မန်ချက်စတာ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ တွဲဖက်ကစားစေဖို့ ဆီဗီလာအသင်းမှ အသက် ၂၂ နှစ် အရွယ် ဗဟိုခံစစ်မှူး ဂျူလက်စ် ကွန်ဒီ ကို နံပါတ် တစ် ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပါတယ်။
ဆိုးရှားဟာ လာမယ့် နွေ ဈေးကွက်မှာတော့ ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဖို့ အသည်းအသန် အလိုရှိနေပြီး အကီကို ခေါ်ယူရေးမှာလည်း မန်စီးတီးကို အရေးနိမ့်ခဲ့တာကြောင့် မအောင်မြင်ခဲ့ဘဲ ရှိခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကာလရှည် ပစ်မှတ် လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနိုကလည်း ဘိုင်ယန်မြူးနစ်ထံ သွားဖို့ အရေးသာနေပါတယ်။
Mirror သတင်းဌာန အဆိုအရတော့ ယူနိုက်တက်ဟာ အူပါမီကာနို ကို ခေါ်ဖို့ အရေး စိတ်ဝင်စားမှု အေးစက်သွားပြီ ဖြစ်ပြီး ၎င်းတို့ ပစ်မှတ် အဖြစ် ဆီဗီလာမှ ပေါင် သန်း ၆၀ တန် ကွန်ဒီဆီ ဦးလှည့်သွားခဲ့ပြီလို့ သိရပါတယ်။
အသက် ၂၂ နှစ် ရှိပြီ ဖြစ်တဲ့ ပြင်သစ်သားဟာ ဆီဗီလာ အသင်းထဲ လွန်ခဲ့တဲ့ ၁၈ လက မှ ဘော်ဒိုးကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ၎င်းကို ယူနိုက်တက်က ဒီရာသီမှာ တောက်လျောက် စောင့်ကြည့်နေခဲ့ပါတယ်။ ကွန်ဒီကို ယူနိုက်တက် နည်းပြ ဆိုးရှားက ပြီးခဲ့တဲ့ ရာသီ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ အထင်ကြီး သဘောကျခဲ့တာ ဖြစ်ပါတယ်။
ကွန်ဒီဟာ မက်ဂွဲရားနဲ့ အတူ ဗဟိုခံစစ်မှာ ရေရှည် တွဲ ကစားနိုင်မယ့်သူ အဖြစ် ဆိုးရှားက မြင်နေပြီး လင်ဒီလော့ဖ်၊ ဘိုင်လေနဲ့ တူရမ်ဇီဘီ တို့ကိုသာ အားထားနေရခြင်းကနေ ပြောင်းလဲ လိုနေပါတယ်။ ကွန်ဒီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ နော်ဝေသားကြီးက မခေါ်နိုင်တာကြောင့် ရာသီကုန် နွေမှာတော့ ရအောင် ခေါ်ဖို့ နံပါတ် တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ တြဲဖက္ကစားေစဖို႔ ဆီဗီလာအသင္းမွ အသက္ ၂၂ နွစ္ အရြယ္ ဗဟိုခံစစ္မွဴး ဂ်ဴလက္စ္ ကြန္ဒီ ကုိ နံပါတ္ တစ္ ပစ္မွတ္ အျဖစ္ သတ္မွတ္လိုက္ပါတယ္။
ဆိုးရွားဟာ လာမယ့္ ေႏြ ေစ်းကြက္မွာေတာ့ ဗဟိုခံစစ္မွဴး တစ္ဦး ေခၚယူဖို႕ အသည္းအသန္ အလိုရွိေနျပီး အကီကို ေခၚယူေရးမွာလည္း မန္စီးတီးကို အေရးနိမ့္ခဲ့တာေၾကာင့္ မေအာင္ျမင္ခဲ့ဘဲ ရွိခဲ့ပါတယ္။ ယူနိုက္တက္ရဲ႕ ကာလရွည္ ပစ္မွတ္ လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနိုကလည္း ဘိုင္ယန္ျမဴးနစ္ထံ သြားဖို႔ အေရးသာေနပါတယ္။
Mirror သတင္းဌာန အဆိုအရေတာ့ ယူနိုက္တက္ဟာ အူပါမီကာနို ကို ေခၚဖို႔ အေရး စိတ္၀င္စားမႈ ေအးစက္သြားျပီ ျဖစ္ျပီး ၄င္းတို႔ ပစ္မွတ္ အျဖစ္ ဆီဗီလာမွ ေပါင္ သန္း ၆၀ တန္ ကြန္ဒီဆီ ဦးလွည့္သြားခဲ့ျပီလို႔ သိရပါတယ္။
အသက္ ၂၂ နွစ္ ရွိျပီ ျဖစ္တဲ့ ျပင္သစ္သားဟာ ဆီဗီလာ အသင္းထဲ လြန္ခဲ့တဲ့ ၁၈ လက မွ ေဘာ္ဒိုးကေန ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ျပီး ၄င္းကို ယူနိုက္တက္က ဒီရာသီမွာ ေတာက္ေလ်ာက္ ေစာင့္ၾကည့္ေနခဲ့ပါတယ္။ ကြန္ဒီကို ယူနိုက္တက္ နည္းျပ ဆိုးရွားက ျပီးခဲ့တဲ့ ရာသီ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္မွာ အထင္ၾကီး သေဘာက်ခဲ့တာ ျဖစ္ပါတယ္။
ကြန္ဒီဟာ မက္ဂြဲရားနဲ႕ အတူ ဗဟိုခံစစ္မွာ ေရရွည္ တြဲ ကစားနုိင္မယ့္သူ အျဖစ္ ဆိုးရွားက ျမင္ေနျပီး လင္ဒီေလာ့ဖ္၊ ဘိုင္ေလနဲ႕ တူရမ္ဇီဘီ တို႔ကိုသာ အားထားေနရျခင္းကေန ေျပာင္းလဲ လိုေနပါတယ္။ ကြန္ဒီကို ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာေတာ့ ေနာ္ေ၀သားၾကီးက မေခၚနုိင္တာေၾကာင့္ ရာသီကုန္ ေႏြမွာေတာ့ ရေအာင္ ေခၚဖို႔ နံပါတ္ တစ္ ပစ္မွတ္ အျဖစ္ သတ္မွတ္ထားပါတယ္။
