ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (31/01/21)

အာဆင်နယ်နဲ့ပွဲမှာ နှေးကွေးလေးလံနေခဲ့တဲ့ ယူနိုက်တက်ဟာ မရေမတွက်နိုင်တဲ့ အခွင့်အရေးကောင်းတွေကို လွဲချော်ခဲ့တဲ့အတွက် လုခ်ရှောက သူ့အသင်းကို ဝေဖန်ခဲ့ပြီး ၂မှတ် ဆုံးရှုံးခဲ့ရတာက လက်ခံနိုင်စရာ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာကတော့ ခံစစ်မှူး လုခ်ရှော ဟာ အသင်း အတွက် လက်နက်ကြီး တစ်ခု ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး ဒီတလော လတွေ အတွင်း ခြေစွမ်းကောင်းတွေ ရှော ပြန်ရလာတဲ့ အပေါ် ဝမ်းမြောက်နေပါတယ်။

ဘရန်ဒန် ဝီလီယံကို နယူးကာဆယ်၊ ဆောက်သမ်တန်တို့နဲ့အတူ ချန်ပီယံရှစ်ကလပ်တွေက စိတ်ဝင်စားနေပေမယ့် ဆိုးရှားကတော့ သူ့ကို လက်ကျန် ရာသီအတွက် လိုအပ်မှာဖြစ်ပြီး ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လူမျိုးရေး ခွဲခြားမှုတွေက ဆိုရှယ်မီဒီယာမှာ အဆိုးဆုံး ဖြစ်လာနေပြီး လူသားဆန်မှုတွေက ပျောက်ဆုံး လာနေပြီလို့ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဝါဒါဘရီမင်မှာ အငှား ထွက်ကစားနေပေမယ့် ၁၃ ပွဲသာ ပါဝင်ကစားခွင့် ရခဲ့တဲ့ ယူနိုက်တက် လူငယ်ကစားသမား တာဟစ်ချောင်ဟာ ကလပ် ဘရုစ် အသင်းထံ အငှားနဲ့ပဲ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ထံ ရောက်ရှိလာတာ တစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က မန်ချက်စတာ ယူနိုက်တက် လိုဂိုကို ဂျာစီရင်ဘတ်ပေါ်မှာ တင် ကစားရခြင်းက ဂုဏ်ယူစရာ ဖြစ်ပြီး အသင်း ဂန္တဝင် အဖြစ် ရောက်မှ ကစားတာ နားမယ်လို့ ပြောဆိုလိုက်ပါတယ်။

Zawgyi – အာဆင္နယ္နဲ႔ပြဲမွာ ေႏွးေကြးေလးလံေနခဲ့တဲ့ ယူႏိုက္တက္ဟာ မေရမတြက္ႏိုင္တဲ့ အခြင့္အေရးေကာင္းေတြကို လြဲေခ်ာ္ခဲ့တဲ့အတြက္ လုခ္ေရွာက သူ႔အသင္းကို ေဝဖန္ခဲ့ၿပီး ၂မွတ္ ဆုံးရႈံးခဲ့ရတာက လက္ခံႏိုင္စရာ မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ဂိုးသမား ဒီဂီယာကေတာ့ ခံစစ္မွဴး လုခ္ေရွာ ဟာ အသင္း အတြက္ လက္နက္ၾကီး တစ္ခု ျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ျပီး ဒီတေလာ လေတြ အတြင္း ေျခစြမ္းေကာင္းေတြ ေရွာ ျပန္ရလာတဲ့ အေပၚ ၀မ္းေျမာက္ေနပါတယ္။

ဘရန္ဒန္ ဝီလီယံကို နယူးကာဆယ္၊ ေဆာက္သမ္တန္တို႔နဲ႔အတူ ခ်န္ပီယံရွစ္ကလပ္ေတြက စိတ္ဝင္စားေနေပမယ့္ ဆိုးရွားကေတာ့ သူ႔ကို လက္က်န္ ရာသီအတြက္ လိုအပ္မွာျဖစ္ၿပီး ထြက္ခြာခြင့္ေပးမွာ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

လူမ်ိဳးေရး ခြဲျခားမႈေတြက ဆိုရွယ္မီဒီယာမွာ အဆိုးဆံုး ျဖစ္လာေနျပီး လူသားဆန္မႈေတြက ေပ်ာက္ဆံုး လာေနျပီလို႔ ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

၀ါဒါဘရီမင္မွာ အငွား ထြက္ကစားေနေပမယ့္ ၁၃ ပြဲသာ ပါ၀င္ကစားခြင့္ ရခဲ့တဲ့ ယူနိုက္တက္ လူငယ္ကစားသမား တာဟစ္ေခ်ာင္ဟာ ကလပ္ ဘရုစ္ အသင္းထံ အငွားနဲ႕ပဲ ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ပါတယ္။

ယူနိုက္တက္ထံ ေရာက္ရွိလာတာ တစ္နွစ္ ျပည့္ေျမာက္ခဲ့ျပီ ျဖစ္တဲ့ ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္က မန္ခ်က္စတာ ယူနိုက္တက္ လိုဂိုကို ဂ်ာစီရင္ဘတ္ေပၚမွာ တင္ ကစားရျခင္းက ဂုဏ္ယူစရာ ျဖစ္ျပီး အသင္း ဂႏၱ၀င္ အျဖစ္ ေရာက္မွ ကစားတာ နားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။