ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်က ညက မန်ချက်စတာ ယူနိုက်တက်နဲ့ သရေကျတဲ့ ပွဲမှာ အရည်အသွေးမြင့် ကစားတာတွေ အများကြီး မြင်ခဲ့ရတယ်လို့ ပွဲ အပြီးမှာ ဆိုခဲ့ပေမယ့် ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်ကတော့ တူချယ် ပွဲများ မှားကြည့်နေခဲ့တာလားလို့ ခပ်ရွဲ့ရွဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။
ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ဂိုးမရှိ သရေနဲ့ပဲ စတန်းဖို့ ဘရစ်ချ်မှာ ပြီးဆုံးခဲ့ရပြီး ထိုပွဲ ရလဒ်ကြောင့် ချယ်ဆီးက အမှတ်ပေးဇယား အဆင့် ၅ မှာပဲ ရှိနေသလို ယူနိုက်တက်ကလည်း အဆင့် ၂ မှာ ပဲ ရှိနေပြီး စီးတီးနဲ့တော့ ၁၂ မှတ် ကွာဟသွားပါတယ်။

ပွဲအပြီးမှာ တူချယ်က – ” တောင့်တင်းတဲ့ အသင်းနှစ်သင်းကြား အရည်အသွေးမြင့် ပွဲတစ်ပွဲ ကစားသွားတာ မြင်ခဲ့ရတယ်။ ပထမပိုင်းမှာ ကျနော်တို့ ခံစားခဲ့ရပေမယ့် တစ်ပွဲလုံး ပြန်ကြည့်ရင်တော့ မျှပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ သိပ်တောင့်တင်းခဲ့တယ် ထင်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
ပေါစခိုးလ်ကတော့ တူချယ် အပြောကို ပရီးမီးယားလိဂ် အစီအစဉ်မှာ အခုလို တုန့်ပြန် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
” တူချယ်က သူ့ အိုင်ပက်ကနေ တခြားပွဲ တစ်ပွဲကိုများ မှားကြည့်နေခဲ့တာလား ကျနော်တွေးမိတယ်။ သူက ဒီပွဲဟာ အရည်အသွေးကောင်း တွေနဲ့ လို့ ပြောသွားခဲ့တယ်။ ကျနော်တော့ တစ်ပွဲလုံး ကြည့်တောင် သိပ်ကောင်းတဲ့ အရည်အသွေး မတွေ့မိခဲ့ဘူး။ ကစားသမား တချို့က နေရာယူမှုကောင်းတွေ လုပ်နိုင်ခဲ့ပေမယ့် ဘောလုံးကို လွယ်လွယ်ပေးရတာတွေတောင် မအောင်မြင်ခဲ့ဘူး။ တော်မီနေးတို့ ဘရူနို ဖာနန်ဒက်စ်တို့ပေါ့။
ကွင်းထဲက ကစားသမားတွေမှာ အရည်အချင်းကောင်းတွေ ရှိခဲ့တယ် ဆိုပါစို့၊ သူတို့ထဲက တစ်ယောက်ယောက်ကများ အဲဒါတွေကို ထုတ်ပြနိုင်ခဲ့လို့လား။ ကျနော် မြင်တာ မမှားဘူးထင်ပါတယ်။ သူတို့ ဘာမှကို လုပ်မပြနိုင်ခဲ့တာပါ။ ” လို့ ပေါစခိုးလ်က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ေသာမတ္စ္ တူခ်ယ္က ညက မန္ခ်က္စတာ ယူနိုက္တက္နဲ႕ သေရက်တဲ့ ပြဲမွာ အရည္အေသြးျမင့္ ကစားတာေတြ အမ်ားၾကီး ျမင္ခဲ့ရတယ္လို႔ ပြဲ အျပီးမွာ ဆိုခဲ့ေပမယ့္ ယူနိုက္တက္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္ကေတာ့ တူခ်ယ္ ပြဲမ်ား မွားၾကည့္ေနခဲ့တာလားလို႔ ခပ္ရြဲ႕ရြဲ႕ ေမးခြန္းထုတ္ခဲ့ပါတယ္။
ခ်ယ္ဆီးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ဟာ ဂိုးမရွိ သေရနဲ႕ပဲ စတန္းဖို႔ ဘရစ္ခ်္မွာ ျပီးဆံုးခဲ့ရျပီး ထိုပြဲ ရလဒ္ေၾကာင့္ ခ်ယ္ဆီးက အမွတ္ေပးဇယား အဆင့္ ၅ မွာပဲ ရွိေနသလို ယူနုိက္တက္ကလည္း အဆင့္ ၂ မွာ ပဲ ရွိေနျပီး စီးတီးနဲ႕ေတာ့ ၁၂ မွတ္ ကြာဟသြားပါတယ္။
ပြဲအျပီးမွာ တူခ်ယ္က – ” ေတာင့္တင္းတဲ့ အသင္းနွစ္သင္းၾကား အရည္အေသြးျမင့္ ပြဲတစ္ပြဲ ကစားသြားတာ ျမင္ခဲ့ရတယ္။ ပထမပိုင္းမွာ က်ေနာ္တို႔ ခံစားခဲ့ရေပမယ့္ တစ္ပြဲလံုး ျပန္ၾကည့္ရင္ေတာ့ မွ်ပါတယ္။ ဒုတိယပိုင္းမွာ က်ေနာ္တို႔ သိပ္ေတာင့္တင္းခဲ့တယ္ ထင္ပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။
ေပါစခိုးလ္ကေတာ့ တူခ်ယ္ အေျပာကို ပရီးမီးယားလိဂ္ အစီအစဥ္မွာ အခုလို တုန္႔ျပန္ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။
” တူခ်ယ္က သူ႔ အိုင္ပက္ကေန တျခားပြဲ တစ္ပြဲကိုမ်ား မွားၾကည့္ေနခဲ့တာလား က်ေနာ္ေတြးမိတယ္။ သူက ဒီပြဲဟာ အရည္အေသြးေကာင္း ေတြနဲ႕ လို႔ ေျပာသြားခဲ့တယ္။ က်ေနာ္ေတာ့ တစ္ပြဲလံုး ၾကည့္ေတာင္ သိပ္ေကာင္းတဲ့ အရည္အေသြး မေတြ႔မိခဲ့ဘူး။ ကစားသမား တခ်ိဳ႔က ေနရာယူမႈေကာင္းေတြ လုပ္နုိင္ခဲ့ေပမယ့္ ေဘာလံုးကို လြယ္လြယ္ေပးရတာေတြေတာင္ မေအာင္ျမင္ခဲ့ဘူး။ ေတာ္မီေနးတို႔ ဘရူနို ဖာနန္ဒက္စ္တို႔ေပါ့။
ကြင္းထဲက ကစားသမားေတြမွာ အရည္အခ်င္းေကာင္းေတြ ရွိခဲ့တယ္ ဆိုပါစို႔၊ သူတို႔ထဲက တစ္ေယာက္ေယာက္ကမ်ား အဲဒါေတြကို ထုတ္ျပနိုင္ခဲ့လို႔လား။ က်ေနာ္ ျမင္တာ မမွားဘူးထင္ပါတယ္။ သူတို႔ ဘာမွကို လုပ္မျပနိုင္ခဲ့တာပါ။ ” လို႔ ေပါစခိုးလ္က သံုးသပ္ ေျပာဆိုသြားခဲ့ပါတယ္။
