မန်ချက်စတာ ယူနိုက်တက်ဟာ ညက အီတီဟက်မှာ သွားကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ ဇယားထိပ်က မြို့ခံ ပြိုင်ဘက် မန်စီးတီးကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။ ဂိုးတွေကို ဖာနန်ဒက်စ်က ပင်နယ်တီကနေ တစ်ဂိုး၊ လုခ်ရှောက တစ်ဂိုး အသီးသီး သွင်းယူခဲ့တာပါ။
ယူနိုက်တက် အတွက် အနိုင်သေချာစေမယ့် ဒုတိယ ဂိုး သွင်းယူပေးခဲ့တဲ့ လုခ်ရှောဟာ ပွဲမတိုင်ခင်တုန်းက ပါဝင်ကစားနိုင်ဖို့ မသေချာဘဲ စောင့်ကြည့်နေရတဲ့ အခြေအနေ ရှိကြောင်း ဖွင့်ဟခဲ့ကာ ထိုစဉ်က တဲလက်စ်ကို ဝင်ကစားစေဖို့ ပြင်ဆင်နေခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်စစ်မှူး မာရှယ်ဟာ မန်ချက်စတာ ဒါဘီပွဲမှာ အကောင်းဆုံး ခြေစွမ်း ပြန်ရလာတာ တွေ့ခဲ့ရကြောင်းလည်း နည်းပြ ဆိုးရှားက ပွဲ အပြီးမှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။
မြို့ခံ ပြိုင်ဘက် မန်စီးတီးကို အနိုင်ယူလိုက်တဲ့ ယူနိုက်တက် ခြေစွမ်းဟာ ရိုလာကိုစတာလိုပဲ အတက်အကျ အနိမ့်အမြင့်တွေ့နဲ့ မှန်းရခက်ကြောင်း ဆိုလာကြပြီး မန်စီးတီးကလည်း ပြိုင်ပွဲစုံ ၂၁ ပွဲ နိုင်ပွဲ ဆက်နေတဲ့ မှတ်တမ်း ကျိုးပျက်သွားခဲ့ရပါတယ်။
တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က စီးတီးနဲ့ ပွဲမှာ ဘယ်ခြေကျင်းဝတ် ထိသွားပုံရခဲ့ပြီး ဒုတိယပိုင်းမှာ မေဆန် ဂရင်းဝုဒ်နဲ့ လူစားလဲခဲ့ရတာကြောင့် ယူနိုက်တက် အတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်ခဲ့ပါတယ်။
အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ ယူနိုက်တက်ဟာ နည်းစနစ်ပိုင်း ဗျူဟာကျကျ ချဉ်းကပ်နိုင်ခဲ့တာကြောင့် ပွဲကို အနိုင်ရခဲ့တာ ဖြစ်ကြောင်း ဆိုခဲ့ပြီး ယူနိုက်တက်က ဒီရာသီ အဝေးကွင်း တစ်ပွဲမှ မရှူံးသေးတဲ့ မှတ်တမ်းကိုလည်း ဆက်လက် ထိန်းသိမ်းသွားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက အီတီဟက္မွာ သြားကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲမွာေတာ့ ဇယားထိပ္က ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီးကို ၂ဂိုး ဂိုးမရွိနဲ႕ အနုိင္ယူခဲ့ပါတယ္။ ဂိုးေတြကို ဖာနန္ဒက္စ္က ပင္နယ္တီကေန တစ္ဂိုး၊ လုခ္ေရွာက တစ္ဂိုး အသီးသီး သြငး္ယူခဲ့တာပါ။
ယူနိုက္တက္ အတြက္ အနုိင္ေသခ်ာေစမယ့္ ဒုတိယ ဂိုး သြင္းယူေပးခဲ့တဲ့ လုခ္ေရွာဟာ ပြဲမတိုင္ခင္တုန္းက ပါ၀င္ကစားနုိင္ဖို႔ မေသခ်ာဘဲ ေစာင့္ၾကည့္ေနရတဲ့ အေျခအေန ရွိေၾကာင္း ဖြင့္ဟခဲ့ကာ ထိုစဥ္က တဲလက္စ္ကို ၀င္ကစားေစဖို႔ ျပင္ဆင္ေနခဲ့ရတယ္လို႔ ဆိုပါတယ္။
တိုက္စစ္မွဴး မာရွယ္ဟာ မန္ခ်က္စတာ ဒါဘီပြဲမွာ အေကာင္းဆံုး ေျခစြမ္း ျပန္ရလာတာ ေတြ႔ခဲ့ရေၾကာင္းလည္း နည္းျပ ဆိုးရွားက ပြဲ အျပီးမွာ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။
ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီးကို အနုိင္ယူလိုက္တဲ့ ယူနိုက္တက္ ေျခစြမ္းဟာ ရိုလာကိုစတာလိုပဲ အတက္အက် အနိမ့္အျမင့္ေတြ႕နဲ႕ မွန္းရခက္ေၾကာင္း ဆိုလာၾကျပီး မန္စီးတီးကလည္း ျပိဳင္ပြဲစံု ၂၁ ပြဲ နုိင္ပြဲ ဆက္ေနတဲ့ မွတ္တမ္း က်ိဳးပ်က္သြားခဲ့ရပါတယ္။
တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္က စီးတီးနဲ႕ ပြဲမွာ ဘယ္ေျခက်င္း၀တ္ ထိသြားပံုရခဲ့ျပီး ဒုတိယပိုင္းမွာ ေမဆန္ ဂရင္း၀ုဒ္နဲ႕ လူစားလဲခဲ့ရတာေၾကာင့္ ယူနိုက္တက္ အတြက္ ထိုးနွက္ခ်က္ တစ္ရပ္ ျဖစ္ခဲ့ပါတယ္။
အသင္းေခါင္းေဆာင္ မက္ဂြဲရားကေတာ့ ယူနိုက္တက္ဟာ နည္းစနစ္ပိုင္း ဗ်ဴဟာက်က် ခ်ဥ္းကပ္နုိင္ခဲ့တာေၾကာင့္ ပြဲကို အနိုင္ရခဲ့တာ ျဖစ္ေၾကာင္း ဆိုခဲ့ျပီး ယူနုိက္တက္က ဒီရာသီ အေ၀းကြင္း တစ္ပြဲမွ မရွံဴးေသးတဲ့ မွတ္တမ္းကိုလည္း ဆက္လက္ ထိန္းသိမ္းသြားပါတယ္။
