ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (23/03/21)

ချယ်ဆီးအသင်းဟာ ဒီရာသီ ဆုဖလား ၂ ခု ယူနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေသေးပြီး အရယူနိုင်မယ်လို့လည်း အသင်းသားတွေက ယုံကြည်ထားကြောင်း ဘန်ချေးဝဲလ်က ဖွင့်ဟခဲ့ပါတယ်။ ချယ်ဆီးက အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် ဖလား လမ်းကြောင်းတွေမှာ ရှိနေပါတယ်။

ချယ်ဆီး ဂိုးသမား မန်ဒီဟာ သွား ခွဲစိတ်မှု ခံယူစရာ ရှိတာကြောင့် ဒီလထဲ ဆီနီဂေါ လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းဖို့ ပျက်ကွက်မှာ ဖြစ်ကြောင်း သိရပါတယ်။

ချယ်ဆီး အသင်း ပိုင်ရှင် အေဗရာမိုဗစ်ချ်က ၎င်းအကြောင်း မှားယွင်းတဲ့ သတင်းတွေ အင်္ဂလန်မှာ ထုတ်ေ၀ ရေးသားဖော်ပြနေတဲ့အပေါ် သူ့ရဲ့ ဥပဒေအဖွဲ့က တရားရေးအရ အရေးယူဖို့ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ကြေငြာလိုက်ကာ ကလပ်အသင်း ပုံရိပ် ထိခိုက်စေမယ့် မကောင်းမှုတွေ သူ မပြုလုပ်ကြောင်း အသိပေးခဲ့ပါတယ်။

ဆွမ်ဆီးမှာ အငှားထွက်ကစားနေတဲ့ ချယ်ဆီးခံစစ်မှူး မာ့ ဂူဟီဟာ ချန်ပီယံရှစ်မှာ ကောင်းစွာ ခြေစွမ်းပြနေပြီး နောက်ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရဖို့ အင်္ဂလန် U21 လက်ရွေးစင် ကစားသမားက ပစ်မှတ်ထားနေပါတယ်။

တူချယ်ရဲ့ ချယ်ဆီးဟာ ပြီးခဲ့တဲ့ ရှက်ဖီးကို ၂-၀ နဲ့ နိုင်တဲ့ ပွဲ အပြီးမှာ ပြိုင်ဘက်တွေကို ၇ ပွဲဆက် တစ်ဂိုးမှ မပေးတဲ့ မှတ်တမ်းကောင်း ရရှိသွားပြီး ကလပ်ရဲ့ ယခင်စံချိန်ဟောင်းတွေကို မှီသွားခဲ့ပါတယ်။

ချယ်ဆီး၊ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အပြိုင် ပစ်မှတ်ထားခြင်း ခံနေရတဲ့ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကတော့ လက်ရှိကလပ်နဲ့ စာချုပ် ၃ နှစ် ကျန်သေးတာကြောင့် အပြောင်းအရွှေ့ သတင်းတွေ အပေါ် မှတ်ချက် မပေးလိုကြောင်း ဆိုခဲ့ပြီး မက်ဆီ၊ ရော်နယ်ဒို တို့ လို ကြယ်ပွင့်တွေနဲ့ နှိုင်းယှဉ်ကြခြင်းကိုလည်း ငြင်းပယ်ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ဆုဖလား ၂ ခု ယူနိုင္တဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနေသးျပီး အရယူနိုင္မယ္လို႔လည္း အသင္းသားေတြက ယံုၾကည္ထားေၾကာင္း ဘန္ေခ်း၀ဲလ္က ဖြင့္ဟခဲ့ပါတယ္။ ခ်ယ္ဆီးက အက္ဖ္ေအဖလားနဲ႕ ခ်န္ပီယံလိဂ္ ဖလား လမ္းေၾကာင္းေတြမွာ ရွိေနပါတယ္။

ခ်ယ္ဆီး ဂိုးသမား မန္ဒီဟာ သြား ခြဲစိတ္မႈ ခံယူစရာ ရွိတာေၾကာင့္ ဒီလထဲ ဆီနီေဂါ လက္ေရြးစင္ အသင္းနဲ႕ သြားေရာက္ ပူးေပါင္းဖို႔ ပ်က္ကြက္မွာ ျဖစ္ေၾကာင္း သိရပါတယ္။

ခ်ယ္ဆီး အသင္း ပိုင္ရွင္ ေအဗရာမိုဗစ္ခ်္က ၄င္းအေၾကာင္း မွားယြင္းတဲ့ သတင္းေတြ အဂၤလန္မွာ ထုတ္ေ၀ ေရးသားေဖာ္ျပေနတဲ့အေပၚ သူ႔ရဲ႕ ဥပေဒအဖြဲ႕က တရားေရးအရ အေရးယူဖို႔ လုပ္ေဆာင္ေတာ့မွာ ျဖစ္ေၾကာင္း ေၾကျငာလိုက္ကာ ကလပ္အသင္း ပံုရိပ္ ထိခိုက္ေစမယ့္ မေကာင္းမႈေတြ သူ မျပဳလုပ္ေၾကာင္း အသိေပးခဲ့ပါတယ္။

ဆြမ္ဆီးမွာ အငွားထြက္ကစားေနတဲ့ ခ်ယ္ဆီးခံစစ္မွဴး မာ့ ဂူဟီဟာ ခ်န္ပီယံရွစ္မွာ ေကာင္းစြာ ေျခစြမ္းျပေနျပီး ေနာက္ေဘာလံုးရာသီမွာေတာ့ ပရီးမီးယားလိဂ္မွာ ကစားခြင့္ ရဖို႔ အဂၤလန္ U21 လက္ေရြးစင္ ကစားသမားက ပစ္မွတ္ထားေနပါတယ္။

တူခ်ယ္ရဲ႕ ခ်ယ္ဆီးဟာ ျပီးခဲ့တဲ့ ရွက္ဖီးကို ၂-၀ နဲ႕ နုိင္တဲ့ ပြဲ အျပီးမွာ ျပိဳင္ဘက္ေတြကို ၇ ပြဲဆက္ တစ္ဂိုးမွ မေပးတဲ့ မွတ္တမ္းေကာင္း ရရွိသြားျပီး ကလပ္ရဲ႕ ယခင္စံခ်ိန္ေဟာင္းေတြကို မွီသြားခဲ့ပါတယ္။

ခ်ယ္ဆီး၊ ယူနိုက္တက္နဲ႕ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ အျပိဳင္ ပစ္မွတ္ထားျခင္း ခံေနရတဲ့ ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းကေတာ့ လက္ရွိကလပ္နဲ႕ စာခ်ဳပ္ ၃ နွစ္ က်န္ေသးတာေၾကာင့္ အေျပာင္းအေရႊ႕ သတင္းေတြ အေပၚ မွတ္ခ်က္ မေပးလိုေၾကာင္း ဆိုခဲ့ျပီး မက္ဆီ၊ ေရာ္နယ္ဒို တို႔ လို ၾကယ္ပြင့္ေတြနဲ႕ ႏိႈင္းယွဥ္ၾကျခင္းကိုလည္း ျငင္းပယ္ခဲ့ပါတယ္။