အာဆင်နယ်အသင်းဟာ ညက ယူနိုက်တက်ကို အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ တိုက်စစ်မှူး လာကာဇက်တီက အဖွင့်ဂိုး သွင်းနိုင်လု နီးပါး အခွင့်ကောင်း ရခဲ့ပေမယ့် ဘားတန်း ကျော်သွားခဲ့တာကြောင့် ဂိုး မရခဲ့ပါဘူး။
အာဆင်နယ် အသင်းခေါင်းေ်ဆာင် တိုက်စစ်မှူး အူဘာမီးယန်းဟာ မိခင်ရဲ့ ကျန်းမာရေးကြောင့် အသင်းနဲ့ အတူ မပါဝင်နိုင်သေးတာ ဖြစ်ပြီး ပြန်လာရင်လည်း ကိုဗစ် စည်းမျဉ်းစည်းမျဉ်းများကြောင့် ကွာရန်တင်းဝင်ရဦးမှာ ဖြစ်ကာ ဘယ်အချိန် အသင်းနဲ့ ပြန် ပါနိုင်မလဲ မသိသေး ဖြစ်နေပါတယ်။

နယူးကာဆယ် အသင်းဟာ အာဆင်နယ်ရဲ့ အသက် ၂၁ နှစ် အရွယ် ကွင်းလယ်ကစားသမား ဂျိုး ဝယ်လော့ခ် ကို ရာသီ ကုန်ထိ အငှား ခေါ်ယူဖို့ အလိုရှိနေပါတယ်။
တောင်ပံတိုက်စစ်သမား ရေးစ်နယ်ဆန်ကတော့ အခြား ဥရောပ ကလပ်များထံ အငှား ထွက် ကစားလိုပေမယ့် ချန်ပီယံရှစ် သို့ သွားရောက်ဖို့ ငြင်းဆန်နေပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ မာတင် အိုဒီဂတ်နဲ့ မက် ရိုင်ယန်တို့ နှစ်ဦး ရောက်ရှိပြီး ဖြစ်ပေမယ့် လက်ကျန် အချိန်များမှာ အာဆင်နယ်က ကစားသမား ခေါ်ယူမှု ရှိနိုင်သေးကြောင်း အာတီတာက အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။
နည်းပြ အာတီတာကတော့ ယူနိုက်တက်နဲ့ ပွဲ အပြီးမှာ သရေ ရလဒ်က နှစ်သင်းလုံး အတွက် မျှတတယ် ဆိုခဲ့ပြီး ပွဲချိန် ပထမပိုင်းမှာ ယူနိုက်တက်က ကောင်းခဲ့သလို အာဆင်နယ်ကလည်း ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ညက ယူနုိက္တက္ကို အမ္းမရိတ္မွာ ဧည့္ခံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲမွာ ဂိုးမရွိ သေရက်သြားခဲ့ပါတယ္။ တိုက္စစ္မွဴး လာကာဇက္တီက အဖြင့္ဂိုး သြင္းနိုင္လု နီးပါး အခြင့္ေကာင္း ရခဲ့ေပမယ့္ ဘားတန္း ေက်ာ္သြားခဲ့တာေၾကာင့္ ဂိုး မရခဲ့ပါဘူး။
အာဆင္နယ္ အသင္းေခါင္းေ္ဆာင္ တိုက္စစ္မွဴး အူဘာမီးယန္းဟာ မိခင္ရဲ႕ က်န္းမာေရးေၾကာင့္ အသင္းနဲ႕ အတူ မပါ၀င္နိုင္ေသးတာ ျဖစ္ျပီး ျပန္လာရင္လည္း ကိုဗစ္ စည္းမ်ဥ္းစည္းမ်ဥ္းမ်ားေၾကာင့္ ကြာရန္တင္း၀င္ရဦးမွာ ျဖစ္ကာ ဘယ္အခ်ိန္ အသင္းနဲ႕ ျပန္ ပါနိုင္မလဲ မသိေသး ျဖစ္ေနပါတယ္။
နယူးကာဆယ္ အသင္းဟာ အာဆင္နယ္ရဲ႕ အသက္ ၂၁ နွစ္ အရြယ္ ကြင္းလယ္ကစားသမား ဂ်ိဳး ၀ယ္ေလာ့ခ္ ကို ရာသီ ကုန္ထိ အငွား ေခၚယူဖို႔ အလုိရွိေနပါတယ္။
ေတာင္ပံတိုက္စစ္သမား ေရးစ္နယ္ဆန္ကေတာ့ အျခား ဥေရာပ ကလပ္မ်ားထံ အငွား ထြက္ ကစားလိုေပမယ့္ ခ်န္ပီယံရွစ္ သို႔ သြားေရာက္ဖို႔ ျငင္းဆန္ေနပါတယ္။
ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလမွာ မာတင္ အိုဒီဂတ္နဲ႕ မက္ ရိုင္ယန္တို႔ နွစ္ဦး ေရာက္ရွိျပီး ျဖစ္ေပမယ့္ လက္က်န္ အခ်ိန္မ်ားမွာ အာဆင္နယ္က ကစားသမား ေခၚယူမႈ ရွိနိုင္ေသးေၾကာင္း အာတီတာက အရိပ္အျမြက္ ေျပာဆိုခဲ့ပါတယ္။
နည္းျပ အာတီတာကေတာ့ ယူနိုက္တက္နဲ႕ ပြဲ အျပီးမွာ သေရ ရလဒ္က နွစ္သင္းလံုး အတြက္ မွ်တတယ္ ဆိုခဲ့ျပီး ပြဲခ်ိန္ ပထမပိုင္းမွာ ယူနိုက္တက္က ေကာင္းခဲ့သလို အာဆင္နယ္ကလည္း ဒုတိယပိုင္းမွာ ပိုေကာင္းလာခဲ့တယ္လို႔ ဆိုပါတယ္။
