ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (17/02/21)

ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ ဂရိတ် ကစားသမား တစ်ယောက် ဖြစ်လာဖို့ ဆိုရင် စိတ်သဘောထား ခံယူချက်ပိုင်း လိုအပ်မှုတွေ ရှိနေသေးတယ်လို့ သရဲနီ တိုက်စစ်မှူးဟောင်း ရှာရင်ဂမ်က ထောက်ပြခဲ့ပါတယ်။

ကွင်းလယ် ကစားသမား ဖရက်ကတော့ မန်ချက်စတာ ယူနိုက်တက်ကနေ အသင်း ဂန္တဝင် တစ်ဦး အဖြစ်နဲ့ပဲ ထွက်ခွာသွားချင်ပါတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဂိုးသမားတွေ အတွက် တစ်ပတ် လုပ်ခ ပေါင် ၆ သိန်းထိ သုံးနေရတာကြောင့် လာမယ့်နွေမှာ ဂိုးသမား ၃ဦး ဖြစ်တဲ့ ရိုမဲရိုး၊ ချန်ပီယံရှစ် ဟက်ဒါဖီးမှာ ကစားထားတဲ့ ပါရဲရားနဲ့ U23 အသင်းမှ ပေါလ် ဝူဆန်တို့ ကို ရောင်းချတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာဘက် ဟက်ထရစ်သွင်းခဲ့တဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် အမ် ဘတ်ပီကို ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်က သိပ်ကောင်းတဲ့ခြေစွမ်း ပဲ လို့ ဆိုရှယ်မီဒီယာမှာ ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဖရန့်ဖတ် တိုက်စစ်သမား အင်ဒရေ ဆေးဗား ကို ခေါ်ယူဖို့ ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း စကိုင်းစပေါ့ ဂျာမနီ က ဖော်ထုတ်ထားပါတယ်။ ဟာလန်းကို မရရင် အရန် အဖြစ် ဆေးဗားကို သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ပေမယ့် မန်ချက်စတာ ကလပ်ဟာ ပေါ်တူဂီသား အပေါ် အလွန်အမင်း မှီခိုမနေဘူးလို့ ပေါစခိုးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – ေပါ့ဘာဟာ ယူနိုက္တက္ရဲ႕ ဂရိတ္ ကစားသမား တစ္ေယာက္ ျဖစ္လာဖို႔ ဆိုရင္ စိတ္သေဘာထား ခံယူခ်က္ပိုင္း လိုအပ္မႈေတြ ရွိေနေသးတယ္လို႔ သရဲနီ တိုက္စစ္မွဴးေဟာင္း ရွာရင္ဂမ္က ေထာက္ျပခဲ့ပါတယ္။

ကြင္းလယ္ ကစားသမား ဖရက္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ကေန အသင္း ဂႏၱ၀င္ တစ္ဦး အျဖစ္နဲ႔ပဲ ထြက္ခြာသြားခ်င္ပါတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ဟာ ဂိုးသမားေတြ အတြက္ တစ္ပတ္ လုပ္ခ ေပါင္ ၆ သိန္းထိ သံုးေနရတာေၾကာင့္ လာမယ့္ေႏြမွာ ဂိုးသမား ၃ဦး ျဖစ္တဲ့ ရိုမဲရိုး၊ ခ်န္ပီယံရွစ္ ဟက္ဒါဖီးမွာ ကစားထားတဲ့ ပါရဲရားနဲ႕ U23 အသင္းမွ ေပါလ္ ၀ူဆန္တို႔ ကို ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။

ဘာစီလိုနာဘက္ ဟက္ထရစ္သြင္းခဲ့တဲ့ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ ဘတ္ပီကို ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္က သိပ္ေကာင္းတဲ့ေျခစြမ္း ပဲ လို႔ ဆိုရွယ္မီဒီယာမွာ ခ်ီးက်ဴးလိုက္ပါတယ္။

ယူနိုက္တက္ဟာ ဖရန္႔ဖတ္ တိုက္စစ္သမား အင္ဒေရ ေဆးဗား ကို ေခၚယူဖို႔ ပစ္မွတ္ အျဖစ္ သတ္မွတ္ထားေၾကာင္း စကိုင္းစေပါ့ ဂ်ာမနီ က ေဖာ္ထုတ္ထားပါတယ္။ ဟာလန္းကို မရရင္ အရန္ အျဖစ္ ေဆးဗားကို သတ္မွတ္ထားတယ္လို႔လည္း သိရပါတယ္။

ဘရူနို ဖာနန္ဒက္စ္ ဟာ ယူနိုက္တက္ အတြက္ အေရးပါတဲ့ ကစားသမား ျဖစ္ေပမယ့္ မန္ခ်က္စတာ ကလပ္ဟာ ေပၚတူဂီသား အေပၚ အလြန္အမင္း မွီခိုမေနဘူးလို႔ ေပါစခိုးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။