ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (17/02/21)

ချယ်ဆီး အမျိုးသမီးအသင်းကလည်း ညက မဲခွဲမှုအရ ချန်ပီယံလိဂ် ၁၆သင်း ရှူံးထွက် အဆင့်မှာ အက်သလက်တီကို မက်ဒရစ် အမျိုးသမီးအသင်းနဲ့ တွေ့ဆုံနေပါတယ်။

ပရီးမီးယားလိဂ်မှာ ဂိုးပေါက် တွေ့ခဲ့ပြီ ဖြစ်တဲ့ တိုက်စစ်မှူး တီမိုဝါနာက အသင်းမှာ သူ့ကို ဂျာမန်လို အော်ဟစ် ပြောဆိုတဲ့သူ ရှိလာတာက အထောက်အကူကြီး ဖြစ်စေခဲ့ကြောင်း နည်းပြ တူချယ်အား ရည်ရွယ် ပြောဆိုခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ပွဲက ပွဲထွက် လူစာရင်းမှာ အမေရိကန် တိုက်စစ်သမား ပူလီဆစ်ကို ချန်လှပ်ခဲ့ပေမယ့် ၎င်းက အသင်း အရေးကြီး အစီအစဉ်တွေထဲ ပါဝင်နေပါတယ်လို့ တူချယ်က ဖြေရှင်းခဲ့ပါတယ်။

ချယ်ဆီး ခံစစ်မှူး ရူဒီဂါက ၎င်းကို ပွဲကစားချိန် သိပ် မပေးခဲ့တဲ့ နည်းပြ လမ်းပတ် အသင်းမှာ ဆက်ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ချယ်ဆီးမှာ ဆက်နေဖို့ ဆုံးဖြတ်ထားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

တီမိုဝါနာဟာ ချယ်ဆီးအသင်းမှာ အထောင် ကစားရင် ကစား ဒါမှမဟုတ် ဘယ်တောင်ပံ ထွက်ကစားခဲ့တာ ဖြစ်ပေမယ့် နယူးကာဆယ်နဲ့ ပွဲမှာ နှစ်နေရာလုံးမှာ မွှေနှောက် ကစားခဲ့တာက ပို အလုပ်ဖြစ်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

ချယ်ဆီး၊ လီဗာပူးနဲ့ မန်စီးတီးတို့ စောင့်ကြည့်နေတဲ့ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ဒေးဗစ် အလာဘာက လာမယ့်နွေမှာ လက်ရှိကလပ်ကနေ ထွက်ခွာမှာဖြစ်ကြောင်း အတည်ပြု ထားပါတယ်။

Zawgyi – ခ်ယ္ဆီး အမ်ိဳးသမီးအသင္းကလည္း ညက မဲခြဲမႈအရ ခ်န္ပီယံလိဂ္ ၁၆သင္း ရွံဴးထြက္ အဆင့္မွာ အက္သလက္တီကို မက္ဒရစ္ အမ်ိဳးသမီးအသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။

ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ ေတြ႔ခဲ့ျပီ ျဖစ္တဲ့ တိုက္စစ္မွဴး တီမို၀ါနာက အသင္းမွာ သူ႔ကို ဂ်ာမန္လို ေအာ္ဟစ္ ေျပာဆိုတဲ့သူ ရွိလာတာက အေထာက္အကူၾကီး ျဖစ္ေစခဲ့ေၾကာင္း နည္းျပ တူခ်ယ္အား ရည္ရြယ္ ေျပာဆိုခဲ့ပါတယ္။

နယူးကာဆယ္နဲ႕ ပြဲက ပြဲထြက္ လူစာရင္းမွာ အေမရိကန္ တိုက္စစ္သမား ပူလီဆစ္ကို ခ်န္လွပ္ခဲ့ေပမယ့္ ၄င္းက အသင္း အေရးၾကီး အစီအစဥ္ေတြထဲ ပါ၀င္ေနပါတယ္လို႔ တူခ်ယ္က ေျဖရွင္းခဲ့ပါတယ္။

ခ်ယ္ဆီး ခံစစ္မွဴး ရူဒီဂါက ၄င္းကို ပြဲကစားခ်ိန္ သိပ္ မေပးခဲ့တဲ့ နည္းျပ လမ္းပတ္ အသင္းမွာ ဆက္ရွိသည္ ျဖစ္ေစ မရွိသည္ ျဖစ္ေစ ခ်ယ္ဆီးမွာ ဆက္ေနဖို႔ ဆံုးျဖတ္ထားခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

တီမို၀ါနာဟာ ခ်ယ္ဆီးအသင္းမွာ အေထာင္ ကစားရင္ ကစား ဒါမွမဟုတ္ ဘယ္ေတာင္ပံ ထြက္ကစားခဲ့တာ ျဖစ္ေပမယ့္ နယူးကာဆယ္နဲ႕ ပြဲမွာ နွစ္ေနရာလံုးမွာ ေမႊေနွာက္ ကစားခဲ့တာက ပို အလုပ္ျဖစ္ခဲ့တယ္လို႔ ေထာက္ျပခဲ့ပါတယ္။

ခ်ယ္ဆီး၊ လီဗာပူးနဲ႕ မန္စီးတီးတို႔ ေစာင့္ၾကည့္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ ၾကယ္ပြင့္ ေဒးဗစ္ အလာဘာက လာမယ့္ေႏြမွာ လက္ရွိကလပ္ကေန ထြက္ခြာမွာျဖစ္ေၾကာင္း အတည္ျပဳ ထားပါတယ္။