မိုနာကို ခံစစ်မှူး Benoit Badiashile က ပြီးခဲ့တဲ့နွေမှာ မန်ချက်စတာ ယူနိုက်တက် ထံမှ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟခဲ့ကာ ထိုဆုံးဖြတ်ချက်ကလည်း မှန်ကန်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ပရီးမီးယားလိဂ် ရာသီသိမ်းချိန် အမှတ်ပေးဇယားမှာ မန်စီးတီးက ချန်ပီယံ ဖြစ်ပြီး အဆင့် ၂ မှာ ယူနိုက်တက် ဆက်ရှိနေမယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ် ၀င်ခွင့် လက်ကျန် ၂ နေရာမှာတော့ အဆင့် ၃ လက်စတာ၊ အဆင့် ၄ လီဗာပူးလို့ ၄င်းက ဆိုပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ထံ ရောက်လာတည်းက ပင်နယ်တီ ကန်သွင်းတဲ့ အကြိမ် ၁၇ ကြိမ် ရှိသွားခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က နယူးကာဆယ်နဲ့ ပွဲမှာ ဂိုးသမား ကားလ် ဒါလော တစ်ယောက်သာ ၄င်း ပင်နယ်တီကို တားဆီးနိုင်ခဲ့ပါတယ်။
ရီယို ဖာဒီနန်က ခံစစ်မှူး ဘန် ဂျော့ဖရေး ကို နောဝစ်ခ်ျမှာ ရှိစဉ်က ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အား တိုက်တွန်းခဲ့ကြောင်း ၀န်ခံခဲ့ပြီး အသက် ၂၃နှစ် အရွယ် ကစားသမားဟာ အဲဗာတန်အသင်းထံ ပြီးခဲ့တဲ့ နွေကပဲ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ယူနိုက်တက် လူငယ် ကစားသမားလေး အာမက် ဒီယာလိုဟာ ငယ်ရွယ်ပြီး ထရိန်နင်မှာတောင် မယုံနိုင်စရာ ထူးချွန်မှုတွေ ပြသနေတယ်လို့ ဒန်နီရယ် ဂျိမ်းစ်က ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။
တိုက်စစ်မှူး မာရှယ်ဟာ ယူနိုက်တက်ရဲ့ အဓိက သွင်းဂိုးရှင် ဖြစ်လာဖို့ ဆိုရင် ပြင်းပြတဲ့ ဆန္ဒနဲ့ သွင်းဂိုးတွေ ဆာလောင်မှု လိုအပ်နေသေးကြောင်း အလန်ရှီးယားက ထောက်ပြခဲ့ပါတယ်။

Zawgyi – မိုနာကို ခံစစ်မှူး Benoit Badiashile က ပြီးခဲ့တဲ့နွေမှာ မန်ချက်စတာ ယူနိုက်တက် ထံမှ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟခဲ့ကာ ထိုဆုံးဖြတ်ချက်ကလည်း မှန်ကန်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။