ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (10/03/21)

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့မှာ ကလပ်အသင်း အတွက် လှုပ်ရှားမှုတွေ စနစ်တကျ အရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ ဘောလုံး ဒါရိုက်တာနဲ့ နည်းစနစ် ဒါရိုက်တာ တစ်ဦးစီ တရားဝင် ခန့်အပ်မှု ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာထူးအတွက် ယခင် ရေပန်းစားခဲ့သူတွေ မဟုတ်ခဲ့ဘဲ ယူနိုက်တက်နဲ့ အတူ ၇ နှစ်ကြာ ရှိခဲ့ပြီး လက်ရှိ ဘောလုံးဖွံ့ဖြိုးရေးဌာနက ခေါင်းဆောင် ဂျွန် မတ်တာ့ကို ဘောလုံး ဒါရိုက်တာ အဖြစ် ခန့်အပ်လိုက်ပြီး ဆိုးရှားရဲ့ နည်းပြ အဖွဲ့ဝင် ဖြစ်တဲ့ ဒါရင်း ဖလက်ချာက နည်းစနစ် ဒါရိုက်တာ အဖြစ် တိုးမြှင့် ခန့်ထားခံခဲ့ရပါတယ်။

ဘောလုံးဒါရိုက်တာ သစ် ဖြစ်လာတဲ့ ဂျွန် မတ်တာ့ဟာ ဝုဒ်ဝပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူ ဖြစ်ပြီး ထိုရာထူးကို လက်ခံပြီးနောက် ယူနိုက်တက်က ပြိုင်ဘက်တွေ အပေါ် အညှာအတာမဲ့ အနိုင်ယူကာ အောင်မြင်မှုတွေ ဆက်တိုက်ရယူဖို့ တွန်းအားကောင်း ဖြစ်စေရန် အဓိက တာဝန် ပေးထားကြောင်း သိရပါတယ်။

ချယ်ဆီးအသင်းမှာ သိပ်အခွင့်အရေး မရတာကြောင့် လာမယ့်နွေမှာ ထွက်ခွာဖွယ် ရှိနေတဲ့ အမေရိကန် တိုက်စစ်သမား ပူလီဆစ်ကို ယူနိုက်တက်နဲ့ လီဗာပူးအသင်းက စောင့်ကြည့်နေကြကြောင်း ဒေးလီးမေးလ်က ဆိုပါတယ်။

ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ သရဲနီသွေး အပြည့်နဲ့ ယူနိုက်တက် စိတ်ဓာတ်ရှိသူ ဖြစ်ကာ အသင်းမှာ အောင်မြင်လာမယ့် သူ ဖြစ်ကြောင်း ယူနိုက်တက် ဂိုးသမားဟောင်း လက်ရှိ ဝက်ဖို့ဒ်မှာ ကစားနေတဲ့ ဘင် ဖော်စတာက ထုတ်တေဖာ် ချီးကျူးလိုက်ပါတယ်။

အေစီမီလန်နဲ့ ကန်မယ့် ယူရိုပါလိဂ် ပွဲမှာ ယူနိုက်တက် ဘက်က ဗန်ဒီဘိခ်၊ ပေါ့ဘာ၊ ဒီဂီယာ၊ မာတာ တို့ မပါဝင်နိုင်ကြောင်း နည်းပြ ဆိုးရှားက အတည်ပြုခဲ့ပြီး ကာဗာနီနဲ့ ရက်ဖို့ဒ်တို့လည်း မသေချာကြောင်း ပြောဆိုခဲ့ပါတယ်။

ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်မှာ မပျော်ရွှင် ဖြစ်နေပြီး လာမယ့်နွေမှာ ဘိုကာဂျူနီယာ သို့ ပြောင်းရွှေ့ဖွယ် ရှိကြောင်း ၎င်း ဖခင် ဖြစ်သူက ထုတ်ပြောခဲ့ပေမယ့် ကာဗာနီကတော့ ယူနိုက်တက် ဂျာစီဝတ်ရတာ ဂုဏ်ယူကြောင်း အင်စတာဂရမ်ကနေ အသိပေးခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေန႔မွာ ကလပ္အသင္း အတြက္ လႈပ္ရွားမႈေတြ စနစ္တက် အရွိန္ျမွင့္ လုပ္ေဆာင္နိုင္ဖို႔ ေဘာလံုး ဒါရိုက္တာနဲ႕ နည္းစနစ္ ဒါရိုက္တာ တစ္ဦးစီ တရား၀င္ ခန္႔အပ္မႈ ျပဳလုပ္ခဲ့ျပီ ျဖစ္ပါတယ္။

ဒီရာထူးအတြက္ ယခင္ ေရပန္းစားခဲ့သူေတြ မဟုတ္ခဲ့ဘဲ ယူနိုက္တက္နဲ႕ အတူ ၇ နွစ္ၾကာ ရွိခဲ့ျပီး လက္ရွိ ေဘာလံုးဖြံ႕ျဖိဳးေရးဌာနက ေခါင္းေဆာင္ ဂၽြန္ မတ္တာ့ကို ေဘာလံုး ဒါရိုက္တာ အျဖစ္ ခန္႔အပ္လိုက္ျပီး ဆိုးရွားရဲ႕ နည္းျပ အဖြဲ႕၀င္ ျဖစ္တဲ့ ဒါရင္း ဖလက္ခ်ာက နည္းစနစ္ ဒါရိုက္တာ အျဖစ္ တိုးျမွင့္ ခန္႔ထားခံခဲ့ရပါတယ္။

ေဘာလံုးဒါရိုက္တာ သစ္ ျဖစ္လာတဲ့ ဂၽြန္ မတ္တာ့ဟာ ၀ုဒ္၀ပ္နဲ႕ ရင္းနွီးတဲ့ ဆက္ဆံေရး ရွိသူ ျဖစ္ျပီး ထိုရာထူးကို လက္ခံျပီးေနာက္ ယူနိုက္တက္က ျပိဳင္ဘက္ေတြ အေပၚ အညွာအတာမဲ့ အနုိင္ယူကာ ေအာင္ျမင္မႈေတြ ဆက္တုိက္ရယူဖို႔ တြန္းအားေကာင္း ျဖစ္ေစရန္ အဓိက တာ၀န္ ေပးထားေၾကာင္း သိရပါတယ္။

ခ်ယ္ဆီးအသင္းမွာ သိပ္အခြင့္အေရး မရတာေၾကာင့္ လာမယ့္ေႏြမွာ ထြက္ခြာဖြယ္ ရွိေနတဲ့ အေမရိကန္ တိုက္စစ္သမား ပူလီဆစ္ကို ယူနိုက္တက္နဲ႕ လီဗာပူးအသင္းက ေစာင့္ၾကည့္ေနၾကေၾကာင္း ေဒးလီးေမးလ္က ဆိုပါတယ္။

ဂိုးသမား ဒင္း ဟန္ဒါဆန္ဟာ သရဲနီေသြး အျပည့္နဲ႕ ယူနိုက္တက္ စိတ္ဓာတ္ရွိသူ ျဖစ္ကာ အသင္းမွာ ေအာင္ျမင္လာမယ့္ သူ ျဖစ္ေၾကာင္း ယူနိုက္တက္ ဂိုးသမားေဟာင္း လက္ရွိ ၀က္ဖို႔ဒ္မွာ ကစားေနတဲ့ ဘင္ ေဖာ္စတာက ထုတ္ေတဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။

ေအစီမီလန္နဲ႕ ကန္မယ့္ ယူရိုပါလိဂ္ ပြဲမွာ ယူနိုက္တက္ ဘက္က ဗန္ဒီဘိခ္၊ ေပါ့ဘာ၊ ဒီဂီယာ၊ မာတာ တို႔ မပါ၀င္နုိင္ေၾကာင္း နည္းျပ ဆိုးရွားက အတည္ျပဳခဲ့ျပီး ကာဗာနီနဲ႕ ရက္ဖို႔ဒ္တို႔လည္း မေသခ်ာေၾကာင္း ေျပာဆိုခဲ့ပါတယ္။

၀ါရင့္ တိုက္စစ္မွဴးၾကီး ကာဗာနီဟာ မန္ခ်က္စတာ ယူနိုက္တက္မွာ မေပ်ာ္ရႊင္ ျဖစ္ေနျပီး လာမယ့္ေႏြမွာ ဘိုကာဂ်ဴနီယာ သို႔ ေျပာင္းေရႊ႕ဖြယ္ ရွိေၾကာင္း ၄င္း ဖခင္ ျဖစ္သူက ထုတ္ေျပာခဲ့ေပမယ့္ ကာဗာနီကေတာ့ ယူနိုက္တက္ ဂ်ာစီ၀တ္ရတာ ဂုဏ္ယူေၾကာင္း အင္စတာဂရမ္ကေန အသိေပးခဲ့ပါတယ္။