ယနေ့ ညပိုင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (11/03/21)

ချယ်ဆီး ခံစစ်မှူး အလွန်ဆိုက ယခင် နည်းပြ လမ်းပတ် ရှိစဉ်က လျစ်လျူရှုခံခဲ့ရပေမယ့် သောမတ်စ် တူချယ် ရောက်လာပြီးနောက် ပွဲကစားခွင့်တွေ ပြန်ရလာတဲ့ အပေါ် ကျေနပ် ပျော်ရွှင်နေကြောင်းနဲ့ ကွင်းထဲမှာ ရှိပြီး ပွဲကစားရမှသာ အသင်းအတွက် ကူညီနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဥရောပမှာ ဒီရာသီ ပင်နယ်တီ အများဆုံး ရရှိတဲ့ အသင်းတွေထဲ ချယ်ဆီးကလည်း အကြိမ်ရေ မြင့်တက်လာနေပြီး ယူနိုက်တက်နဲ့ အတူ ၉ ကြိမ် ရရှိထားပါတယ်။ ပရီးမီးယားလိဂ်မှာ အများဆုံးကတော့ လက်စတာ ဖြစ်ပြီး ၁၀ ကြိမ် ဖြစ်ပါတယ်။

နာပိုလီအသင်းဟာ လာမယ့်နွေမှာ နည်းပြဟောင်း ဆာရီနဲ့ အသင်း ကွင်းလယ်ဟောင်း ဂျော်ဂျင်ဟိုတို့ ကို ပြန်ခေါ်ပြီး ပြန်ပေါင်းထုတ်ဖို့ ရည်ရွယ်နေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ၎င်းတို့ ဗဟိုခံစစ်မှူး ဘိုတန်ကို စာချုပ်သက်တမ်းတိုးဖွယ် မရှိတာကြောင့် အသင်းသစ် ရှာရဖို့ ရှိနေပြီး ဘိုတန်ကို ချယ်ဆီးနဲ့ အာဆင်နယ်တို့ က စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။

ဒါ့အပြင် ချယ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ် တိုက်စစ်သမား ကင်စလေ ကိုးမန် ကို စိတ်ဝင်စားဟန် ပြသလာတာကြောင့် အမေရိကန်သား ပူလီဆစ်ရဲ့ အနာဂတ်ကလည်း မရေရာ ဖြစ်လာနေပါတယ်။

ပရီးမီးယားလိဂ်မှာ ၂၇ ပွဲ ကစားပြီး ၅ ဂိုးသာ ရသေးတဲ့ ချယ်ဆီးတိုက်စစ်မှူး တီမိုဗာနာ ဟာ အင်္ဂလန်မှာ အခြေမကျတာကြောင့် နွေမှာ အသင်းပြောင်းဖို့ စဉ်းစားနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

Zawgyi – ခ်ယ္ဆီး ခံစစ္မွဴး အလြန္ဆိုက ယခင္ နည္းျပ လမ္းပတ္ ရွိစဥ္က လ်စ္လ်ဴရွဳခံခဲ့ရေပမယ့္ ေသာမတ္စ္ တူခ်ယ္ ေရာက္လာျပီးေနာက္ ပြဲကစားခြင့္ေတြ ျပန္ရလာတဲ့ အေပၚ ေက်နပ္ ေပ်ာ္ရႊင္ေနေၾကာင္းနဲ႕ ကြင္းထဲမွာ ရွိျပီး ပြဲကစားရမွသာ အသင္းအတြက္ ကူညီနုိင္မွာ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဥေရာပမွာ ဒီရာသီ ပင္နယ္တီ အမ်ားဆံုး ရရွိတဲ့ အသင္းေတြထဲ ခ်ယ္ဆီးကလည္း အၾကိမ္ေရ ျမင့္တက္လာေနျပီး ယူနိုက္တက္နဲ႕ အတူ ၉ ၾကိမ္ ရရွိထားပါတယ္။ ပရီးမီးယားလိဂ္မွာ အမ်ားဆံုးကေတာ့ လက္စတာ ျဖစ္ျပီး ၁၀ ၾကိမ္ ျဖစ္ပါတယ္။

နာပိုလီအသင္းဟာ လာမယ့္ေႏြမွာ နည္းျပေဟာင္း ဆာရီနဲ႕ အသင္း ကြင္းလယ္ေဟာင္း ေဂ်ာ္ဂ်င္ဟိုတို႔ ကို ျပန္ေခၚျပီး ျပန္ေပါင္းထုတ္ဖို႔ ရည္ရြယ္ေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ၄င္းတို႔ ဗဟိုခံစစ္မွဴး ဘိုတန္ကို စာခ်ဳပ္သက္တမ္းတိုးဖြယ္ မရွိတာေၾကာင့္ အသင္းသစ္ ရွာရဖို႔ ရွိေနျပီး ဘိုတန္ကို ခ်ယ္ဆီးနဲ႕ အာဆင္နယ္တို႔ က စိတ္၀င္စား ေစာင့္ၾကည့္ေနပါတယ္။

ဒါ့အျပင္ ခ်ယ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္သမား ကင္စေလ ကိုးမန္ ကို စိတ္၀င္စားဟန္ ျပသလာတာေၾကာင့္ အေမရိကန္သား ပူလီဆစ္ရဲ႕ အနာဂတ္ကလည္း မေရရာ ျဖစ္လာေနပါတယ္။

ပရီးမီးယားလိဂ္မွာ ၂၇ ပြဲ ကစားျပီး ၅ ဂိုးသာ ရေသးတဲ့ ခ်ယ္ဆီးတိုက္စစ္မွဴး တီမိုဗာနာ ဟာ အဂၤလန္မွာ အေျခမက်တာေၾကာင့္ ေႏြမွာ အသင္းေျပာင္းဖို႔ စဥ္းစားေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။