ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့အပတ်က ခြေကျင်းဝတ် နှစ်ဖက်လုံးမှာ ဒဏ်ရာရခဲ့ပြီးတော့ ဒီနေ့ ချယ်ဆီးနဲ့ပွဲကို လွဲချော်ဖို့ ရှိနေသလို သူ မပါတာက ချယ်ဆီး အတွက် အားတက်စရာ ဖြစ်ကြောင်း တူချယ်က ဝန်ခံပြောကြားခဲ့ပါတယ်။
ချယ်ဆီးမှာ ကစားသမားကောင်းတွေနဲ့ နည်းပြကောင်းတွေအမြရှိသလို ဒါက ဆုဖလားတွေ အောင်မြင်ဖို့ သိပ်ကောင်းတဲ့ အခွင့်အရေး ဖြစ်တာကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ နည်းပြရတက အရမ်းမခက်ခဲဘူးလို့ နည်းပြဟောင်း မော်ရင်ညိုက ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ဆောင်းရာသီဈေးကွက်အတွင်း ဘီလီဂေလ်မာနဲ့ အန်ဂျော်ရင်တို့အတွက် ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် တူချယ်က သူတို့ရဲ့ အလားအလာ တွေကို လေ့ကျင့်ရေးမှာ မြင်ခဲ့တဲ့နောက် အသင်းမှာ ဆက်ထိန်းထားချင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီနည်းပြ အလုပ်နဲ့ ချယ်ဆီး နည်းပြအလုပ်ကို နှိုင်းယှဉ်လို့မရဘူးလို့ ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် မော်ရင်ညိုက ပြောခဲ့တာကို တူချယ်က တုံ့ပြန်ခဲ့ပြီး ဒီ၂ခုမှာ ပိုကောင်းတာ၊ ပိုဆိုးတာ မရှိပဲ သူ့ဟာနဲ့သူ ကွဲပြားရုံပါပဲလို့ ပြောဆိုခဲ့ပါတယ်။
မေဆန်မောင့်ဟာ လူတန်တောင်းနဲ့ပွဲမှာ အသက်အငယ်ဆုံးချယ်ဆီးအသင်းခေါင်းဆောင် ဖြစ်ခဲ့သလို လူငယ်အသင်းဖော်တွေအားလုံး သူ့ကို ထောက်ခံအားပေးနေတာနဲ့အတူ သူက အနာဂတ်မှာ ထပ်ပြီးတော့ ကပ္ပတိန်ဖြစ်ခွင့်ရဦးမယ်လို့ ဘီလီဂေလ်မာက ယုံကြည်နေပါတယ်။
မော်ရင်ညိုရဲ့ တောင့်တင်းတဲ့ စပါးအသင်းမှာ ဆစ်ဆိုကိုနဲ့ ဟိုးဘက်တို့က ပြိုင်ဆိုင်မှုပြင်းထန်ပြီး၊ ခံစစ်ကို ထောက်ပံ့ပေးနိုင်သလို၊ စည်းကမ်း လိုက်နာပြီး အလုပ်ကြိုးစားတဲ့ ကွင်းလယ်လူတွေဖြစ်တယ်လို့ တူချယ်က ချီးကျူးပြောဆိုခဲ့ပါတယ်။
ဟာကင်ဇီယက်ခ်ျဟာ ချယ်ဆီးမှာ ပထမ၆လက အထိုင်ကျဖို့ အနည်းငယ် ခက်ခဲခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် သူ့အနေနဲ့ တူချယ်လက်အောက်မှာ အေဂျက်မှာတုန်းက ခြေစွမ်းကောင်းတွေကို ပြန်ရှာတွေ့နိုင်တယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဇီယက်ခ်ျဟာ တူချယ်ရဲ့ပထမဆုံးပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဘန်လေနဲ့ပွဲမှာ မကစားရတဲ့ အရန်လူ ဖြစ်ခဲ့သလို တူချယ်ရဲ့အစီအစဉ်တွေထဲမှာ ပါဝင်ခွင့် မရဘူးဆိုရင် ဒီနွေမှာ ကလပ်ကနေ ထွက်ခွာရနိုင်တယ်လို့ အန်ဒီတောင်ဆန်က သတိပေးခဲ့ပါတယ်။

Zawgyi – ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့အပတ္က ေျခက်င္းဝတ္ ႏွစ္ဖက္လုံးမွာ ဒဏ္ရာရခဲ့ၿပီးေတာ့ ဒီေန႔ ခ်ယ္ဆီးနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနသလို သူ မပါတာက ခ်ယ္ဆီး အတြက္ အားတက္စရာ ျဖစ္ေၾကာင္း တူခ်ယ္က ဝန္ခံေျပာၾကားခဲ့ပါတယ္။
ခ်ယ္ဆီးမွာ ကစားသမားေကာင္းေတြနဲ႔ နည္းျပေကာင္းေတြအျမရွိသလို ဒါက ဆုဖလားေတြ ေအာင္ျမင္ဖို႔ သိပ္ေကာင္းတဲ့ အခြင့္အေရး ျဖစ္တာေၾကာင့္ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ နည္းျပရတက အရမ္းမခက္ခဲဘူးလို႔ နည္းျပေဟာင္း ေမာ္ရင္ညိဳက ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ေဆာင္းရာသီေဈးကြက္အတြင္း ဘီလီေဂလ္မာနဲ႔ အန္ေဂ်ာ္ရင္တို႔အတြက္ ကမ္းလွမ္းမႈေတြ ရခဲ့ေပမယ့္ တူခ်ယ္က သူတို႔ရဲ႕ အလားအလာ ေတြကို ေလ့က်င့္ေရးမွာ ျမင္ခဲ့တဲ့ေနာက္ အသင္းမွာ ဆက္ထိန္းထားခ်င္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
ပီအက္စ္ဂ်ီနည္းျပ အလုပ္နဲ႔ ခ်ယ္ဆီး နည္းျပအလုပ္ကို ႏႈိင္းယွဥ္လို႔မရဘူးလို႔ ထိပ္တိုက္ေတြ႕ဆုံမႈမတိုင္ခင္ ေမာ္ရင္ညိဳက ေျပာခဲ့တာကို တူခ်ယ္က တုံ႔ျပန္ခဲ့ၿပီး ဒီ၂ခုမွာ ပိုေကာင္းတာ၊ ပိုဆိုးတာ မရွိပဲ သူ႔ဟာနဲ႔သူ ကြဲျပား႐ုံပါပဲလို႔ ေျပာဆိုခဲ့ပါတယ္။
ေမဆန္ေမာင့္ဟာ လူတန္ေတာင္းနဲ႔ပြဲမွာ အသက္အငယ္ဆုံးခ်ယ္ဆီးအသင္းေခါင္းေဆာင္ ျဖစ္ခဲ့သလို လူငယ္အသင္းေဖာ္ေတြအားလုံး သူ႔ကို ေထာက္ခံအားေပးေနတာနဲ႔အတူ သူက အနာဂတ္မွာ ထပ္ၿပီးေတာ့ ကပၸတိန္ျဖစ္ခြင့္ရဦးမယ္လို႔ ဘီလီေဂလ္မာက ယုံၾကည္ေနပါတယ္။
ေမာ္ရင္ညိဳရဲ႕ ေတာင့္တင္းတဲ့ စပါးအသင္းမွာ ဆစ္ဆိုကိုနဲ႔ ဟိုးဘက္တို႔က ၿပိဳင္ဆိုင္မႈျပင္းထန္ၿပီး၊ ခံစစ္ကို ေထာက္ပံ့ေပးႏိုင္သလို၊ စည္းကမ္း လိုက္နာၿပီး အလုပ္ႀကိဳးစားတဲ့ ကြင္းလယ္လူေတြျဖစ္တယ္လို႔ တူခ်ယ္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ဟာကင္ဇီယက္ခ္်ဟာ ခ်ယ္ဆီးမွာ ပထမ၆လက အထိုင္က်ဖို႔ အနည္းငယ္ ခက္ခဲခဲ့တယ္လို႔ ဝန္ခံခဲ့ေပမယ့္ သူ႔အေနနဲ႔ တူခ်ယ္လက္ေအာက္မွာ ေအဂ်က္မွာတုန္းက ေျခစြမ္းေကာင္းေတြကို ျပန္ရွာေတြ႕ႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ဇီယက္ခ္်ဟာ တူခ်ယ္ရဲ႕ပထမဆုံးပြဲမွာ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ဘန္ေလနဲ႔ပြဲမွာ မကစားရတဲ့ အရန္လူ ျဖစ္ခဲ့သလို တူခ်ယ္ရဲ႕အစီအစဥ္ေတြထဲမွာ ပါဝင္ခြင့္ မရဘူးဆိုရင္ ဒီေႏြမွာ ကလပ္ကေန ထြက္ခြာရႏိုင္တယ္လို႔ အန္ဒီေတာင္ဆန္က သတိေပးခဲ့ပါတယ္။
