၀က်စ်ဟမ်းအသင်းဟာ အငှား ခေါ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို လာမယ့် နွေမှာ မဖြစ် ဖြစ်အောင် အရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီလို့ သိရပါတယ်။ ယူနိုက်တက်ကတော့ ဒီ အနေအထားကို အခွင့်ကောင်း ယူကာ လင်ဂတ် အတွက် တန်ကြေးမြင့် သတ်မှတ်လိုက်ပါတယ်။
လင်ဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ဝက်စ်ဟမ်း အသင်း ထံ အငှားထွက် ကစားခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်မှာတော့ အင်္ဂလန်သားဟာ ခြေစွမ်းကောင်းတွေ ပြန်ရနေပြီး ဝက်စ်ဟမ်း အားထားရတဲ့ အသင်းသား ဖြစ်လာပါတယ်။
ဒါပေမယ့် လင်ဂတ်ကို အပြီး ခေါ်ယူဖို့ အငှား စာချုပ်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒီရာသီ အခြေအနေကောင်းနေတဲ့ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အမြင့်ပိုင်း တက်ဖို့ ဆက်လက် တွန်းအားပေး ကြိုးစားနေပြီး ဒေးဗစ် မိုယက်စ် အသင်းမှာ လင်ဂတ်က အဓိက အသင်းသား တစ်ဦး ဖြစ်လာနေပါတယ်။
ဒါကြောင့် ဝက်စ်ဟမ်းက လင်ဂတ်ကို ဘယ်လို ဖြစ်ဖြစ် အရ ခေါ်သွားမယ်လို့ စကိုင်းစပေါ့ထံ အသင်း တာဝန်ရှိသူ တစ်ဦးက ဖွင့်ဟထားပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကတော့ အသင်း အကယ်ဒမီထွက် တိုက်စစ်သမား လင်ဂတ် အတွက် တန်ကြေးကို ပေါင် သန်း ၃၀ လို့ သတ်မှတ်ပေးလိုက်ပါတယ်။
လင်ဂတ်က ဒီရာသီ လိဂ် ပွဲ ၈ ပွဲ ကစားပြီး ၆ ဂိုး သွင်းယူထားခဲ့ကာ ပြီးခဲ့တဲ့ တနင်္လာက ဝုဗ်နဲ့ ပွဲမှာ တစ်ဦးတည်း အစွမ်းပြ ဂိုး တစ်ဂိုး လှလှပပ သွင်းယူပြခဲ့ပါသေးတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ရာသီကုန် အငှားပြီးဆုံးချိန်မှာ လင်ဂတ်ကို ယူနိုက်တက်ထံ ပြန်ခေါ်ဖို့ စဉ်းစားနေကြောင်းလည်း ဖွင့်ဟထားပါတယ်။
Zawgyi – ၀က္စ္ဟမ္းအသင္းဟာ အငွား ေခၚထားတဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ကို လာမယ့္ ေႏြမွာ မျဖစ္ ျဖစ္ေအာင္ အရ ေခၚယူဖို႔ ဆံုးျဖတ္ထားျပီလို႔ သိရပါတယ္။ ယူနိုက္တက္ကေတာ့ ဒီ အေနအထားကို အခြင့္ေကာင္း ယူကာ လင္ဂတ္ အတြက္ တန္ေၾကးျမင့္ သတ္မွတ္လိုက္ပါတယ္။
လင္ဂတ္ဟာ အိုးထရက္ဖို႔ဒ္မွာ ရုန္းကန္ေနရတာေၾကာင့္ ျပီးခဲ့တဲ့ ဇန္န၀ါရီက ၀က္စ္ဟမ္း အသင္း ထံ အငွားထြက္ ကစားခဲ့တာ ျဖစ္ပါတယ္။ လန္ဒန္မွာေတာ့ အဂၤလန္သားဟာ ေျခစြမ္းေကာင္းေတြ ျပန္ရေနျပီး ၀က္စ္ဟမ္း အားထားရတဲ့ အသင္းသား ျဖစ္လာပါတယ္။
ဒါေပမယ့္ လင္ဂတ္ကို အျပီး ေခၚယူဖို႔ အငွား စာခ်ဳပ္မွာ ထည့္သြင္းထားျခင္း မရွိပါဘူး။ ဒီရာသီ အေျခအေနေကာင္းေနတဲ့ ၀က္စ္ဟမ္းဟာ ပရီးမီးယားလိဂ္မွာ အမွတ္ေပးဇယား အျမင့္ပိုင္း တက္ဖို႔ ဆက္လက္ တြန္းအားေပး ၾကိဳးစားေနျပီး ေဒးဗစ္ မိုယက္စ္ အသင္းမွာ လင္ဂတ္က အဓိက အသင္းသား တစ္ဦး ျဖစ္လာေနပါတယ္။
ဒါေၾကာင့္ ၀က္စ္ဟမ္းက လင္ဂတ္ကို ဘယ္လို ျဖစ္ျဖစ္ အရ ေခၚသြားမယ္လို႔ စကိုင္းစေပါ့ထံ အသင္း တာ၀န္ရွိသူ တစ္ဦးက ဖြင့္ဟထားပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ ကေတာ့ အသင္း အကယ္ဒမီထြက္ တိုက္စစ္သမား လင္ဂတ္ အတြက္ တန္ေၾကးကို ေပါင္ သန္း ၃၀ လို႔ သတ္မွတ္ေပးလိုက္ပါတယ္။
လင္ဂတ္က ဒီရာသီ လိဂ္ ပြဲ ၈ ပြဲ ကစားျပီး ၆ ဂိုး သြင္းယူထားခဲ့ကာ ျပီးခဲ့တဲ့ တနလၤာက ၀ုဗ္နဲ႕ ပြဲမွာ တစ္ဦးတည္း အစြမ္းျပ ဂိုး တစ္ဂိုး လွလွပပ သြင္းယူျပခဲ့ပါေသးတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ရာသီကုန္ အငွားျပီးဆံုးခ်ိန္မွာ လင္ဂတ္ကို ယူနိုက္တက္ထံ ျပန္ေခၚဖို႕ စဥ္းစားေနေၾကာင္းလည္း ဖြင့္ဟထားပါတယ္။