အေစီမီလန် အသင်းဟာ အငှား ခေါ်ထားတဲ့ ချယ်ဆီး ကစားသမား ဖီကာယို တိုမိုရီ ကို အပြီးသတ် ဝယ်ယူခွင့် ရှိပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ပေးဖို့က များလွန်းနေတာကြောင့် စဉ်းစားနေတယ်လို့ သိရပါတယ်။
ချယ်ဆီးအသင်းကို ၁၈ လ စာချုပ်နဲ့သာ နည်းပြ အဖြစ် ကိုင်တွယ်ရခြင်းကြောင့် အသင်းကို ကိုယ်စားပြုတာနဲ့ စီမံမှုအပိုင်းတွေမှာ ယုံကြည်မှု အပြည့် ရဖို့ အခက်အခဲ ရှိကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။

စကော့တလန်လိဂ် ဆဲလ်တစ်အသင်းဟာ လက်ရှိ နည်းပြနေရာ လစ်လပ်သွားတာကြောင့် အစားထိုး ခန့်အပ်ဖြစ်မယ့် နည်းပြလောင်း စာရင်းထဲမှာ ချယ်ဆီးနည်းပြဟောင်းတွေ ဖြစ်တဲ့ ဖရန့်လမ်းပတ်နဲ့ ဘင်နီတက်ဇ် တို့ ပါဝင်နေပါတယ်။
ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဘက်က ကာဗာနီ၊ ဗန်ဒီဘိခ်နဲ့ မက် တော်မီနေးတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း ဆိုးရှားက ဆိုခဲ့ပြီး ပေါ့ဘာကလည်း သီတင်းပတ် အနည်းငယ် လွဲချော်ဦးမယ်လို့ သိရပါတယ်။
အင်တာမီလန် တိုက်စစ်မှူး မာတင် ဆန်ထရီယာနို က ၎င်းကို ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့က စိတ်ဝင်စားမှု ပြသခဲ့တာကြောင့် ရင်ခုန်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီး ဂိုးသမား မန်ဒီကတော့ အသင်းရဲ့ ဦးစားပေး ဂိုးသမား နေရာ ရထားပေမယ့် နံပါတ် ၁ နေရာက သူနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ ကီပါ၊ ကာဘယ်လာရို တို့ကို ယှဉ်ပြိုင် သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

Zawgyi – ေအစီမီလန္ အသင္းဟာ အငွား ေခၚထားတဲ့ ခ်ယ္ဆီး ကစားသမား ဖီကာယို တိုမိုရီ ကို အျပီးသတ္ ၀ယ္ယူခြင့္ ရွိေပမယ့္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္း ေပးဖို႔က မ်ားလြန္းေနတာေၾကာင့္ စဥ္းစားေနတယ္လို႔ သိရပါတယ္။
ခ်ယ္ဆီးအသင္းကို ၁၈ လ စာခ်ဳပ္နဲ႕သာ နည္းျပ အျဖစ္ ကိုင္တြယ္ရျခင္းေၾကာင့္ အသင္းကို ကိုယ္စားျပဳတာနဲ႕ စီမံမႈအပိုင္းေတြမွာ ယံုၾကည္မႈ အျပည့္ ရဖို႔ အခက္အခဲ ရွိေၾကာင္း ၀န္ခံ ေျပာဆိုလိုက္ပါတယ္။
စေကာ့တလန္လိဂ္ ဆဲလ္တစ္အသင္းဟာ လက္ရွိ နည္းျပေနရာ လစ္လပ္သြားတာေၾကာင့္ အစားထိုး ခန္႔အပ္ျဖစ္မယ့္ နည္းျပေလာင္း စာရင္းထဲမွာ ခ်ယ္ဆီးနည္းျပေဟာင္းေတြ ျဖစ္တဲ့ ဖရန္႔လမ္းပတ္နဲ႕ ဘင္နီတက္ဇ္ တို႔ ပါ၀င္ေနပါတယ္။
ခ်ယ္ဆီးနဲ႕ ရင္ဆိုင္ရမယ့္ ပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဘက္က ကာဗာနီ၊ ဗန္ဒီဘိခ္နဲ႕ မက္ ေတာ္မီေနးတို႔ ပါ၀င္နိုင္ဦးမွာ မဟုတ္ေၾကာင္း ဆိုးရွားက ဆိုခဲ့ျပီး ေပါ့ဘာကလည္း သီတင္းပတ္ အနည္းငယ္ လြဲေခ်ာ္ဦးမယ္လို႔ သိရပါတယ္။
အင္တာမီလန္ တိုက္စစ္မွဴး မာတင္ ဆန္ထရီယာနို က ၄င္းကို ပရီးမီးယားလိဂ္ အင္အားၾကီးကလပ္ေတြ ျဖစ္တဲ့ ခ်ယ္ဆီးနဲ႕ အာဆင္နယ္ အသင္းတို႔က စိတ္၀င္စားမႈ ျပသခဲ့တာေၾကာင့္ ရင္ခုန္မိေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီး ဂိုးသမား မန္ဒီကေတာ့ အသင္းရဲ႕ ဦးစားေပး ဂိုးသမား ေနရာ ရထားေပမယ့္ နံပါတ္ ၁ ေနရာက သူနဲ႕ ထိုက္တန္ေၾကာင္း သက္ေသျပဖို႔ ကီပါ၊ ကာဘယ္လာရို တို႔ကို ယွဥ္ျပိဳင္ သြားမွာ ျဖစ္ေၾကာင္း ဆိုပါတယ္။
