ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့် မဲခွဲမှုကို ဒီနေ့ ညနေမှာပြုလုပ်သွားခဲ့ရာ မန်ချက်စတာ ယူနိုက်တက်က စပိန်ကလပ် ဂရာနာဒါ အသင်းနဲ့ တွေ့ဆုံနေပြီး အာဆင်နယ်ကတော့ Slavia Prague အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက် ခံစစ်မှူး လုခ်ရှောက ဒီလထဲ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်းက ပြန် ရွေးချယ် ခေါ်ယူခံရတာ အတွ့် ဝမ်းမြောက် ဂုဏ်ယူနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒင်း ဟန်ဒါဆန်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမား နေရာကို တဖြည်းဖြည်း လက်လွှဲယူနေပြီ ဖြစ်ကြောင်း ပေါစခိုးလ်က ဒေးဗစ် ဒီဂီယာကို သတိပေးလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဂျာစီ ရှေ့ဘက်က လိုဂိုစပွန်ဆာ Chevrolet နေရာအတွက် ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ TeamViewer နဲ့ နောက်ရာသီက စ လက်တွဲဖို့ ၅ နှစ် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ စပွန်ဆာ တန်ကြေးက တစ်နှစ် ပေါင် ၄၇ သန်းလောက် ယူနိုက်တက် ရရှိမယ်လို့ သိရပါတယ်။
အေစီမီလန်နဲ့ ပွဲမှာ ရက်ဖို့ဒ်ကို မကစားစေခဲ့တာက အင်္ဂလန်သားဟာ နာကျင်မှု အနည်းငယ် ရှိနေသေးတာကြောင့် ဖြစ်ပြီး ပေါ့ဘာကလည်း ၄၅ မိနစ်ထက် ပို ကစားသင့်တဲ့ ကြံ့ခိုင်မှု မရှိတာကြောင့် ဒုတိယပိုင်းမှ ဝင်ကစားစေခဲ့တာ ဖြစ်ကြောင်း နည်းပြ ဆိုးရှားက ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ လင်ဂတ်ကို ရောင်းချပြီး ငွေကြေးဖြည့်တင်းကာ ဟာလန်းကို ရီးရဲလ်၊ ချယ်ဆီးတို့ထက် ကျော်ပြီး ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

Zawgyi – ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ အဆင့္ မဲခြဲမႈကို ဒီေန႔ ညေနမွာျပဳလုပ္သြားခဲ့ရာ မန္ခ်က္စတာ ယူနုိက္တက္က စပိန္ကလပ္ ဂရာနာဒါ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အာဆင္နယ္ကေတာ့ Slavia Prague အသင္းနဲ႕ ယွဥ္ျပိဳင္ရမွာပါ။
ယူနိုက္တက္ ခံစစ္မွဴး လုခ္ေရွာက ဒီလထဲ ကစားရမယ့္ ကမၻာ့ဖလား ေျခစစ္ပြဲေတြ အတြက္ အဂၤလန္ လက္ေရြးစင္ အသင္းက ျပန္ ေရြးခ်ယ္ ေခၚယူခံရတာ အတြ႕္ ၀မ္းေျမာက္ ဂုဏ္ယူေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ဒင္း ဟန္ဒါဆန္ဟာ မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ ဂိုးသမား ေနရာကို တျဖည္းျဖည္း လက္လႊဲယူေနျပီ ျဖစ္ေၾကာင္း ေပါစခိုးလ္က ေဒးဗစ္ ဒီဂီယာကို သတိေပးလိုက္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဂ်ာစီ ေရွ႕ဘက္က လိုဂိုစပြန္ဆာ Chevrolet ေနရာအတြက္ ကမၻာ့နည္းပညာ ကုမၸဏီၾကီး တစ္ခု ျဖစ္တဲ့ TeamViewer နဲ႕ ေနာက္ရာသီက စ လက္တြဲဖို႔ ၅ နွစ္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ပါတယ္။ စပြန္ဆာ တန္ေၾကးက တစ္နွစ္ ေပါင္ ၄၇ သန္းေလာက္ ယူနိုက္တက္ ရရွိမယ္လို႔ သိရပါတယ္။
ေအစီမီလန္နဲ႕ ပြဲမွာ ရက္ဖို႔ဒ္ကို မကစားေစခဲ့တာက အဂၤလန္သားဟာ နာက်င္မႈ အနည္းငယ္ ရွိေနေသးတာေၾကာင့္ ျဖစ္ျပီး ေပါ့ဘာကလည္း ၄၅ မိနစ္ထက္ ပို ကစားသင့္တဲ့ ၾကံ႕ခိုင္မႈ မရွိတာေၾကာင့္ ဒုတိယပိုင္းမွ ၀င္ကစားေစခဲ့တာ ျဖစ္ေၾကာင္း နည္းျပ ဆိုးရွားက ဖြင့္ဟခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ လာမယ့္ေႏြမွာ လင္ဂတ္ကို ေရာင္းခ်ျပီး ေငြေၾကးျဖည့္တင္းကာ ဟာလန္းကို ရီးရဲလ္၊ ခ်ယ္ဆီးတို႔ထက္ ေက်ာ္ျပီး ေခၚယူနိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
