ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (02/03/21)

လီဗာပူးအသင်းထံ ရောက်သွားတဲ့ ကွင်းလယ်ကစားသမား သီယေဂို အယ်ကန်တာရာ ဟာ ယာဂင်ကလော့ပ် အကြိုက် ပုံစံ ကစားသမား မဟုတ်ဘဲ မန်ချက်စတာ ယူနိုက်တက်မှာ ဆိုရင် ပို အံဝင်မယ့် သူ ဖြစ်ကြောင်း ပေါစခိုးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

လာမယ့် နွေမှာ မန်ချက်စတာ ယူနိုက်တက်ဟာ သေရင် မြေကြီး ရှင်ရင် ရွှေထီး အနေအထားမျိုးတွေးပြီး အမ်ဘတ်ပီ ဒါမှမဟုတ် ဟာလန်းကို ရအောင် ခေါ်သင့်ပြီလို့ ရီယို ဖာဒီနန်က တိုက်တွန်းသွားပါတယ်။

တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလားတွေ မယူပြနိုင်ဘဲနဲ့တော့ ဟားလန်းကို အသင်း ပြောင်းလာအောင် ဆွဲဆောင် စည်းရုံးဖို့ ခက်ခဲလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ဗာရိန်ဟာ စပိန်ကလပ်ရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး လာမယ့်နွေမှာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာဖွယ် ရှိကြောင်း မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက ဆိုပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက်ဟာ ချယ်ဆီးနဲ့ ပွဲမှာ ပင်နယ်တီ အငြင်းပွားမှု အပြီး ပေါက်ကွဲအား ကောင်းကောင်း ပိုအားထုတ်ခဲ့ကာ အဝေးကနေ ဂိုးပေါက်ကို ညာခြေနဲ့ အဝိုက် ကန်ချက် ကောင်းမွန်ခဲ့ပြီး နည်းနည်းများသွားခဲ့ပါတယ်။ ဖရက်ရဲ့ အားထုတ်မှုကို ပရိသတ်တွေကတော့ သတိပြုမိကာ ချီးကျူးပြောဆိုခဲ့ကြပါတယ်။

ယူနိုက်တက်ဟာ ဘောလုံးမပါဘဲ ရွေ့လျားမှုမှာ အရဲရင့်ဆုံး ပုံစံ အနေနဲ့ ချယ်ဆီးနဲ့ ပွဲမှာ ကစားပြခဲ့ကြောင်း ဂျင်မီ ကာရေဂါက သုံးသပ် ချီးကျူးခဲ့ပါတယ်။ ထိုပွဲ ရလဒ်ကတော့ ဂိုးမရှိ သရေနဲ့ ပဲ ပြီးဆုံးခဲ့တာပါ။

Zawgyi – လီဗာပူးအသင္းထံ ေရာက္သြားတဲ့ ကြင္းလယ္ကစားသမား သီေယဂို အယ္ကန္တာရာ ဟာ ယာဂင္ကေလာ့ပ္ အၾကိဳက္ ပံုစံ ကစားသမား မဟုတ္ဘဲ မန္ခ်က္စတာ ယူနိုက္တက္မွာ ဆိုရင္ ပို အံ၀င္မယ့္ သူ ျဖစ္ေၾကာင္း ေပါစခိုးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

လာမယ့္ ေႏြမွာ မန္ခ်က္စတာ ယူနိုက္တက္ဟာ ေသရင္ ေျမၾကီး ရွင္ရင္ ေရႊထီး အေနအထားမ်ိဳးေတြးျပီး အမ္ဘတ္ပီ ဒါမွမဟုတ္ ဟာလန္းကို ရေအာင္ ေခၚသင့္ျပီလို႔ ရီယို ဖာဒီနန္က တိုက္တြန္းသြားပါတယ္။

တိုက္စစ္မွဴးေဟာင္း အန္ဒီကိုးလ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆုဖလားေတြ မယူျပနိုင္ဘဲနဲ႕ေတာ့ ဟားလန္းကို အသင္း ေျပာင္းလာေအာင္ ဆြဲေဆာင္ စည္းရံုးဖို႕ ခက္ခဲလိမ့္မယ္လို႔ ေထာက္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ဗာရိန္ဟာ စပိန္ကလပ္ရဲ႕ သက္တမ္းတိုး ကမ္းလွမ္းမႈကို ျငင္းဆန္ထားျပီး လာမယ့္ေႏြမွာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာဖြယ္ ရွိေၾကာင္း မန္ခ်က္စတာ အေျခစိုက္ MEN သတင္းဌာနက ဆိုပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ဖရက္ဟာ ခ်ယ္ဆီးနဲ႕ ပြဲမွာ ပင္နယ္တီ အျငင္းပြားမႈ အျပီး ေပါက္ကြဲအား ေကာင္းေကာင္း ပိုအားထုတ္ခဲ့ကာ အေ၀းကေန ဂိုးေပါက္ကို ညာေျခနဲ႕ အ၀ိုက္ ကန္ခ်က္ ေကာင္းမြန္ခဲ့ျပီး နည္းနည္းမ်ားသြားခဲ့ပါတယ္။ ဖရက္ရဲ႕ အားထုတ္မႈကို ပရိသတ္ေတြကေတာ့ သတိျပဳမိကာ ခ်ီးက်ဴးေျပာဆိုခဲ့ၾကပါတယ္။

ယူနိုက္တက္ဟာ ေဘာလံုးမပါဘဲ ေရြ႕လ်ားမႈမွာ အရဲရင့္ဆံုး ပံုစံ အေနနဲ႕ ခ်ယ္ဆီးနဲ႕ ပြဲမွာ ကစားျပခဲ့ေၾကာင္း ဂ်င္မီ ကာေရဂါက သံုးသပ္ ခ်ီးက်ဴးခဲ့ပါတယ္။ ထိုပြဲ ရလဒ္ကေတာ့ ဂိုးမရွိ သေရနဲ႕ ပဲ ျပီးဆံုးခဲ့တာပါ။