ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (18/02/21)

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှ ရီးရဲလ် ဆိုဆီဒက်နဲ့ ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မန်ယူနိုက်တက်နဲ့ မန်စီးတီး အသင်းတို့ စောင့်ကြည့်နေတာကြောင့် စပါးအသင်းဟာ ၎င်းတို့ တိုက်စစ်မှူး ဟယ်ရီ ကိန်း အတွက် တန်ကြေး ကို ပေါင် သန်း ၁၅၀ လို့ သတ်မှတ်လိုက်ပါတယ်။

အပြောင်းအရွှေ့ စောင့်ကြည့်သူများရဲ့ အဆိုအရတော့ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ဟာ ဝက်စ်ဟမ်း ကွင်းလယ်သမား ဒီကလန် ရိုက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အရှိန်မြင့်လာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေက ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား ကင်စလေ ကိုးမန်းကို အဓိကထား ကြိုးစားခဲ့ကြတဲ့ကလပ်တွေထဲ ယူနိုက်တက်နဲ့မန်စီးတီး မန်ချက်စတာ ကလပ် နှစ်သင်းက ရှေ့ဆုံးကနေ ပါဝင်ခဲ့တယ်လို့ ဂျာမန်သတင်းတွေက ဖော်ထုတ်ခဲ့ပါတယ်။

ဈေးကွက်ထဲမှာ ခြေစွမ်းထက် လူငယ်တွေကို စောင့်ကြည့် ရှာဖွေနေတဲ့ ယူနိုက်တက်ဟာ ပေါင် ၂၂သန်းခွဲတန် အသက် ၁၈ နှစ် အရွယ် တောင်ပံတိုက်စစ်သမား ဘရာဇီးသားလေး ဂါဘရီရယ် ဗာရွန်နဲ့ ချိတ်ဆက်နေကြောင်း ၎င်း အေးဂျင့်က ဖွင့်ဟခဲ့ပါတယ်။

ရီယို ဖာဒီနန်ကတော့ ဝက်စ်ဟမ်းမှာ အငှား ထွက်ကစားနေတဲ့ ယူနိူက်တက် ကွင်းလယ်တိုက်စစ် လင်ဂတ်ဟာ ရာသီကုန်ရင် အပြီးသတ်နဲ့ ပြောင်းရွှေ့ ထွက်ခွာသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

Zawgyi – မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှ ရီးရဲလ် ဆိုဆီဒက်နဲ့ ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မန်ယူနိုက်တက်နဲ့ မန်စီးတီး အသင်းတို့ စောင့်ကြည့်နေတာကြောင့် စပါးအသင်းဟာ ၄င်းတို့ တိုက်စစ်မှူး ဟယ်ရီ ကိန်း အတွက် တန်ကြေး ကို ပေါင် သန်း ၁၅၀ လို့ သတ်မှတ်လိုက်ပါတယ်။



ဈေးကွက်ထဲမှာ ခြေစွမ်းထက် လူငယ်တွေကို စောင့်ကြည့် ရှာဖွေနေတဲ့ ယူနိုက်တက်ဟာ ပေါင် ၂၂သန်းခွဲတန် အသက် ၁၈ နှစ် အရွယ် တောင်ပံတိုက်စစ်သမား ဘရာဇီးသားလေး ဂါဘရီရယ် ဗာရွန်နဲ့ ချိတ်ဆက်နေကြောင်း ၄င်း အေးဂျင့်က ဖွင့်ဟခဲ့ပါတယ်။

ရီယို ဖာဒီနန်ကတော့ ၀က်စ်ဟမ်းမှာ အငှား ထွက်ကစားနေတဲ့ ယူနိုက်တက် ကွင်းလယ်တိုက်စစ် လင်ဂတ်ဟာ ရာသီကုန်ရင် အပြီးသတ်နဲ့ ပြောင်းရွှေ့ ထွက်ခွာသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။