္တြင္းမွာပဲ အေကာင္းဆုံး လုပ္ျပသြားဖို႔ ဆုံးျဖတ္ခဲ့တာပါလို႔ ဆိုပါတယ္။
ကိုင္ဟားဗတ္က ဘာမွလုပ္ႏိုင္မွာမဟုတ္ဘူးလို႔ လူေတြက ေျပာႏိုင္ေပမယ့္ သူက ထူးျခားတဲ့ ကစားသမားျဖစ္လာမွာျဖစ္သလို တူခ်ယ္အေနနဲ႔ သူ႔ကို နံပါတ္ ၁၀ ေနရာမွာ ဆက္ကစားခိုင္းရင္ အေကာင္းဆုံး ပုံစံေတြ ရရွိလာလိမ့္မယ္လို႔ေပါလ္မာဆြန္က ေျပာဆိုခဲ့ပါတယ္။
လမ္းပတ္ဟာ လိဂ္မွာ အေကာင္းဆုံး အသင္း တစ္သင္းကို တည္ေဆာက္ခဲ့ၿပီးေတာ့ ရလဒ္ဆိုးေတြကို ေျပာင္းလဲဖို႔ တိုးတက္မႈနဲ႔အခ်ိန္ လိုအပ္ခဲ့ေပမယ့္ သူ႔ကို ထုတ္ပယ္ခဲ့တာက အဂၤလန္ေဘာလုံးေလာကရဲ႕ ဆြဲေဆာင္မႈ ေပ်ာက္ဆုံးေနတယ္ဆိုတာ သက္ေသျပေနတယ္လို႔ ဘီအယ္ဆာက ဆိုပါတယ္။
တူခ်ယ္ဟာ လာမယ့္ေႏြရာသီမွာ ခံစစ္ကို အဆင့္ျမႇင့္တင္ဖို႔ ရည္မွန္းထားသလို ေဒးဗစ္အလာဘာနဲ႔ အူပါမီကာႏိုကို ပစ္မွတ္ထားေနၿပီး ေနာက္ထပ္ တိုက္စစ္ ေ႐ြးခ်ယ္စရာ အေနနဲ႔ ဟာလန္းကို ေခၚယူဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။
