ချယ်ဆီးအသင်းဟာ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ သီယေဂို ဆေးဗားနဲ့ တမ်မီ အေဗရာဟမ်တို့ မပါဝင်ဘဲ လီဗာပူးကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး အိုဒွိုင်းကတော့ ပါဝင်နိုင်မယ်လို့ သိရပါတယ်။
နောက်ဘောလုံးရာသီမှာ ချယ်ဆီးက မန်စီးတီး၊ လီဗာပူးတို့ကို အပြိုင် ယှဉ်လာနိုင်စေရမယ်လို့ နည်းပြ တူချယ်က ကတိစကား ပြောဆိုလိုက်ပါတယ်။ ၎င်းက စီးတီးနဲ့ လီဗာပူးတို့ ပြီးခဲ့တဲ့ လေးနှစ် အတွင်း စွမ်းဆောင်ပြခဲ့တဲ့ အနေအထားမျိုး ချယ်ဆီး အမှီလိုက်နိုင်တယ် ယုံကြည်နေပါတယ်။

ဒါ့အပြင် သောမတ်စ် တူချယ်က ယာဂင်ကလော့ လီဗာပူးမှာ၊ ပက် ဂွာဒီယိုလာ မန်စီးတီးမှာ ရေရှည် ကိုင်တွယ် အသင်းတည်ဆောက်ခွင့် ရသလိုမျိုး သူလည်း အခွင့်အရေး ရလာမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
ချယ်ဆီးအသင်းဟာ မိုနာကိုအသင်းမှ အသက် ၂၁ နှစ်အရွယ် ကွင်းလယ် ခံစစ်သမား Aurelien Tchouameni ကို ခေါ်ယူဖို့ အလွန် စိတ်ဝင်စားနေကြောင်း ESPN သတင်းဌာနက ဖော်ထုတ်သွားပါတယ်။
ချယ်ဆီး အမျိုးသမီးအသင်းဟာ ဥရောပချန်ပီယံလိဂ် ၁၆ သင်း အဆင့်ရဲ့ ပထမအကျော့ ပြိုင်ပွဲ အဖြစ် အက်သလက်တီကိုမက်ဒရစ် ကို ဧည့်ခံ ကစားခဲ့ရာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယ အကျော့ကို နောက်အပတ်မှာ ယှဉ်ပြိုင် ကစားရမှာပါ။
ဂျာမနီဘက်က သတင်းတွေ အရတော့ ဒေါ့မွန် ကြယ်ပွင့် ဟာလန်းဟာ ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် အသင်းထံ မရွှေ့ပြောင်းလိုဘဲ သူ အလိုရှိတာက လီဗာပူး၊ စီးတီး၊ မန်ယူနိုက်တက်၊ မက်ဒရစ်၊ ဘာစီလိုနာ ဒါမှမဟုတ် ဂျူဗင်တပ် အသင်းများ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ အဓိက ကစားသမား နွစ္ဦး ျဖစ္တဲ့ သီေယဂို ေဆးဗားနဲ႕ တမ္မီ ေအဗရာဟမ္တို႕ မပါ၀င္ဘဲ လီဗာပူးကို သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ျပီး အိုဒြိဳင္းကေတာ့ ပါ၀င္နုိင္မယ္လို႔ သိရပါတယ္။
ေနာက္ေဘာလံုးရာသီမွာ ခ်ယ္ဆီးက မန္စီးတီး၊ လီဗာပူးတို႔ကို အျပိဳင္ ယွဥ္လာနုိင္ေစရမယ္လို႔ နည္းျပ တူခ်ယ္က ကတိစကား ေျပာဆိုလိုက္ပါတယ္။ ၄င္းက စီးတီးနဲ႕ လီဗာပူးတို႔ ျပီးခဲ့တဲ့ ေလးနွစ္ အတြင္း စြမ္းေဆာင္ျပခဲ့တဲ့ အေနအထားမ်ိဳး ခ်ယ္ဆီး အမွီလိုက္နုိင္တယ္ ယံုၾကည္ေနပါတယ္။
ဒါ့အျပင္ ေသာမတ္စ္ တူခ်ယ္က ယာဂင္ကေလာ့ လီဗာပူးမွာ၊ ပက္ ဂြာဒီယိုလာ မန္စီးတီးမွာ ေရရွည္ ကိုင္တြယ္ အသင္းတည္ေဆာက္ခြင့္ ရသလိုမ်ိဳး သူလည္း အခြင့္အေရး ရလာမယ္လို႔ ယံုၾကည္ေၾကာင္း ဆိုိပါတယ္။
ခ်ယ္ဆီးအသင္းဟာ မိုနာကိုအသင္းမွ အသက္ ၂၁ နွစ္အရြယ္ ကြင္းလယ္ ခံစစ္သမား Aurelien Tchouameni ကို ေခၚယူဖို႔ အလြန္ စိတ္၀င္စားေနေၾကာင္း ESPN သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။
ခ်ယ္ဆီး အမ်ိဳးသမီးအသင္းဟာ ဥေရာပခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္ရဲ႕ ပထမအေက်ာ့ ျပိဳင္ပြဲ အျဖစ္ အက္သလက္တီကိုမက္ဒရစ္ ကို ဧည့္ခံ ကစားခဲ့ရာ ၂-၀ နဲ႕ အနုိင္ရရွိခဲ့ပါတယ္။ ဒုတိယ အေက်ာ့ကို ေနာက္အပတ္မွာ ယွဥ္ျပိဳင္ ကစားရမွာပါ။
ဂ်ာမနီဘက္က သတင္းေတြ အရေတာ့ ေဒါ့မြန္ ၾကယ္ပြင့္ ဟာလန္းဟာ ခ်ယ္ဆီးနဲ႕ ဘိုင္ယန္ျမဴးနစ္ အသင္းထံ မေရႊ႕ေျပာင္းလိုဘဲ သူ အလိုရွိတာက လီဗာပူး၊ စီးတီး၊ မန္ယူနုိက္တက္၊ မက္ဒရစ္၊ ဘာစီလိုနာ ဒါမွမဟုတ္ ဂ်ဴဗင္တပ္ အသင္းမ်ား ျဖစ္တယ္လို႔ သိရပါတယ္။
