မန်ချက်စတာ ယူနိုက်တက်ဟာ ညက အိုးထရက်ဖို့ဒ်မှာ ဆောက်သမ်တန်အသင်းကို ဧည့်ခံ ကစားရာ ပွဲအစပိုင်း တစ်ယောက်နဲ့ ပွဲပြီးခါနီး တစ်ယောက် အနီကတ် ပြသ ကစားသမားတွေ ထုတ်ခံခဲ့ရတဲ့ စိန့်တွေကို အညှာအတာ မရှိ ၉ ဂိုးထိ သွင်းကာ ဂိုးပြတ် အနိုင်ယူပြခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဆောက်သမ်တန်ကို ၉-၀ နဲ့ နိုင်ခဲ့တဲ့ပွဲအတွင်း ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ယူနိုက်တက်အတွက် စုစုပေါင်း သွင်းဂိုး ၈၃ဂိုး ရှိလာခဲ့ပြီဖြစ်ပြီး ထာဝရဂိုးသွင်းအများဆုံးစာရင်းမှာ အဲရစ်ကန်တိုနာရဲ့ ၈၂ဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ကန်တိုနာရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာက ယူနိုက်တက်ပရိသတ်တစ်ယောက် ဖြစ်ခဲ့တဲ့ သူ့အတွက် ထူးခြားတဲ့ အခိုက်အတန့် ဖြစ်ပြီး ဒီညဟာ စွမ်းဆောင်ရည်ကောင်း တွေနဲ့အတူ ပျော်ရွှင်စရာဖြစ်ခဲ့တယ်လို့ ရက်ရှ်ဖို့ဒ်က ဖွင့်ဟခဲ့ပါတယ်။
ဆိုးရှားဟာ သူ့အသင်းရဲ့ ၉ဂိုးပြတ် နိုင်ပွဲအတွက် အတော်လေး ဝမ်းမြောက်နေသလို သူတို့ဟာ မှော်ဆန်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ကံကောင်းခြင်းတွေ၊ စိတ်ဓာတ် တက်ကြွမှုတွေနဲ့ ထူးခြားတဲ့ အရည်အချင်းတွေ ပြန်ရှာတွေ့ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
မာရှယ်ကို ဧရိယာအတွင်း ဂျန်ဘက်နာရက်က ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ထုတ်ပယ်ခံရပြီး ပင်နယ်တီပေးခဲ့ရပေမယ့် မိုက်ကယ်အိုဝင်ကတော့ ဒါဟာ ဒိုင်ဗင်ထိုးတဲ့ အကြီးမားဆုံးဥပမာဖြစ်ပြီး ဒိုင်ရဲ့ဆုံးဖြတ်ချက်က ပေါက်ကရတွေပဲလို့ ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး နိုင်ပွဲစံချိန်ကို လိုက်မီခဲ့ပြီး ၁၉၉၅မှာ အစ်ဝစ်ခ်ျတောင်းကို ၎င်းတို့ကိုယ်တိုင် ၉-ဝနဲ့နို င်ခဲ့တဲ့ပွဲနဲ့ ၂၀၁၉မှာ လက်စတာက ဆောက်သမ်တန်ကို ၉-ဝနဲ့ နိုင်ခဲ့တဲ့ပွဲတို့နဲ့အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။
ကာဗာနီဟာ ဆောက်သမ်တန်နဲ့ပွဲ ပထမပိုင်းအတွင်း ဖျက်ထုတ်ခံရမှုကြောင့် ခြေကျင်းဝတ်မှာ ဒဏ်ရာရခဲ့သလို မပြင်းထန်ပေမယ့် မစွန့်စား ချင်တာကြောင့် ဒုတိယပိုင်းမှာ မာရှယ်နဲ့ လူစားလဲခဲ့ရတာဖြစ်တယ်လို့ ဆိုးရှားက ပြောပြလာပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက အိုးထရက္ဖို႔ဒ္မွာ ေဆာက္သမ္တန္အသင္းကို ဧည့္ခံ ကစားရာ ပြဲအစပိုင္း တစ္ေယာက္နဲ႕ ပြဲျပီးခါနီး တစ္ေယာက္ အနီကတ္ ျပသ ကစားသမားေတြ ထုတ္ခံခဲ့ရတဲ့ စိန္႕ေတြကို အညွာအတာ မရွိ ၉ ဂိုးထိ သြင္းကာ ဂိုးျပတ္ အနုိင္ယူျပခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ ေဆာက္သမ္တန္ကို ၉-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲအတြင္း ပထမပိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ေနာက္ ယူႏိုက္တက္အတြက္ စုစုေပါင္း သြင္းဂိုး ၈၃ဂိုး ရွိလာခဲ့ၿပီျဖစ္ၿပီး ထာဝရဂိုးသြင္းအမ်ားဆုံးစာရင္းမွာ အဲရစ္ကန္တိုနာရဲ႕ ၈၂ဂိုး မွတ္တမ္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။
ကန္တိုနာရဲ႕ သြင္းဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာက ယူႏိုက္တက္ပရိသတ္တစ္ေယာက္ ျဖစ္ခဲ့တဲ့ သူ႔အတြက္ ထူးျခားတဲ့ အခိုက္အတန္႔ ျဖစ္ၿပီး ဒီညဟာ စြမ္းေဆာင္ရည္ေကာင္း ေတြနဲ႔အတူ ေပ်ာ္႐ႊင္စရာျဖစ္ခဲ့တယ္လို႔ ရက္ရွ္ဖို႔ဒ္က ဖြင့္ဟခဲ့ပါတယ္။
ဆိုးရွားဟာ သူ႔အသင္းရဲ႕ ၉ဂိုးျပတ္ ႏိုင္ပြဲအတြက္ အေတာ္ေလး ဝမ္းေျမာက္ေနသလို သူတို႔ဟာ ေမွာ္ဆန္တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔အတူ ကံေကာင္းျခင္းေတြ၊ စိတ္ဓာတ္ တက္ႂကြမႈေတြနဲ႔ ထူးျခားတဲ့ အရည္အခ်င္းေတြ ျပန္ရွာေတြ႕ခဲ့တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
မာရွယ္ကို ဧရိယာအတြင္း ဂ်န္ဘက္နာရက္က ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ထုတ္ပယ္ခံရၿပီး ပင္နယ္တီေပးခဲ့ရေပမယ့္ မိုက္ကယ္အိုဝင္ကေတာ့ ဒါဟာ ဒိုင္ဗင္ထိုးတဲ့ အႀကီးမားဆုံးဥပမာျဖစ္ၿပီး ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္က ေပါက္ကရေတြပဲလို႔ ေဝဖန္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အႀကီးမားဆုံး ႏိုင္ပြဲစံခ်ိန္ကို လိုက္မီခဲ့ၿပီး ၁၉၉၅မွာ အစ္ဝစ္ခ္်ေတာင္းကို ၎တို႔ကိုယ္တိုင္ ၉-၀နဲ႔ႏို င္ခဲ့တဲ့ပြဲနဲ႔ ၂၀၁၉မွာ လက္စတာက ေဆာက္သမ္တန္ကို ၉-၀နဲ႔ ႏိုင္ခဲ့တဲ့ပြဲတို႔နဲ႔အတူ မွတ္တမ္းဝင္ခဲ့ပါတယ္။
ကာဗာနီဟာ ေဆာက္သမ္တန္နဲ႔ပြဲ ပထမပိုင္းအတြင္း ဖ်က္ထုတ္ခံရမႈေၾကာင့္ ေျခက်င္းဝတ္မွာ ဒဏ္ရာရခဲ့သလို မျပင္းထန္ေပမယ့္ မစြန္႕စား ခ်င္တာေၾကာင့္ ဒုတိယပိုင္းမွာ မာရွယ္နဲ႔ လူစားလဲခဲ့ရတာျဖစ္တယ္လို႔ ဆိုးရွားက ေျပာျပလာပါတယ္။
