မန်စီးတီးပွဲအပြီး ဟာလန်းကို အမှတ်တရ လက်မှတ်ထိုးခိုင်းတဲ့ ဒိုင်လူကြီး ကိစ္စ ဂွာဒီယိုလာ တုန့်ပြန်

မန်စီးတီးနဲ့ ဒေါ့မွန်ပွဲအပြီးမှာ လက်ထောက် ဒိုင်လူကြီးက အဝတ်လဲခန်းအတွင်း ပြန်ဝင်သွားတော့မယ့် နှစ်ဘက် ကစားသမားတွေကို စောင့်နေခဲ့ကာ ဟာလန်းထံက လက်မှတ်ကို ရယူခဲ့ပါတယ်။

အဆိုပါ ကိစ္စကို မြင်ခဲ့တဲ့ အင်္ဂလန်ရုပ်သံတွေမှာ ပွဲသုံးသပ်မှုတွေ လုပ်နေသူတွေက ဒိုင်လူကြီးတစ်ယောက်ဟာ ကစားသမားတစ်ယောက်ထံက လက်မှတ်တောင်းယူတာမျိုး မဖြစ်သင့်ဘူးလို့ ဝေဖန်ခဲ့ကြတယ်။ ဂွာဒီယိုလာကတော့ အဆိုပါကိစ္စအတွက် အကောင်းမြင်တဲ့ မှတ်ချက်ပေးခဲ့ပြီး သူလည်း မမြင်ဖူးပေမယ့် တောင်းခွင့်ရှိပါတယ်လို့ ဆိုပါတယ်။

ဂွာဒီယိုလာက ” သူတို့ ပြောပြတယ်ဗျ။ ကျနော် ကိုယ်တိုင်တော့ မမြင်ခဲ့ပါဘူး။ ” ဆိုပြီး ဟာလန်းထံက လက်မှတ်ရဖို့ ဒိုင်လူကြီးက ကြိုးစားခဲ့တဲ့ ကိစ္စအပေါ် မှတ်ချက်ပေးပါတယ်။

သူကပဲ ” သူက ဟာလန်းရဲ့ ပရိသတ်တစ်ယောက် ဖြစ်ရင်ဖြစ်မှာပေါ့၊ အဲ့တော့ ဘာလို့ တောင်းခွင့် မရှိရမှာလဲ? အိမ်က သားနဲ့ သမီးတွေအတွက် တောင်းပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အဲ့လိုကိစ္စမျိုး တစ်ခါမှတော့ မမြင်ဖူးပါဘူး။ ဒါပေမယ့် သူတို့ အကောင်းဆုံးလုပ်ခဲ့တာပါပဲ။

ဒိုင်လူကြီးတွေက ပွဲထဲမှာ ထူးချွန်ခဲ့ပါတယ်။ ပွဲထဲမှာလည်း ပြဿနာမရှိခဲ့ဘဲ VAR ကြည့်ပြီးနောက် ပင်နယ်တီ မဟုတ်ခဲ့ဘူးလို့ ပြောတယ်။ လူတွေကလည်း ပင်နယ်တီ မဟုတ်ခဲ့ဘူး ပြောပါတယ်။ ဘယ်လင်ဟမ်ရဲ့ ကိစ္စမှာ သူ့ရဲ့ ခြေထောက်က လိုအပ်တာထက် ပိုမြောက်ခဲ့တာပါ။ ဒီတော့ စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်။ ” လို့ ဆက်ပြောခဲ့တာဖြစ်ပါတယ်။

ZAWGYI – မန္စီးတီးနဲ႔ ေဒါ့မြန္ပြဲအျပီးမွာ လက္ေထာက္ ဒိုင္လူၾကီးက အဝတ္လဲခန္းအတြင္း ျပန္ဝင္သြားေတာ့မယ့္ ႏွစ္ဘက္ ကစားသမားေတြကို ေစာင့္ေနခဲ့ကာ ဟာလန္းထံက လက္မွတ္ကို ရယူခဲ့ပါတယ္။

အဆိုပါ ကိစၥကို ျမင္ခဲ့တဲ့ အဂၤလန္ရုပ္သံေတြမွာ ပြဲသံုးသပ္မႈေတြ လုပ္ေနသူေတြက ဒိုင္လူၾကီးတစ္ေယာက္ဟာ ကစားသမားတစ္ေယာက္ထံက လက္မွတ္ေတာင္းယူတာမ်ိဳး မျဖစ္သင့္ဘူးလို႔ ေဝဖန္ခဲ့ၾကတယ္။ ဂြာဒီယိုလာကေတာ့ အဆိုပါကိစၥအတြက္ အေကာင္းျမင္တဲ့ မွတ္ခ်က္ေပးခဲ့ျပီး သူလည္း မျမင္ဖူးေပမယ့္ ေတာင္းခြင့္ရွိပါတယ္လို႔ ဆိုပါတယ္။

ဂြာဒီယိုလာက ” သူတို႔ ေျပာျပတယ္ဗ်။ က်ေနာ္ ကိုယ္တုိင္ေတာ့ မျမင္ခဲ့ပါဘူး။ ” ဆိုျပီး ဟာလန္းထံက လက္မွတ္ရဖို႔ ဒိုင္လူၾကီးက ၾကိဳးစားခဲ့တဲ့ ကိစၥအေပၚ မွတ္ခ်က္ေပးပါတယ္။

သူကပဲ ” သူက ဟာလန္းရဲ႕ ပရိသတ္တစ္ေယာက္ ျဖစ္ရင္ျဖစ္မွာေပါ့၊ အဲ့ေတာ့ ဘာလို႔ ေတာင္းခြင့္ မရွိရမွာလဲ? အိမ္က သားနဲ႔ သမီးေတြအတြက္ ေတာင္းေပးခဲ့တာလည္း ျဖစ္ႏုိင္ပါတယ္။ အဲ့လိုကိစၥမ်ိဳး တစ္ခါမွေတာ့ မျမင္ဖူးပါဘူး။ ဒါေပမယ့္ သူတို႔ အေကာင္းဆံုးလုပ္ခဲ့တာပါပဲ။

ဒိုင္လူၾကီးေတြက ပြဲထဲမွာ ထူးခၽြန္ခဲ့ပါတယ္။ ပြဲထဲမွာလည္း ျပႆနာမရွိခဲ့ဘဲ VAR ၾကည့္ျပီးေနာက္ ပင္နယ္တီ မဟုတ္ခဲ့ဘူးလို႔ ေျပာတယ္။ လူေတြကလည္း ပင္နယ္တီ မဟုတ္ခဲ့ဘူး ေျပာပါတယ္။ ဘယ္လင္ဟမ္ရဲ႕ ကိစၥမွာ သူ႔ရဲ႕ ေျခေထာက္က လိုအပ္တာထက္ ပိုေျမာက္ခဲ့တာပါ။ ဒီေတာ့ စည္းၾကပ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္က မွန္ကန္ပါတယ္။ ” လို႔ ဆက္ေျပာခဲ့တာျဖစ္ပါတယ္။