ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (26/03/21)

ချယ်ဆီး ကွင်းလယ် ကစားသမား ကန်တေဟာ ယူကရိန်းနဲ့ ကစားတဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိသွားတာကြောင့် စတန်းဖို့ဘရစ်ချ် သို့ စော ပြန်လာဖို့ ရှိပြီး ပြင်သစ်အသင်းရဲ့ လက်ကျန် နောက်နှစ်ပွဲ ပါဝင်ကစားဖို့ လွဲချော်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းက ဆန်မာရီနို အသင်းကို ကြာသပတေးညက ပွဲမှာ ၅-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ပွဲ အပြီးမှာ ချယ်ဆီး ကွင်းလယ် မေဆန်မောင့်ရဲ့ ခြေစွမ်းကို သဘောကျ ချီးကျူးခဲ့ပါတယ်။

ကွင်းလယ်သမား ပူလီဆစ်ဟာ အမေရိကန်ရဲ့ ဂျမေကာနဲ့ ပွဲမှာ ၄၅ မိနစ် ဝင်ကစားခဲ့ပြီး ချယ်ဆီးနဲ့ တနင်္ဂနွေနေ့က ပွဲ ကစားခဲ့လို့သာ ပွဲချိန်ပြည့် မကစားစေခဲ့တာ ဖြစ်ကြောင်း အမေရိကန် လက်ရွေးစင် အသင်းနည်းပြ Gregg Berhalter က ဆိုခဲ့ပါတယ်။ ထိုပွဲမှာ အမေရိကန် ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

အငှား သွားရောက် ကစားနေတဲ့ ကလပ် အေစီမီလန်မှာပဲ ဆက်နေသွားဖို့ ချယ်ဆီး ခံစစ်မှူး တိုမိုရီက စိတ်အားထက်သန်နေတယ်လို့ သိရပြီး မီလန်ကလပ်ကလည်း ချယ်ဆီးနဲ့ အပြီးသတ် ဝယ်ယူဖို့ ညှိနှိုင်းလိုနေပြီ ဖြစ်ပါတယ်။

အင်တာမီလန် ခံစစ်မှူး ဟာကိမိရဲ့ အေးဂျင့် ဖြစ်သူကတော့ ၎င်း ကစားသမားရဲ့ အနာဂတ်မှာ အသင်းပြောင်းဖြစ်မလား မသေချာသေးကြောင်း ဝန်ခံခဲ့ပြီး အစွန်ခံစစ်သမားကို ချယ်ဆီးနဲ့ အာဆင်နယ် တို့က တောက်လျောက် စောင့်ကြည့်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ နောက်ဘောလုံးရာသီ ၂၀၂၁-၂၂ ရာသီအတွက် လိဂ်ပွဲတွေကို သြဂုတ်လ ၁၄ ရက်မှာ စတင်မှာ ဖြစ်ကြောင်း အတည်ပြု ကြေငြာခဲ့ပါတယ်။ လက်ရှိ ရာသီ နောက်ဆုံး ပွဲတွေကတော့ မေ ၂၃ မှာ တပြိုင်နက် ကစားကြမှာပါ။

Zawgyi – ခ်ယ္ဆီး ကြင္းလယ္ ကစားသမား ကန္ေတဟာ ယူကရိန္းနဲ႕ ကစားတဲ့ ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာ ရရွိသြားတာေၾကာင့္ စတန္းဖို႔ဘရစ္ခ်္ သို႔ ေစာ ျပန္လာဖို႔ ရွိျပီး ျပင္သစ္အသင္းရဲ႕ လက္က်န္ ေနာက္နွစ္ပြဲ ပါ၀င္ကစားဖို႔ လြဲေခ်ာ္ျပီ ျဖစ္ပါတယ္။

အဂၤလန္အသင္းက ဆန္မာရီနို အသင္းကို ၾကာသပေတးညက ပြဲမွာ ၅-၀ နဲ႕ ဂိုးျပတ္ အနုိုင္ရခဲ့ျပီး အဂၤလန္နည္းျပ ေဆာက္ဂိတ္ကေတာ့ ပြဲ အျပီးမွာ ခ်ယ္ဆီး ကြင္းလယ္ ေမဆန္ေမာင့္ရဲ႕ ေျခစြမ္းကို သေဘာက် ခ်ီးက်ဴးခဲ့ပါတယ္။

ကြင္းလယ္သမား ပူလီဆစ္ဟာ အေမရိကန္ရဲ႕ ဂ်ေမကာနဲ႕ ပြဲမွာ ၄၅ မိနစ္ ၀င္ကစားခဲ့ျပီး ခ်ယ္ဆီးနဲ႕ တနဂၤေႏြေန႔က ပြဲ ကစားခဲ့လို႔သာ ပြဲခ်ိန္ျပည့္ မကစားေစခဲ့တာ ျဖစ္ေၾကာင္း အေမရိကန္ လက္ေရြးစင္ အသင္းနည္းျပ Gregg Berhalter က ဆိုခဲ့ပါတယ္။ ထိုပြဲမွာ အေမရိကန္ ၄-၁ နဲ႕ အနုိင္ရခဲ့ပါတယ္။

အငွား သြားေရာက္ ကစားေနတဲ့ ကလပ္ ေအစီမီလန္မွာပဲ ဆက္ေနသြားဖို႔ ခ်ယ္ဆီး ခံစစ္မွဴး တိုမိုရီက စိတ္အားထက္သန္ေနတယ္လို႔ သိရျပီး မီလန္ကလပ္ကလည္း ခ်ယ္ဆီးနဲ႕ အျပီးသတ္ ၀ယ္ယူဖို႔ ညွိနိႈင္းလိုေနျပီ ျဖစ္ပါတယ္။

အင္တာမီလန္ ခံစစ္မွဴး ဟာကိမိရဲ႕ ေအးဂ်င့္ ျဖစ္သူကေတာ့ ၄င္း ကစားသမားရဲ႕ အနာဂတ္မွာ အသင္းေျပာင္းျဖစ္မလား မေသခ်ာေသးေၾကာင္း ၀န္ခံခဲ့ျပီး အစြန္ခံစစ္သမားကို ခ်ယ္ဆီးနဲ႕ အာဆင္နယ္ တို႔က ေတာက္ေလ်ာက္ ေစာင့္ၾကည့္ေနပါတယ္။

ပရီးမီးယားလိဂ္ဟာ ေနာက္ေဘာလံုးရာသီ ၂၀၂၁-၂၂ ရာသီအတြက္ လိဂ္ပြဲေတြကို ၾသဂုတ္လ ၁၄ ရက္မွာ စတင္မွာ ျဖစ္ေၾကာင္း အတည္ျပဳ ေၾကျငာခဲ့ပါတယ္။ လက္ရွိ ရာသီ ေနာက္ဆံုး ပြဲေတြကေတာ့ ေမ ၂၃ မွာ တျပိဳင္နက္ ကစားၾကမွာပါ။