ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (01/03/21)

ညကပွဲမှာ အိုဒွိုင်းရဲ့ လက်ထိဘော အတွက် မန်ချက်စတာ ယူနိုက်တက်က ပင်နယ်တီ မရခဲ့ခြင်းဟာ အံ့အားသင့်ဖွယ် ဖြစ်ရပ်ကြီး တစ်ခု ဖြစ်တယ်လို့ ဒိုင်လူကြီး မက် ကလက်တန်ဘတ်က ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းနဲ့ ဂိုးမရှိ သရေကျသွားပြန်တဲ့ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကြီး ၆ ကြီး အသင်းတွေနဲ့ ဆုံတိုင်း ကစားကွက်ကနေ တစ်ဂိုးမှ မရသေးတဲ့ မှတ်တမ်းဆိုးကို ဆက်ထိန်းသွားရပါတယ်။

အိုဒွိုင်း လက်ထိ အပြီးမှာ ဒိုင်လူကြီးက ဒါ ပင်နယ်တီပဲလို့ မက်ဂွဲရားကို ပြောခဲ့သေးကြောင်း လုခ်ရှောက ဖွင့်ဟခဲ့ပြီး VAR ကြည့် အပြီးမှာတော့ ထို ကနဦး သုံးသပ်ချက်က ပယ်ဖျက်သွားခဲ့ပါတယ်။

ချယ်ဆီးနည်းပြ တူချယ်က ယူနိုက်တက်နဲ့ သရေပွဲမှာ ကစားသမားတွေရဲ့ အရည်အသွေးကောင်းတွေ တွေ့ခဲ့ရကြောင်း ပွဲ အပြီးမှာ ချီးကျူးခဲ့ပေမယ့် ယူနိုက်တက် ဂန္တဝင် ပေါစခိုးလ်ကတော့ တူချယ် ပွဲမှား ကြည့်ခဲ့တာလားလို့ ပြန်မေးခွန်းထုတ်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကနေ ဘိုင်ယန် လီဗာကူဆင် အသင်းထံ ပြောင်းရွှေ့သွားတဲ့ ခံစစ်မှူး ဖိုဆု မန်ဆာကတော့ အသင်းပြောင်းပြီး တစ်လ အကြာမှာပဲ ခြေကျင်းဝတ် အရွတ် စုတ်ပြဲတဲ့ ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

လီဗာပူး ကစားသမားဟောင်း ဒန်နီ မာဖီကတော့ ဒီရာသီ ပြီးဆုံးချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာ ယူနိုက်တက်က ဒုတိယ နေရာ ရနိုင်ကြောင်း သုံးသပ်ခဲ့ပြီး စီးတီးက ချန်ပီယံ၊ ချယ်ဆီးက အဆင့် ၃၊ လီဗာပူး ဒါမှမဟုတ် လက်စတာက အဆင့် ၄ ရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Zawgyi – ညကပြဲမွာ အိုဒြိဳင္းရဲ႕ လက္ထိေဘာ အတြက္ မန္ခ်က္စတာ ယူနိုက္တက္က ပင္နယ္တီ မရခဲ့ျခင္းဟာ အံ့အားသင့္ဖြယ္ ျဖစ္ရပ္ၾကီး တစ္ခု ျဖစ္တယ္လို႔ ဒိုင္လူၾကီး မက္ ကလက္တန္ဘတ္က ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႕ ဂိုးမရွိ သေရက်သြားျပန္တဲ့ ယူနိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၾကီး ၆ ၾကီး အသင္းေတြနဲ႕ ဆံုတိုင္း ကစားကြက္ကေန တစ္ဂိုးမွ မရေသးတဲ့ မွတ္တမး္ဆိုးကို ဆက္ထိန္းသြားရပါတယ္။

အိုဒြိဳင္း လက္ထိ အျပီးမွာ ဒိုင္လူၾကီးက ဒါ ပင္နယ္တီပဲလို႔ မက္ဂြဲရားကို ေျပာခဲ့ေသးေၾကာင္း လုခ္ေရွာက ဖြင့္ဟခဲ့ျပီး VAR ၾကည့္ အျပီးမွာေတာ့ ထို ကနဦး သံုးသပ္ခ်က္က ပယ္ဖ်က္သြားခဲ့ပါတယ္။

ခ်ယ္ဆီးနည္းျပ တူခ်ယ္က ယူနိုက္တက္နဲ႕ သေရပြဲမွာ ကစားသမားေတြရဲ႕ အရည္အေသြးေကာင္းေတြ ေတြ႔ခဲ့ရေၾကာင္း ပြဲ အျပီးမွာ ခ်ီးက်ဴးခဲ့ေပမယ့္ ယူနုိက္တက္ ဂႏၱ၀င္ ေပါစခိုးလ္ကေတာ့ တူခ်ယ္ ပြဲမွား ၾကည့္ခဲ့တာလားလို႔ ျပန္ေမးခြန္းထုတ္လိုက္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ကေန ဘိုင္ယန္ လီဗာကူဆင္ အသင္းထံ ေျပာင္းေရႊ႕သြားတဲ့ ခံစစ္မွဴး ဖိုဆု မန္ဆာကေတာ့ အသင္းေျပာင္းျပီး တစ္လ အၾကာမွာပဲ ေျခက်င္း၀တ္ အရြတ္ စုတ္ျပဲတဲ့ ဒဏ္ရာ ရရွိသြားတယ္လို႔ သိရပါတယ္။

လီဗာပူး ကစားသမားေဟာင္း ဒန္နီ မာဖီကေတာ့ ဒီရာသီ ျပီးဆံုးခ်ိန္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား မွာ ယူနိုက္တက္က ဒုတိယ ေနရာ ရနုိင္ေၾကာင္း သံုးသပ္ခ့ဲျပီး စီးတီးက ခ်န္ပီယံ၊ ခ်ယ္ဆီးက အဆင့္ ၃၊ လီဗာပူး ဒါမွမဟုတ္ လက္စတာက အဆင့္ ၄ ရမယ္လို႔ ခန္႕မွန္းခဲ့ပါတယ္။